ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (08/11/20)

ဒီနေ့ညမှာ အာဆင်နယ်နဲ့ အက်စ်တွန်ဗီလာနဲ့ ရင်ဆိုင်ရမှာ ဖြစ်သလို အီမီလီယာနို မာတီနက်ဇ်ကို ဗီလာထံ ရောင်းချပြီး လီနိုကို နံပါတ်တစ်ဂိုးသမားအဖြစ် ပြန်လည်ခန့်အပ်ခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်က မှန်မမှန်ဆိုတာ မြင်တွေ့ရတော့မှာပါ။

သောမတ်စ်ပါတေးဟာ အာဆင်နယ်ကိုရောက်ပြီးကတည်းက အဓိကကစားသမား ဖြစ်လာခဲ့သလို သူနဲ့အိုဇေးကို တွဲကစားခိုင်းရင် အိုဇေးရဲ့ အကောင်းဆုံးပုံစံတွေရရှိအောင် ကူညီပေးနိုင်လိမ့်မယ်လို့ ပေါလ်မာဆွန်က ယုံကြည်နေပါတယ်။

မနှစ်က ရာသီကုန်မှာအာဆင်နယ်အတွက် အရေးပါခဲ့တဲ့ မာတီနက်ဇ်ကို အက်စ်တွန်ဗီလာထံ ရောင်းချခဲ့တဲ့နောက် ဒီနေ့ညမှာ သူနဲ့ ပထမဆုံးအကြိမ် ပြန်လည်ရင်ဆိုင်ရမှာက ရယ်စရာကောင်းလိမ့်မယ်လို့ အူဘာမီးယန်းက ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ရဲ့ သက်တမ်းရှည်ကစားသမား ဟက်တာဘယ်လာရင်ဟာ ပုံစံကောင်းတွေ ပြန်လည်ရရှိနေပြီလို့ နည်းပြ အာတီတာက ပြောဆိုခဲ့သလို အဝတ်လဲခန်းထဲမှာ သူ့ရဲ့ လွှမ်းမိုးနိုင်မှုက အသင်းအတွက် အရေးပါတယ်လို့ ချီးကျူးစကားဆိုခဲ့ပါတယ်။

မာတီနက်ဇ်ကို ရောင်းချခဲ့တဲ့အပေါ် နောင်တရစရာ မရှိဘူးလို့ အာတီတာက ပြောဆိုခဲ့ပေမယ့်လဲ သူ့အနေနဲ့ အက်စ်တွန်ဗီလာထက် တခြား ပြည်ပကလပ်ကို ပြောင်းရွှေ့ခဲ့ရင် ပိုကောင်းမှာပါလို့ ဝန်ခံခဲ့ပါတယ်။

ဟက်တာဘယ်လာရင်ဟာ ၂၀၁၆မှာ စပိန်လက်ရွေးစင်အသင်းအတွက် နောက်ဆုံး ကစားပေးခဲ့ရတာဖြစ်ပေမယ့် ဒီသီတင်းပတ်မှာတော့ ဒဏ်ရာရနေတဲ့ ဂျီးဆပ်နာဗက်စ် အစားထိုးအဖြစ် နိုင်ငံအသင်းရဲ့ ပြန်လည်ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

ဝီလီယံဟာ အာတီတာရဲ့ နည်းပြအမြင်နဲ့ အရည်အချင်းကို လေးစားမှုရှိသလို ၎င်းဟာ အကောင်းဆုံးနည်းပြတစ်ယောက် ဖြစ်လာမှာဖြစ်ပြီး ဒီနှစ်မဟုတ်ရင်တောင် နောက်နှစ်မှာ အာဆင်နယ်အတွက် လိဂ်ဖလားအောင်မြင်စေနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဘိုင်ယန်ဗဟိုနောက်ခံလူ ဘိုတန်ကို ခေါ်ယူဖို့ ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့ပေမယ့် ၎င်းက နောက်နွေရာသီမှာ ဖရီးအေးဂျင့် ဖြစ်လာမှာဖြစ်သလို စပါးကလဲ သူ့ကိုရရှိဖို့ အပြိုင်ကြိုးစားတော့မှာဖြစ်ပါတယ်။

ZAWGYI

ဒီေန႔ညမွာ အာဆင္နယ္နဲ႔ အက္စ္တြန္ဗီလာနဲ႔ ရင္ဆိုင္ရမွာ ျဖစ္သလို အီမီလီယာႏို မာတီနက္ဇ္ကို ဗီလာထံ ေရာင္းခ်ၿပီး လီႏိုကို နံပါတ္တစ္ဂိုးသမားအျဖစ္ ျပန္လည္ခန႔္အပ္ခဲ့တဲ့ အာတီတာရဲ႕ဆုံးျဖတ္ခ်က္က မွန္မမွန္ဆိုတာ ျမင္ေတြ႕ရေတာ့မွာပါ။

ေသာမတ္စ္ပါေတးဟာ အာဆင္နယ္ကိုေရာက္ၿပီးကတည္းက အဓိကကစားသမား ျဖစ္လာခဲ့သလို သူနဲ႔အိုေဇးကို တြဲကစားခိုင္းရင္ အိုေဇးရဲ႕ အေကာင္းဆုံးပုံစံေတြရရွိေအာင္ ကူညီေပးႏိုင္လိမ့္မယ္လို႔ ေပါလ္မာဆြန္က ယုံၾကည္ေနပါတယ္။

မႏွစ္က ရာသီကုန္မွာအာဆင္နယ္အတြက္ အေရးပါခဲ့တဲ့ မာတီနက္ဇ္ကို အက္စ္တြန္ဗီလာထံ ေရာင္းခ်ခဲ့တဲ့ေနာက္ ဒီေန႔ညမွာ သူနဲ႔ ပထမဆုံးအႀကိမ္ ျပန္လည္ရင္ဆိုင္ရမွာက ရယ္စရာေကာင္းလိမ့္မယ္လို႔ အူဘာမီးယန္းက ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ရဲ႕ သက္တမ္းရွည္ကစားသမား ဟက္တာဘယ္လာရင္ဟာ ပုံစံေကာင္းေတြ ျပန္လည္ရရွိေနၿပီလို႔ နည္းျပ အာတီတာက ေျပာဆိုခဲ့သလို အဝတ္လဲခန္းထဲမွာ သူ႔ရဲ႕ လႊမ္းမိုးႏိုင္မႈက အသင္းအတြက္ အေရးပါတယ္လို႔ ခ်ီးက်ဴးစကားဆိုခဲ့ပါတယ္။

မာတီနက္ဇ္ကို ေရာင္းခ်ခဲ့တဲ့အေပၚ ေနာင္တရစရာ မရွိဘူးလို႔ အာတီတာက ေျပာဆိုခဲ့ေပမယ့္လဲ သူ႔အေနနဲ႔ အက္စ္တြန္ဗီလာထက္ တျခား ျပည္ပကလပ္ကို ေျပာင္းေ႐ႊ႕ခဲ့ရင္ ပိုေကာင္းမွာပါလို႔ ဝန္ခံခဲ့ပါတယ္။

ဟက္တာဘယ္လာရင္ဟာ ၂၀၁၆မွာ စပိန္လက္ေ႐ြးစင္အသင္းအတြက္ ေနာက္ဆုံး ကစားေပးခဲ့ရတာျဖစ္ေပမယ့္ ဒီသီတင္းပတ္မွာေတာ့ ဒဏ္ရာရေနတဲ့ ဂ်ီးဆပ္နာဗက္စ္ အစားထိုးအျဖစ္ ႏိုင္ငံအသင္းရဲ႕ ျပန္လည္ေခၚယူျခင္း ခံခဲ့ရပါတယ္။

ဝီလီယံဟာ အာတီတာရဲ႕ နည္းျပအျမင္နဲ႔ အရည္အခ်င္းကို ေလးစားမႈရွိသလို ၎ဟာ အေကာင္းဆုံးနည္းျပတစ္ေယာက္ ျဖစ္လာမွာျဖစ္ၿပီး ဒီႏွစ္မဟုတ္ရင္ေတာင္ ေနာက္ႏွစ္မွာ အာဆင္နယ္အတြက္ လိဂ္ဖလားေအာင္ျမင္ေစႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ဘိုင္ယန္ဗဟိုေနာက္ခံလူ ဘိုတန္ကို ေခၚယူဖို႔ ကာလရွည္ၾကာ စိတ္ဝင္စားေနခဲ့ေပမယ့္ ၎က ေနာက္ေႏြရာသီမွာ ဖရီးေအးဂ်င့္ ျဖစ္လာမွာျဖစ္သလို စပါးကလဲ သူ႔ကိုရရွိဖို႔ အၿပိဳင္ႀကိဳးစားေတာ့မွာျဖစ္ပါတယ္။