ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (08/11/20)

အဲဗာတန်နဲ့ပွဲမှာ မေဆန်ဂရင်းဝုဒ် မပါဝင်လာတာနဲ့ ပတ်သက်လို့ သူဟာ လေ့ကျင့်ရေးမှာရော မနေ့ညကပါ အဆင်ပြေခဲ့ပြီး နောက်ပိုင်းကျမှ အဖျားဝေဒနာကြောင့် ခရီးသွားဖို့ အဆင်မပြေဖြစ်ခဲ့လို့ မလိုက်ပါခဲ့တာဖြစ်ကြောင်း ဆိုးရှားက ဖြေရှင်းခဲ့ပါတယ်။

ယူနိုက်တက်နဲ့ အတူ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားသူ ဖြစ်ပေမယ့် ဝမ်ဘစ်ဆာကာ ကို ဒီလထဲ ရွေးထားတဲ့ အင်္ဂလန်အသင်းမှာ မထည့်သွင်းခဲ့ခြင်းက ၎င်းရဲ့ တိုက်စစ်ပိုင်း လိုက်ပါမှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း ဆောက်ဂိတ်က အသိပေးခဲ့ပါတယ်။

ခြေစွမ်းပြ ကစားခဲ့တဲ့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို နည်းပြ ဆိုးရှားက ချီးကျူးခဲ့ပေမယ့် ပေါ်တူဂီသားဟာ နေရာယူမှုပိုင်းတွေမှာ လိုအပ်တာတွေ ရှိနေသေးကြောင်း ယူနိုက်တက် နည်းပြ ဆိုးရှားက ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှာ ကစားခဲ့တဲ့ တစ်နှစ်ခွဲ ကာလအတွင်း ကလပ်အသင်းကို လူအားလုံးက ဝိုင်းဝန်း ပြစ်တင်ဖို့ ရှိနေကြတာကို သတိထားမိကြောင်း မက်ဂွဲရားက ဆိုခဲ့ကာ ကမ္ဘာ့ အကြီးဆုံးကလပ်အသင်း ဖြစ်တဲ့ ယူနိုက်တက်ကို ဝိုင်းမနာလိုကြတာကြောင့် အခုလို ပြောနေကြတာ ဖြစ်တယ်လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။

အာတီတာသာ ယူနိုက်တက်မှာ နည်းပြရင် သူတို့ ဖလား စိန်ခေါ်နိုင်လိမ့်မယ်ဆိုတဲ့ အီယန်ရိုက်ရဲ့ မှတ်ချက်စကားကို လူးဝစ်ဆာဟာက တုံ့ပြန်ခဲ့ပြီး ယူနိုက်တက်က အာဆင်နယ် မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဆိုးလ်ရှားဟာ အိုးလ်ထရက်ဖို့ဒ်မှာ နည်းပြကောင်းတစ်ယောက်အဖြစ် သက်သေပြခဲ့ပြီး ကလပ်ရဲ့ကံကြမ္မာကို ပြောင်းလဲဖို့အခွင့်အရေးနဲ့ ထိုက်တန်တယ်လို့ ဂျွန်ဘန်းစ်က ထင်နေတာ ဖြစ်သလို ယူနိုက်တက်က သူ့ကို ‌ထောက်ခံပေးသင့်တယ်လို့ ဆိုပါတယ်။

အင်္ဂလန် အသင်းဖော် ဂိုးသမား ပစ်ဖို့ဒ်နဲ့ ပွဲထဲမှာ ထိမိခဲ့ပြီး ပင်နယ်တီ မရတဲ့ အပေါ် ယူနိုက်တက် အသင်းခေါင်းေ်ဆာင် မက်ဂွဲရားက ဒိုင်လူကြီး ဆုံးဖြတ်ချက် မှန်ကန်ကြောင်း ဝန်ခံ ပြောဆိုခဲ့ပါတယ်။

Zawgyi – အဲဗာတန္နဲ႔ပြဲမွာ ေမဆန္ဂရင္းဝုဒ္ မပါဝင္လာတာနဲ႔ ပတ္သက္လို႔ သူဟာ ေလ့က်င့္ေရးမွာေရာ မေန႔ညကပါ အဆင္ေျပခဲ့ၿပီး ေနာက္ပိုင္းက်မွ အဖ်ားေဝဒနာေၾကာင့္ ခရီးသြားဖို႔ အဆင္မေျပျဖစ္ခဲ့လို႔ မလိုက္ပါခဲ့တာျဖစ္ေၾကာင္း ဆိုးရွားက ေျဖရွင္းခဲ့ပါတယ္။

ယူနိုက္တက္နဲ႕ အတူ စြမ္းေဆာင္ရည္ေကာင္းေတြ ျပသထားသူ ျဖစ္ေပမယ့္ ၀မ္ဘစ္ဆာကာ ကို ဒီလထဲ ေရြးထားတဲ့ အဂၤလန္အသင္းမွာ မထည့္သြင္းခဲ့ျခင္းက ၄င္းရဲ႕ တိုက္စစ္ပိုင္း လိုက္ပါမႈ အားနည္းျခင္းေၾကာင့္ ျဖစ္ေၾကာင္း ေဆာက္ဂိတ္က အသိေပးခဲ့ပါတယ္။

ေျခစြမ္းျပ ကစားခဲ့တဲ့ ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္ကို နည္းျပ ဆိုးရွားက ခ်ီးက်ဴးခဲ့ေပမယ့္ ေပၚတူဂီသားဟာ ေနရာယူမႈပိုင္းေတြမွာ လိုအပ္တာေတြ ရွိေနေသးေၾကာင္း ယူနိုက္တက္ နည္းျပ ဆိုးရွားက ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္မွာ ကစားခဲ့တဲ့ တစ္နွစ္ခြဲ ကာလအတြင္း ကလပ္အသင္းကို လူအားလံုးက ၀ိုင္း၀န္း ျပစ္တင္ဖို႔ ရွိေနၾကတာကို သတိထားမိေၾကာင္း မက္ဂြဲရားက ဆိုခဲ့ကာ ကမၻာ့ အၾကီးဆံုးကလပ္အသင္း ျဖစ္တဲ့ ယူနိုက္တက္ကို ၀ိုင္းမနာလိုၾကတာေၾကာင့္ အခုလို ေျပာေနၾကတာ ျဖစ္တယ္လို႔ ၄င္းက ေျပာဆိုခဲ့ပါတယ္။

အာတီတာသာ ယူႏိုက္တက္မွာ နည္းျပရင္ သူတို႔ ဖလား စိန္ေခၚႏိုင္လိမ့္မယ္ဆိုတဲ့ အီယန္႐ိုက္ရဲ႕ မွတ္ခ်က္စကားကို လူးဝစ္ဆာဟာက တုံ႔ျပန္ခဲ့ၿပီး ယူႏိုက္တက္က အာဆင္နယ္ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

ဆိုးလ္ရွားဟာ အိုးလ္ထရက္ဖို႔ဒ္မွာ နည္းျပေကာင္းတစ္ေယာက္အျဖစ္ သက္ေသျပခဲ့ၿပီး ကလပ္ရဲ႕ကံၾကမၼာကို ေျပာင္းလဲဖို႔အခြင့္အေရးနဲ႔ ထိုက္တန္တယ္လို႔ ဂြၽန္ဘန္းစ္က ထင္ေနတာ ျဖစ္သလို ယူႏိုက္တက္က သူ႔ကို ‌ေထာက္ခံေပးသင့္တယ္လို႔ ဆိုပါတယ္။

အဂၤလန္ အသင္းေဖာ္ ဂိုးသမား ပစ္ဖို႔ဒ္နဲ႕ ပြဲထဲမွာ ထိမိခဲ့ျပီး ပင္နယ္တီ မရတဲ့ အေပၚ ယူနိုက္တက္ အသင္းေခါင္းေ္ဆာင္ မက္ဂြဲရားက ဒိုင္လူၾကီး ဆံုးျဖတ္ခ်က္ မွန္ကန္ေၾကာင္း ၀န္ခံ ေျပာဆုိခဲ့ပါတယ္။