ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (08/11/20)

ယူနိုက်တက်ဟာ အဲဗာတန်ကို ၃-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ဖိအားတွေ ရှိနေတဲ့ နည်းပြ ဆိုးလ်ရှားရဲ့ အနာဂတ်အတွက် တိုက်ပွဲဝင်ချင်ခဲ့တဲ့ အင်အားတွေနဲ့ စည်းလုံးမှုရှိတဲ့ အသင်းကို မြင်တွေ့ခဲ့ရတယ်လို့ ဒန်နီမာဖီက ချီးကျူးပြောဆိုခဲ့ပါတယ်။

အဲဗာတန်ကို အနိုင်ရခဲ့ပေမယ့် တူရကီကို သွားကစားခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲအပြီး အဝေးကွင်းထပ်ကစားခဲ့ရတဲ့အပေါ် ဆိုးလ်ရှားက ဒေါသ ဖြစ်နေခဲ့ပြီး ပြည့်ကျပ်နေတဲ့ ပွဲချိန်ဇယားက အသင်းသားတွေရဲ့ဒဏ်ရာပြဿနာကို ဆွပေးနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်ဟာ ၂ဂိုးသွင်း ၁ဂိုးဖန်တီးနိုင်ခဲ့ပေမယ့် ဆိုးလ်ရှားက သူ့ကို စိတ်ပျက်နေပြီး ၎င်းဟာ တခါတလေ ရှိသင့်တဲ့နေရာမှာ မရှိတာ ဖြစ်သလို နေရာယူတဲ့အပိုင်းမှာ စည်းကမ်းပိုရှိဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။

မနေ့ကပွဲမှာ မာတာရဲ့ ဖရီးကစ်ကို ဂျော်ဒန်ပစ်ဖို့ဒ် ကာကွယ်ဖို့ ကြိုးစားရင်း မက်ဂွိုင်းယားကို ကန်မိခဲ့ပေမယ့် ကွင်းလယ်ဒိုင်က ပင်နယ်တီ မသတ်မှတ်ခဲ့သလို ပစ်ဖို့ဒ်က သူ့ကို ပြစ်ဒဏ်မကျူးလွန်ခဲ့ပါဘူးလို့ ပွဲအပြီးမှာ မက်ဂွိုင်းယားက ဝန်ခံခဲ့ပါတယ်။

ကာဗာနီဟာ ပရီးမီးယားလိဂ်မှာ ပထမဆုံးသွင်းဂိုး ရရှိခဲ့ပေမယ့် အသက် ၃၃နှစ်အရွယ်မှာ သူ့ရဲ့အကောင်းဆုံးပုံစံ မရရှိနိုင်ဘူးလို့ မိုက်ကယ် အိုဝင်က စိုးရိမ်နေသလို ဆိုးလ်ရှားကတော့ သူ ပိုကောင်းလာဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။

တစ်ကိုယ်ကောင်းမဆန်ပဲ အသင်းအတွက် ဦးစားပေးကူညီခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်ရဲ့ အဓိကခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်ပြီး စတီဗင်ဂျရတ်လိုမျိုး ဖြစ်လာလိမ့်မယ်လို့ ရီယိုဖာဒီနန်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ZAWGYI

ယူႏိုက္တက္ဟာ အဲဗာတန္ကို ၃-၁နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ဖိအားေတြ ရွိေနတဲ့ နည္းျပ ဆိုးလ္ရွားရဲ႕ အနာဂတ္အတြက္ တိုက္ပြဲဝင္ခ်င္ခဲ့တဲ့ အင္အားေတြနဲ႔ စည္းလုံးမႈရွိတဲ့ အသင္းကို ျမင္ေတြ႕ခဲ့ရတယ္လို႔ ဒန္နီမာဖီက ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အဲဗာတန္ကို အႏိုင္ရခဲ့ေပမယ့္ တူရကီကို သြားကစားခဲ့ရတဲ့ ခ်န္ပီယံလိဂ္ပြဲအၿပီး အေဝးကြင္းထပ္ကစားခဲ့ရတဲ့အေပၚ ဆိုးလ္ရွားက ေဒါသ ျဖစ္ေနခဲ့ၿပီး ျပည့္က်ပ္ေနတဲ့ ပြဲခ်ိန္ဇယားက အသင္းသားေတြရဲ႕ဒဏ္ရာျပႆနာကို ဆြေပးေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ၂ဂိုးသြင္း ၁ဂိုးဖန္တီးႏိုင္ခဲ့ေပမယ့္ ဆိုးလ္ရွားက သူ႔ကို စိတ္ပ်က္ေနၿပီး ၎ဟာ တခါတေလ ရွိသင့္တဲ့ေနရာမွာ မရွိတာ ျဖစ္သလို ေနရာယူတဲ့အပိုင္းမွာ စည္းကမ္းပိုရွိဖို႔လိုတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မေန႔ကပြဲမွာ မာတာရဲ႕ ဖရီးကစ္ကို ေဂ်ာ္ဒန္ပစ္ဖို႔ဒ္ ကာကြယ္ဖို႔ ႀကိဳးစားရင္း မက္ဂြိဳင္းယားကို ကန္မိခဲ့ေပမယ့္ ကြင္းလယ္ဒိုင္က ပင္နယ္တီ မသတ္မွတ္ခဲ့သလို ပစ္ဖို႔ဒ္က သူ႔ကို ျပစ္ဒဏ္မက်ဴးလြန္ခဲ့ပါဘူးလို႔ ပြဲအၿပီးမွာ မက္ဂြိဳင္းယားက ဝန္ခံခဲ့ပါတယ္။

ကာဗာနီဟာ ပရီးမီးယားလိဂ္မွာ ပထမဆုံးသြင္းဂိုး ရရွိခဲ့ေပမယ့္ အသက္ ၃၃ႏွစ္အ႐ြယ္မွာ သူ႔ရဲ႕အေကာင္းဆုံးပုံစံ မရရွိႏိုင္ဘူးလို႔ မိုက္ကယ္ အိုဝင္က စိုးရိမ္ေနသလို ဆိုးလ္ရွားကေတာ့ သူ ပိုေကာင္းလာဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

တစ္ကိုယ္ေကာင္းမဆန္ပဲ အသင္းအတြက္ ဦးစားေပးကူညီခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ယူႏိုက္တက္ရဲ႕ အဓိကေခါင္းေဆာင္တစ္ေယာက္ ျဖစ္လာႏိုင္ၿပီး စတီဗင္ဂ်ရတ္လိုမ်ိဳး ျဖစ္လာလိမ့္မယ္လို႔ ရီယိုဖာဒီနန္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။