ပစ်ဖို့ဒ်နဲ့ ထိတာက ပင်နယ်တီ ရသင့်သလား ရိုးရိုးသားသား ဖြေခဲ့တဲ့ ယူနိုက်တက်ရဲ့ မက်ဂွဲရား

မန်ချက်စတာ ယူနိုက်တက် အသင်းခေါင်းဆောင် မက်ဂွဲရားဟာ မနေ့ညက အဲဗာတန်နဲ့ ပွဲမှာ ဂိုးသမား ပစ်ဖို့ဒ်နဲ့ တိုက်မိသွားတဲ့ ဖြစ်ရပ်ကနေ ယူနိုက်တက် ပင်နယ်တီ ရသင့်သလား ဆိုတာ သူ့ အမြင်ကို ပွဲ အပြီးမှာ ရိုးရိုးသားသား ဖြေကြား သွားခဲ့ပါတယ်။ ထိုဖြစ်ရပ်ကို VAR ပြန်ကြည့်ခဲ့ပေမယ့် ပင်နယ်တီ အဖြစ် မသတ်မှတ်ခဲ့ပါဘူး။

မက်ဂွဲရားကတော့ ထို အဖြစ်အပျက်ဟာ ပင်နယ်တီ ပေးရင်လည်း ခပ်ပါးပါးသာ အခွင့်အရေး ရှိတာ ဖြစ်ပြီး မပေးသင့်ကြောင်း ဝန်ခံခဲ့ပါတယ်။ ဒုတိယပိုင်း အတွင်းမှာ ဖရီးကစ်ကနေ ဝင်လာတဲ့ ဘောလုံးကို အဲဗာတန် ဂိုးသမး ပစ်ဖို့ဒ်က ဖမ်းဖို့ ကြိုးစားရင်း မက်ဂွဲရားကို ထိခိုက်စေခဲ့ပါတယ်။

ပစ်ဖို့ဒ်ဟာ လီဗာပူး ခံစစ်မှူး ဗန်ဒိုက်ကို ဆိုးဝါး ပြင်းထန်တဲ့ ဒဏ်ရာ ရစေခဲ့တာကြောင့် ဒီတလော သီတင်းပတ်တွေ အတွင်း အများ စောင့်ကြည့်ခြင်း ခံနေရပါတယ်။ ဒီတစ်ပတ် ယူနိုက်တက်နဲ့ ပွဲမှာလည်း တဖက်အသင်းသားကို ထပ်မံ ထိခိုက်စေခဲ့တာပါ။

VAR စစ်ဆေးမှု လုပ်ခဲ့တဲ့ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာကတော့ မက်ဂွဲရားနဲ့ ထိမိတာက ပင်နယ်တီ ပြစ်ဒဏ်ဘော ပေးစရာ မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့ပြီး မက်ဂွဲရားကလည်း ထို ဆုံးဖြတ်ချက် မှန်ကန်တယ် ယူဆထားပါတယ်။

” ကျနော့် အမြင် အရလည်း ဒါက ပင်နယ်တီ မဟုတ်ပါဘူး။ ကျနော်ကတောင် ဂျော်ဒန်ကို စ သွားထိမိတယ်လို့ ထင်တယ်။ ကျနော်က သူ ဘောလုံး ဖမ်းဖို့ ကြိုးစားချိန်မှာ သူ့ရင်ဘတ်ကို လက်နဲ့ တားမိသွားတယ်။ အဲဒီနောက် ဒူးမှာ တစ်ခုခု ထိမိတယ်လို့ ခံစားမိတော့တာပဲ။

ဘောလုံး မကျခင် ကျနော်က ဂျော်ဒန်ကို တွန်းလိုက်သလို ဖြစ်သွားခဲ့တာပါ။ တကယ်လို့ ပင်နယ်တီပေးမယ် ဆိုလည်း နည်းနည်းလေး မဆိုသလောက်သာ ထိမိခဲ့တာပါ။” လို့ မက်ဂွဲရားက ပြောဆိုခဲ့ပါတယ်။

ဆိုးဝါးတဲ့ ရလဒ်တွေ အပြီးမှာ ယူနိုက်တက်က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ဖို့ အရေးကြီးနေတယ်လို့လည်း မက်ဂွဲရားက ယူဆထားပြီး အဲဗာတန်ကို နိုင်တဲ့ ပွဲ ကြောင့် ၎င်းကို အနည်းငယ် စိတ်သက်သာရာ ရစေခဲ့ပြီ ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ အသင္းေခါင္းေဆာင္ မက္ဂြဲရားဟာ မေန႔ညက အဲဗာတန္နဲ႕ ပြဲမွာ ဂိုးသမား ပစ္ဖို႔ဒ္နဲ႕ တိုက္မိသြားတဲ့ ျဖစ္ရပ္ကေန ယူနိုက္တက္ ပင္နယ္တီ ရသင့္သလား ဆိုတာ သူ႔ အျမင္ကို ပြဲ အျပီးမွာ ရိုးရိုးသားသား ေျဖၾကား သြားခဲ့ပါတယ္။ ထိုျဖစ္ရပ္ကို VAR ျပန္ၾကည့္ခဲ့ေပမယ့္ ပင္နယ္တီ အျဖစ္ မသတ္မွတ္ခဲ့ပါဘူး။

မက္ဂြဲရားကေတာ့ ထို အျဖစ္အပ်က္ဟာ ပင္နယ္တီ ေပးရင္လည္း ခပ္ပါးပါးသာ အခြင့္အေရး ရွိတာ ျဖစ္ျပီး မေပးသင့္ေၾကာင္း ၀န္ခံခဲ့ပါတယ္။ ဒုတိယပိုင္း အတြင္းမွာ ဖရီးကစ္ကေန ၀င္လာတဲ့ ေဘာလံုးကို အဲဗာတန္ ဂိုးသမး ပစ္ဖို႔ဒ္က ဖမ္းဖို႔ ၾကိဳးစားရင္း မက္ဂြဲရားကို ထိခိုက္ေစခဲ့ပါတယ္။

ပစ္ဖို႔ဒ္ဟာ လီဗာပူး ခံစစ္မွဴး ဗန္ဒိုက္ကို ဆိုး၀ါး ျပင္းထန္တဲ့ ဒဏ္ရာ ရေစခဲ့တာေၾကာင့္ ဒီတေလာ သီတင္းပတ္ေတြ အတြင္း အမ်ား ေစာင့္ၾကည့္ျခင္း ခံေနရပါတယ္။ ဒီတစ္ပတ္ ယူနိုက္တက္နဲ႕ ပြဲမွာလည္း တဖက္အသင္းသားကို ထပ္မံ ထိခုိက္ေစခဲ့တာပါ။

VAR စစ္ေဆးမႈ လုပ္ခဲ့တဲ့ ဒိုင္လူၾကီး မိုက္ကယ္အိုလီဗာကေတာ့ မက္ဂြဲရားနဲ႕ ထိမိတာက ပင္နယ္တီ ျပစ္ဒဏ္ေဘာ ေပးစရာ မဟုတ္ေၾကာင္း ဆံုးျဖတ္ခဲ့ျပီး မက္ဂြဲရားကလည္း ထို ဆံုးျဖတ္ခ်က္ မွန္ကန္တယ္ ယူဆထားပါတယ္။

” က်ေနာ့္ အျမင္ အရလည္း ဒါက ပင္နယ္တီ မဟုတ္ပါဘူး။ က်ေနာ္ကေတာင္ ေဂ်ာ္ဒန္ကို စ သြားထိမိတယ္လို႔ ထင္တယ္။ က်ေနာ္က သူ ေဘာလံုး ဖမ္းဖို႔ ၾကိဳးစားခ်ိန္မွာ သူ႔ရင္ဘတ္ကို လက္နဲ႕ တားမိသြားတယ္။ အဲဒီေနာက္ ဒူးမွာ တစ္ခုခု ထိမိတယ္လို႔ ခံစားမိေတာ့တာပဲ။

ေဘာလံုး မက်ခင္ က်ေနာ္က ေဂ်ာ္ဒန္ကို တြန္းလိုက္သလို ျဖစ္သြားခဲ့တာပါ။ တကယ္လို႔ ပင္နယ္တီေပးမယ္ ဆိုလည္း နည္းနည္းေလး မဆိုသေလာက္သာ ထိမိခဲ့တာပါ။” လို႔ မက္ဂြဲရားက ေျပာဆိုခဲ့ပါတယ္။

ဆိုး၀ါးတဲ့ ရလဒ္ေတြ အျပီးမွာ ယူနိုက္တက္က လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ဖို႔ အေရးၾကီးေနတယ္လို႔လည္း မက္ဂြဲရားက ယူဆထားျပီး အဲဗာတန္ကို နုိင္တဲ့ ပြဲ ေၾကာင့္ ၄င္းကို အနည္းငယ္ စိတ္သက္သာရာ ရေစခဲ့ျပီ ျဖစ္ပါတယ္။