ရာသီအစောပိုင်းမှာ အမှတ်ပေးဇယားကို ကျနော်တို့ ထိုင်ကြည့် မနေပါဘူး – မက်ဂွဲရား

မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနေ့ည ဂွတ်ဒီဆင်ပါ့ခ်မှာ အဲဗာတန်ကို သွားရောက် ရင်ဆိုင်ခဲ့ရာ ဖာနန်ဒက်စ်၊ ကာဗာနီ တို့ သွင်းဂိုးတွေနဲ့ ၃ဂိုး ၁ဂိုး အနိုင်ရခဲ့ကာ ဖိအားတွေကို လျှော့ချနိုင်ပါတယ်။ ဒီနိုင်ပွဲ အပြီးမှာ ယူနိုက်တက်က အမှတ်ပေးဇယား အဆင့် ၁၃ နေရာသို့ တက်လာခဲ့ပါတယ်။

အဲဗာတန်နဲ့ မကန်ခင်က ယူနိုက်တက်က အဆင့် ၁၅ နေရာမှာသာ ရှိနေခဲ့တာပါ။ ဒါပေမယ့် ဒီည နိုင်ပွဲ အပြီး အင်တာဗျူးမှာတော့ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားက ဘောလုံးရာသီ အစောပိုင်းကာလမှာ သူတို့တွေက အမှတ်ပေးဇယားက အမှတ်တွေကို ကြည့်ပြီး ခံစား မနေကြောင်း ပြောဆိုခဲ့ပါတယ်။

” ဒီနေ့ပွဲကနေ သုံးမှတ် ရကို ရမှ ဖြစ်မယ် ဆိုတာ ကျနော်တို့ သိခဲ့ပါတယ်။ အခုက ဘောလုံးရာသီ အစောပိုင်းပဲ ရှိသေးတာပါ။ အမှတ်ပေးဇယားက အမှတ်တွေကို ကျနော်တို့ သိပ် လိုက်ကြည့် မနေပါဘူး။ ဒါပေမယ့် အခုထိ ကျနော်တို့ ယူထားတဲ့ ရမှတ်တွေက ဒီကလပ် အသင်းအတွက် မလုံလောက်ဘူး ဆိုတာ မှန်ပါတယ်။

ကျရှုံးမှုတွေ ကြုံတိုင်း ပြန်ရုန်းထနိုင်ဖို့ပဲ လိုတာပါ ဒါကို နယူးကာဆယ်မှာလည်း ကျနော်တို့ လုပ်ပြခဲ့တယ်။ ဒီနေ့ပွဲမှာဆို ကျနော်တို့ ပွဲကို သိပ်ကောင်းကောင်း စတင်နိုင်ခဲ့တယ်။ ဒါပေမယ့် ဂိုး အရင်ပေးလိုက်ရတာက စိတ်ပျက်ဖို့ ကောင်းပါတယ် ဒိထက်ပိုပြီး ကာကွယ်နိုင် ခဲ့သင့်တာပေါ့။

ကျနေ်ာတို့ မေးခွန်းထုတ်ခံရတွေ ရင်ဆိုင်ရတယ် ဒါပေမယ့် ဒါတွေကို မိနစ် ၉၀ အတွင်းမှာပဲ ကျနေ်ာတို့က ဖြေကြားတာ မဟုတ်ဘူး။ နေ့စဉ်နဲ့ အမျှ အားထုတ် လုပ်ဆောင်မှုတွေနဲ့ပဲ ဖြေရှင်းတာပါ။ ကျနော့်ကောင်တွေဆို ဒီအသင်းအတွက် မမောတမ်းကို အားထုတ် အလုပ်လုပ်နေကြတယ်။ လူတိုင်းက ပိုကောင်းလာတာ သက်သေပြချင်ကြတယ်။ မန်နေဂျာကလည်း အသင်းသားတွေကို ထရိန်နင်မှာ သေချာ ထိန်းကျောင်းတယ်။

အစစ္တန်ဘူလ်မှာ စိတ်ပျက်စရာ ည ဖြစ်ခဲ့တယ်။ အဝတ်လဲခန်းထဲက အယောက်စီတိုင်း ဒါကို ခံစားပြီး လက်ချင်းတွဲ ပြန်ရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။ တကယ်ကိုလည်း အုပ်စုကောင်း အနေနဲ့ ပြန် အားထုတ်ပြီး ကျော်ဖြတ် ပြနိုင်ခဲ့ပါပြီ။ ” လို့ မက်ဂွဲရားက အဲဗာတန်နဲ့ ပွဲ အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီေန႔ည ဂြတ္ဒီဆင္ပါ့ခ္မွာ အဲဗာတန္ကို သြားေရာက္ ရင္ဆိုင္ခဲ့ရာ ဖာနန္ဒက္စ္၊ ကာဗာနီ တို႔ သြင္းဂိုးေတြနဲ႕ ၃ဂိုး ၁ဂိုး အနုိင္ရခဲ့ကာ ဖိအားေတြကို ေလွ်ာ့ခ်နိုင္ပါတယ္။ ဒီနိုင္ပြဲ အျပီးမွာ ယူနိုက္တက္က အမွတ္ေပးဇယား အဆင့္ ၁၃ ေနရာသို႔ တက္လာခဲ့ပါတယ္။

အဲဗာတန္နဲ႕ မကန္ခင္က ယူနိုက္တက္က အဆင့္ ၁၅ ေနရာမွာသာ ရွိေနခဲ့တာပါ။ ဒါေပမယ့္ ဒီည နုိင္ပြဲ အျပီး အင္တာဗ်ဴးမွာေတာ့ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားက ေဘာလံုးရာသီ အေစာပိုင္းကာလမွာ သူတို႔ေတြက အမွတ္ေပးဇယားက အမွတ္ေတြကို ၾကည့္ျပီး ခံစား မေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

” ဒီေန႔ပြဲကေန သံုးမွတ္ ရကို ရမွ ျဖစ္မယ္ ဆိုတာ က်ေနာ္တို႔ သိခဲ့ပါတယ္။ အခုက ေဘာလံုးရာသီ အေစာပိုင္းပဲ ရွိေသးတာပါ။ အမွတ္ေပးဇယားက အမွတ္ေတြကို က်ေနာ္တို႔ သိပ္ လိုက္ၾကည့္ မေနပါဘူး။ ဒါေပမယ့္ အခုထိ က်ေနာ္တို႔ ယူထားတဲ့ ရမွတ္ေတြက ဒီကလပ္ အသင္းအတြက္ မလံုေလာက္ဘူး ဆိုတာ မွန္ပါတယ္။

က်ရွံဳးမႈေတြ ၾကံဳတိုင္း ျပန္ရုန္းထနိုင္ဖို႔ပဲ လိုတာပါ ဒါကို နယူးကာဆယ္မွာလည္း က်ေနာ္တို႔ လုပ္ျပခဲ့တယ္။ ဒီေန႔ပြဲမွာဆို က်ေနာ္တို႔ ပြဲကို သိပ္ေကာင္းေကာင္း စတင္နုိင္ခဲ့တယ္။ ဒါေပမယ့္ ဂိုး အရင္ေပးလိုက္ရတာက စိတ္ပ်က္ဖို႔ ေကာင္းပါတယ္ ဒိထက္ပိုျပီး ကာကြယ္နိုင္ ခဲ့သင့္တာေပါ့။

က်ေန္ာတို႕ ေမးခြန္းထုတ္ခံရေတြ ရင္ဆုိင္ရတယ္ ဒါေပမယ့္ ဒါေတြကို မိနစ္ ၉၀ အတြင္းမွာပဲ က်ေန္ာတို႔က ေျဖၾကားတာ မဟုတ္ဘူး။ ေန႔စဥ္နဲ႕ အမွ် အားထုတ္ လုပ္ေဆာင္မႈေတြနဲ႕ပဲ ေျဖရွင္းတာပါ။ က်ေနာ့္ေကာင္ေတြဆို ဒီအသင္းအတြက္ မေမာတမ္းကို အားထုတ္ အလုပ္လုပ္ေနၾကတယ္။ လူတိုင္းက ပိုေကာင္းလာတာ သက္ေသျပခ်င္ၾကတယ္။ မန္ေနဂ်ာကလည္း အသင္းသားေတြကို ထရိန္နင္မွာ ေသခ်ာ ထိန္းေက်ာင္းတယ္။

အစစၱန္ဘူလ္မွာ စိတ္ပ်က္စရာ ည ျဖစ္ခဲ့တယ္။ အ၀တ္လဲခန္းထဲက အေယာက္စီတိုင္း ဒါကို ခံစားျပီး လက္ခ်င္းတြဲ ျပန္ရင္ဆိုင္ဖို႔ ဆံုးျဖတ္ခဲ့တယ္။ တကယ္ကိုလည္း အုပ္စုေကာင္း အေနနဲ႕ ျပန္ အားထုတ္ျပီး ေက်ာ္ျဖတ္ ျပနိုင္ခဲ့ပါျပီ။ ” လို႔ မက္ဂြဲရားက အဲဗာတန္နဲ႕ ပြဲ အျပီးမွာ ေျပာဆိုသြားခဲ့ပါတယ္။