အာဆင်နယ်နဲ့ အက်စတွန်ဗီလာပွဲ အတွက် မိုက်ကယ်အိုဝင် သုံးသပ်ခန့်မှန်းချက်

မြောက်လန်ဒန်ကလပ် အာဆင်နယ် အသင်းဟာ အက်စတွန်ဗီလာ ဒီတစ်ပတ် ပရီးမီးယားလိဂ်မှာ အက်စတွန်ဗီလာ အသင်းနဲ့ ထိပ်တိုက် တွေ့ဆုံနေပြီး အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ပွဲချိန် ကတော့ လာမယ့် နိုဝင်ဘာလ ၉ (တနင်္လာနေ့) နံနက် ၁း၄၅ နာရီ မှာပါ။

ဒီပွဲစဉ်အတွက် နာမည်ကျော် ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

အိုဝင်က – ” အာဆင်နယ်ဟာ ပြီးခဲ့တဲ့ အပတ်က အိုးထရက်ဖို့ဒ်မှာ အကောင်းဆုံး နိုင်ပွဲ ရယူခဲ့ပါတယ်။ မီခေးလ် အာတီတာက သူ့အသင်းကို ပြီးပြည့်စုံစွာ ခင်းကျင်းနိုင်ခဲ့ပြီး အရှိန်အဟုန်ကောင်း ကိုလည်း ဒီပွဲမှာ ဆက်ထိန်းသွားဖို့ ရှိနေပါတယ်။

အက်စတွန်ဗီလာကတော့ ပြီးခဲ့တဲ့ အပတ်က ဆောက်သမ်တန်နဲ့ပွဲမှာ သွင်းဂိုးတွေ ဦးဆောင်ခြင်းခံထားရကနေ ချေပဂိုးတွေ ပြန်သွင်းနိုင်ခဲ့ပေမယ့် ရှုံးနိမ့်ထားခဲ့ကာ ဒင်းစမစ် အသင်းက ရှုံးပွဲ ၂ ပွဲ ဆက် ခဲ့ပြီ ဖြစ်ပါတယ်။ ဒီတစ်ပတ် ပွဲကလည်း ဗီလာ အတွက် ခက်ခဲတဲ့ ပွဲ ပါ။ အာဆင်နယ်ကပဲ သူတို့ အစွယ်ကို ထုတ်ပြသွားဖို့ ရှိပြီး အိမ်ရှင် အသင်းက ဗီလာကို သက်တောင့် သက်သာ အနိုင်ယူသွားပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ ပထမပိုင်းပြီးရော ပွဲပြီးရလဒ်ပါ အာဆင်နယ် အနိုင် ပါ။

Zawgyi – ေျမာက္လန္ဒန္ကလပ္ အာဆင္နယ္ အသင္းဟာ အက္စတြန္ဗီလာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္မွာ အက္စတြန္ဗီလာ အသင္းနဲ႕ ထိပ္တိုက္ ေတြ႔ဆံုေနျပီး အိမ္ကြင္း အမ္းမရိတ္မွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ပြဲခ်ိန္ ကေတာ့ လာမယ့္ နုိ၀င္ဘာလ ၉ (တနလၤာေန႔) နံနက္ ၁း၄၅ နာရီ မွာပါ။

ဒီပြဲစဥ္အတြက္ နာမည္ေက်ာ္ ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

အို၀င္က – ” အာဆင္နယ္ဟာ ျပီးခဲ့တဲ့ အပတ္က အိုးထရက္ဖို႔ဒ္မွာ အေကာင္းဆံုး နုိင္ပြဲ ရယူခဲ့ပါတယ္။ မီေခးလ္ အာတီတာက သူ႔အသင္းကို ျပီးျပည့္စံုစြာ ခင္းက်င္းနုိင္ခဲ့ျပီး အရွိန္အဟုန္ေကာင္း ကိုလည္း ဒီပြဲမွာ ဆက္ထိန္းသြားဖို႔ ရွိေနပါတယ္။

အက္စတြန္ဗီလာကေတာ့ ျပီးခဲ့တဲ့ အပတ္က ေဆာက္သမ္တန္နဲ႕ပြဲမွာ သြင္းဂိုးေတြ ဦးေဆာင္ျခင္းခံထားရကေန ေခ်ပဂိုးေတြ ျပန္သြင္းနုိင္ခဲ့ေပမယ့္ ရွံဳးနိမ့္ထားခဲ့ကာ ဒင္းစမစ္ အသင္းက ရွံဳးပြဲ ၂ ပြဲ ဆက္ ခဲ့ျပီ ျဖစ္ပါတယ္။ ဒီတစ္ပတ္ ပြဲကလည္း ဗီလာ အတြက္ ခက္ခဲတဲ့ ပြဲ ပါ။ အာဆင္နယ္ကပဲ သူတို႔ အစြယ္ကို ထုတ္ျပသြားဖို႔ ရွိျပီး အိမ္ရွင္ အသင္းက ဗီလာကို သက္ေတာင့္ သက္သာ အနုိင္ယူသြားပါလိမ့္မယ္။ ” လို႔ သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ ပထမပိုင္းျပီးေရာ ပြဲျပီးရလဒ္ပါ အာဆင္နယ္ အနိုင္ ပါ။