ပြန်လည် စတင်လိုက်တဲ့ ချယ်ဆီးအသင်း လေ့ကျင့်ရေးအစီအစဉ်မှ ထူးခြားမှုများ

တနင်္လာနေ့မှာပဲ ပရီးမီးယားလိဂ်က ဘောလုံးပွဲ ပြန်လည်စတင်ဖို့အတွက် ပထမအဆင့် လုပ်ငန်စဉ်အဖြစ် အဖွဲ့ငယ်တွေနဲ့ လေ့ကျင့်ရေး ဆင်းခွင့်ကို ခွင့်ပြုပေးခဲ့ပါတယ်။

ချယ်ဆီးအသင်းဟာ အစောတည်းက အင်္ဂလန်ပြည်တွင်း ပြန်ဝင်လာဖို့ အသင်းသားတွေကို ခေါ်ယူထားပြီး ပထမဆုံး ပြန်လည် လေ့ကျင့်ခွင့်ရှိတဲ့ ရက်မှာတင်ပဲ လေ့ကျင့်ရေးကို ပြန်လည် စတင်ခဲ့တယ်။ လေ့ကျင့်မှုရဲ့ ပထမအဆင့်ကိုပဲ ခွင့်ပြုပေးတာဖြစ်ပြီး အကွာအဝေး ကန့်သတ်ထားမှုတွေမှာ ကစားသမားတွေက ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေအစား သီးခြား အစီအစဉ်တွေနဲ့ လေ့ကျင့်ခွင့် ရခဲ့ပါတယ်။

ချယ်ဆီး စီနီယာအသင်းသားတွေဟာ ကိုရိုနာ ကပ်ဘေးကာလအတွင်း နှစ်လကြာမှ ပထမဆုံးအကြိမ် လေ့ကျင့်ရေး ပြန်ဝင်ခဲ့ရတာဖြစ်တယ်။ ထူးထူးခြားခြားအဖြစ် တနင်္ဂနွေနေ့ကပဲ အမှုရင်ဆိုင်နေရတဲ့ အိုဒွိင်းဟာ လေ့ကျင့်ရေး အစီအစဉ်မှာ ပါဝင်နေခဲ့ပါတယ်။

လော့တပ်ချိစ်၊ ပူလီဆစ်၊ ရိစ်ဂျိမ်း၊ ရူဒီဂါ တို့ကိုလည်း ကြံ့ခိုင်မှုကောင်းကောင်း မြင်တွေ့နေရတာက ဝမ်းသာစရာပါ။ အားလုံးက လေ့ကျင့်ရေး ပြန်ဝင်ရတာကို ပျော်ရွှင်နေပြီး မန်နေဂျာလမ်းပတ်ကလည်း ကန့်သတ်ထားတဲ့ အကွာအဝေးကနေ နည်းပြခွင့်ဆိုတာကို လိုက်နာပြီး လမ်းညွှန်ပေးနေပါတယ်။

ပထမအဆင့်အဖြစ် အပြေးလေ့ကျင့်ရေးတွေကို လုပ်ခဲ့ကြပြီး အသင်းသား ၅ ဦးပါ အဖွဲ့တွေ အတူလေ့ကျင့်ရေး လုပ်ဆောင်နေကြတာကို မြင်ခဲ့ရတယ်။ ကွင်းလယ်လူ ကန်တေ ဆံပင်နည်းနည်း ရှည်နေခြင်းကို ဟာသလုပ်နေကြခြင်းလည်း မြင်ခဲ့ရပါတယ်။

လေ့ကျင့်ရေးကို အခုလို ပြန်ဝင်ပြီး အကောင်းဆုံး ပုံစံတွေရအောင် လုပ်ဆောင်ခြင်းနဲ့ ဒဏ်ရာရ ကစားသမားတွေ အားလုံး ပြန်သက်သာ လာခြင်းက လက်ကျန် ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ခိုက်နေရတဲ့ ချယ်ဆီးအတွက် အကျိုးဖြစ်စေဖို့ မျှော်လင့်ရမှာဖြစ်ပါတယ်။

Zawgyi – တနလၤာေန႔မွာပဲ ပရီးမီးယားလိဂ္က ေဘာလံုးပြဲ ျပန္လည္စတင္ဖို႔အတြက္ ပထမအဆင့္ လုပ္ငန္စဥ္အျဖစ္ အဖြဲ႔ငယ္ေတြနဲ႔ ေလ့က်င့္ေရး ဆင္းခြင့္ကို ခြင့္ျပဳေပးခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အေစာတည္းက အဂၤလန္ျပည္တြင္း ျပန္ဝင္လာဖို႔ အသင္းသားေတြကို ေခၚယူထားျပီး ပထမဆံုး ျပန္လည္ ေလ့က်င့္ခြင့္ရွိတဲ့ ရက္မွာတင္ပဲ ေလ့က်င့္ေရးကို ျပန္လည္ စတင္ခဲ့တယ္။ ေလ့က်င့္မႈရဲ႕ ပထမအဆင့္ကိုပဲ ခြင့္ျပဳေပးတာျဖစ္ျပီး အကြာအေဝး ကန္႔သတ္ထားမႈေတြမွာ ကစားသမားေတြက ထိေတြ႔မႈရွိတဲ့ ေလ့က်င့္ေရးေတြအစား သီးျခား အစီအစဥ္ေတြနဲ႔ ေလ့က်င့္ခြင့္ ရခဲ့ပါတယ္။

ခ်ယ္ဆီး စီနီယာအသင္းသားေတြဟာ ကိုရိုနာ ကပ္ေဘးကာလအတြင္း ႏွစ္လၾကာမွ ပထမဆံုးအၾကိမ္ ေလ့က်င့္ေရး ျပန္ဝင္ခဲ့ရတာျဖစ္တယ္။ ထူးထူးျခားျခားအျဖစ္ တနဂၤေႏြေန႔ကပဲ အမႈရင္ဆိုင္ေနရတဲ့ အိုဒိြင္းဟာ ေလ့က်င့္ေရး အစီအစဥ္မွာ ပါဝင္ေနခဲ့ပါတယ္။

ေလာ့တပ္ခ်ိစ္၊ ပူလီဆစ္၊ ရိစ္ဂ်ိမ္း၊ ရူဒီဂါ တို႔ကိုလည္း ၾကံ႕ခိုင္မႈေကာင္းေကာင္း ျမင္ေတြ႔ေနရတာက ဝမ္းသာစရာပါ။ အားလံုးက ေလ့က်င့္ေရး ျပန္ဝင္ရတာကို ေပ်ာ္ရႊင္ေနျပီး မန္ေနဂ်ာလမး္ပတ္ကလည္း ကန္႔သတ္ထားတဲ့ အကြာအေဝးကေန နည္းျပခြင့္ဆိုတာကို လိုက္နာျပီး လမ္းညႊန္ေပးေနပါတယ္။

ပထမအဆင့္အျဖစ္ အေျပးေလ့က်င့္ေရးေတြကို လုပ္ခဲ့ၾကျပီး အသင္းသား ၅ ဦးပါ အဖြဲ႔ေတြ အတူေလ့က်င့္ေရး လုပ္ေဆာင္ေနၾကတာကို ျမင္ခဲ့ရတယ္။ ကြင္းလယ္လူ ကန္ေတ ဆံပင္နည္းနည္း ရွည္ေနျခင္းကို ဟာသလုပ္ေနၾကျခင္းလည္း ျမင္ခဲ့ရပါတယ္။

ေလ့က်င့္ေရးကို အခုလို ျပန္ဝင္ျပီး အေကာင္းဆံုး ပံုစံေတြရေအာင္ လုပ္ေဆာင္ျခင္းနဲ႔ ဒဏ္ရာရ ကစားသမားေတြ အားလံုး ျပန္သက္သာ လာျခင္းက လက္က်န္ ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တိုက္ခိုက္ေနရတဲ့ ခ်ယ္ဆီးအတြက္ အက်ိဳးျဖစ္ေစဖို႔ ေမွ်ာ္လင့္ရမွာျဖစ္ပါတယ္။