ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (08/11/20)

ချယ်ဆီးအသင်းဟာ ညက ရှက်ဖီးနဲ့ ပရီးမီးယားလိဂ်ပွဲမှာ အေဗရာဟမ်၊ ဘန်ချေးဝဲလ်၊ သီယေဂို ဆေးလ်ဗား၊ တီမိုဗာနာတို့ သွင်းဂိုးတွေနဲ့ ၄ဂိုး ၁ဂိုး ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

နောက်ဆုံး ၁၁ပွဲဆက် ရှုံးပွဲမရှိခဲ့တဲ့ ချယ်ဆီးဟာ လိဂ်အမှတ်ပေးဇယားအဆင့်၃နေရာကို တက်ခဲ့ပေမယ့် စီးတီး၊ လီဗာပူးတို့ရဲ့အဆင့်နဲ့ မနီးစပ်သေးသလို အများကြီးကြိုးစားဖို့ လိုသေးတယ်လို့ လမ်းပတ်က ကစားသမားတွေကို သတိပေးခဲ့ပါတယ်။

ရှက်ဖီးနဲ့ပွဲမှာ ချယ်ဆီးရဲ့ ညာခြမ်းတလျှောက် ဇီယက်ခ်ျနဲ့ ရိစ်ဂျိမ်းစ်တို့ရဲ့ တွဲဖက်ကစားပုံကို အက်ရှ်လေကိုးက အထင်ကြီးနေခဲ့သလို သူတို့ နှစ်ယောက် ချယ်ဆီးအတွက် စိတ်လှုပ်ရှားစရာ အင်အားတစ်ခုဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မနေ့ကပွဲအတွင်း ဆေးဗားရဲ့ ခေါင်းတိုက်ဂိုးမှာ ကတ်ဇူးမားက ရှက်ဖီးဂိုးသမားရဲ့ မြင်ကွင်းကို ကွယ်နေခဲ့တာကြောင့် ဒါကို ဂိုးမပေးသင့်ဘူးလို့ ရှက်ဖီးနည်းပြ ခရစ်ဝိုင်ဒါက ထင်နေပြီး ရိစ်ဂျိမ်းစ်ကို မက်လိုဝီ ပြစ်ဒဏ်လုပ်ခဲ့လို့ပေးတဲ့ဖရီးကစ်ကလဲ မဖြစ်သင့်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးကစားသမားဘဝမှာ သတိပြုမိစရာ မှော်ဝင်ခြေစွမ်း ပြသခဲ့တဲ့ ဇီယက်ခ်ျကို လမ်းပတ်က အထင်ကြီးသဘောကျခဲ့သလို သူဟာ ကလပ်က လိုအပ်နေတဲ့ ကစားသမားမျိုးဖြစ်ပြီးအသင်းအတွက် အရေးပါတဲ့သူဖြစ်လာလိမ့်မယ်လို့ ချီးကျူးခဲ့ပါတယ်။

ဝီလီယံက သူဟာ ချယ်ဆီးမှာ ဆက်နေချင်ခဲ့ပြီး ဂန္တဝင်တစ်ယောက်ဖြစ်ချင်ခဲ့ပေမယ့် ချယ်ဆီးက အရေးမလုပ်ပဲ အာဆင်နယ်ကတော့ နေ့တိုင်း ဖုန်းခေါ်နေတာကြောင့် သူ့ကို တကယ်အလိုရှိတဲ့ဆီသွားဖို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

မေဆန်မောင့်အပေါ် ဝေဖန်မှုတွေကို အက်ရှ်လေကိုးနဲ့ ဂရေမီဆောင်းနက်စ်တို့က စိတ်ပျက်နေခဲ့ပြီး ရှက်ဖီးကို ၄-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အထင်ကြီးစရာ ခြေစွမ်းပြခဲ့တဲ့နောက် သူ့အနေနဲ့ပုံမှန်ပွဲထွက်ခွင့်ရသင့်တယ်လို့ ထောက်ခံပြောဆိုခဲ့ပါတယ်။

ဝက်စ်ဘရွန်းနဲ့ ၃ဂိုးစီသရေကျခဲ့တဲ့ပွဲမှာပါဝင်ပြီးနောက်ပိုင်း ပွဲမကစားခဲ့ရတဲ့ ကိုဗာဆစ်ဟာ ရှက်ဖီးနဲ့ပွဲမှာ ပထမဆုံးပြန်ကစားခဲ့ရတာက သူ့အတွက် မလွယ်ကူခဲ့ပေမယ့် အသင်းအပေါ် အကျိုးပြနိုင်ခဲ့တဲ့အပေါ် လမ်းပတ်က ချီးကျူးခဲ့ပါတယ်။

တီမိုဗာနာဟာ အန္တရာယ်အရှိဆုံး တိုက်စစ်မှူးတစ်ယောက်ဖြစ်သလို လမ်းပတ်အနေနဲ့ သူ့ကို တောင်ပံမှာထားပြီး အချိန်မဖြုန်းပဲ ဗဟိုနေရာမှာ ထားတာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့ အီယန်ရိုက်နဲ့ ဟက်ဆန်ဘိန့်ခ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ညက ရွက္ဖီးနဲ႕ ပရီးမီးယားလိဂ္ပြဲမွာ ေအဗရာဟမ္၊ ဘန္ေခ်း၀ဲလ္၊ သီေယဂို ေဆးလ္ဗား၊ တီမိုဗာနာတို႔ သြင္းဂိုးေတြနဲ႕ ၄ဂိုး ၁ဂိုး ရလဒ္ျဖင့္ အနုိင္ရရွိခဲ့ပါတယ္။

ေနာက္ဆုံး ၁၁ပြဲဆက္ ရႈံးပြဲမရွိခဲ့တဲ့ ခ်ယ္ဆီးဟာ လိဂ္အမွတ္ေပးဇယားအဆင့္၃ေနရာကို တက္ခဲ့ေပမယ့္ စီးတီး၊ လီဗာပူးတို႔ရဲ႕အဆင့္နဲ႔ မနီးစပ္ေသးသလို အမ်ားႀကီးႀကိဳးစားဖို႔ လိုေသးတယ္လို႔ လမ္းပတ္က ကစားသမားေတြကို သတိေပးခဲ့ပါတယ္။

ရွက္ဖီးနဲ႔ပြဲမွာ ခ်ယ္ဆီးရဲ႕ ညာျခမ္းတေလွ်ာက္ ဇီယက္ခ္်နဲ႔ ရိစ္ဂ်ိမ္းစ္တို႔ရဲ႕ တြဲဖက္ကစားပုံကို အက္ရွ္ေလကိုးက အထင္ႀကီးေနခဲ့သလို သူတို႔ နွစ္ေယာက္ ခ်ယ္ဆီးအတြက္ စိတ္လႈပ္ရွားစရာ အင္အားတစ္ခုျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မေန႔ကပြဲအတြင္း ေဆးဗားရဲ႕ ေခါင္းတိုက္ဂိုးမွာ ကတ္ဇူးမားက ရွက္ဖီးဂိုးသမားရဲ႕ ျမင္ကြင္းကို ကြယ္ေနခဲ့တာေၾကာင့္ ဒါကို ဂိုးမေပးသင့္ဘူးလို႔ ရွက္ဖီးနည္းျပ ခရစ္ဝိုင္ဒါက ထင္ေနၿပီး ရိစ္ဂ်ိမ္းစ္ကို မက္လိုဝီ ျပစ္ဒဏ္လုပ္ခဲ့လို႔ေပးတဲ့ဖရီးကစ္ကလဲ မျဖစ္သင့္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးကစားသမားဘဝမွာ သတိျပဳမိစရာ ေမွာ္ဝင္ေျခစြမ္း ျပသခဲ့တဲ့ ဇီယက္ခ္်ကို လမ္းပတ္က အထင္ႀကီးသေဘာက်ခဲ့သလို သူဟာ ကလပ္က လိုအပ္ေနတဲ့ ကစားသမားမ်ိဳးျဖစ္ၿပီးအသင္းအတြက္ အေရးပါတဲ့သူျဖစ္လာလိမ့္မယ္လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

ဝီလီယံက သူဟာ ခ်ယ္ဆီးမွာ ဆက္ေနခ်င္ခဲ့ၿပီး ဂႏၲဝင္တစ္ေယာက္ျဖစ္ခ်င္ခဲ့ေပမယ့္ ခ်ယ္ဆီးက အေရးမလုပ္ပဲ အာဆင္နယ္ကေတာ့ ေန႔တိုင္း ဖုန္းေခၚေနတာေၾကာင့္ သူ႔ကို တကယ္အလိုရွိတဲ့ဆီသြားဖို႔ ေ႐ြးခ်ယ္ခဲ့တာျဖစ္တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။

ေမဆန္ေမာင့္အေပၚ ေဝဖန္မႈေတြကို အက္ရွ္ေလကိုးနဲ႔ ဂေရမီေဆာင္းနက္စ္တို႔က စိတ္ပ်က္ေနခဲ့ၿပီး ရွက္ဖီးကို ၄-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ အထင္ႀကီးစရာ ေျခစြမ္းျပခဲ့တဲ့ေနာက္ သူ႔အေနနဲ႔ပုံမွန္ပြဲထြက္ခြင့္ရသင့္တယ္လို႔ ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ဝက္စ္ဘ႐ြန္းနဲ႔ ၃ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာပါဝင္ၿပီးေနာက္ပိုင္း ပြဲမကစားခဲ့ရတဲ့ ကိုဗာဆစ္ဟာ ရွက္ဖီးနဲ႔ပြဲမွာ ပထမဆုံးျပန္ကစားခဲ့ရတာက သူ႔အတြက္ မလြယ္ကူခဲ့ေပမယ့္ အသင္းအေပၚ အက်ိဳးျပႏိုင္ခဲ့တဲ့အေပၚ လမ္းပတ္က ခ်ီးက်ဴးခဲ့ပါတယ္။

တီမိုဗာနာဟာ အႏၲရာယ္အရွိဆုံး တိုက္စစ္မႉးတစ္ေယာက္ျဖစ္သလို လမ္းပတ္အေနနဲ႔ သူ႔ကို ေတာင္ပံမွာထားၿပီး အခ်ိန္မျဖဳန္းပဲ ဗဟိုေနရာမွာ ထားတာက အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ အီယန္႐ိုက္နဲ႔ ဟက္ဆန္ဘိန႔္ခ္က ေျပာဆိုခဲ့ပါတယ္။