ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (09/11/20)

ရူဒီဂါဟာ သီယာဂိုဆေးဗား ရောက်လာပြီးနောက် ချယ်ဆီးမှာ ကစားချိန်မရခဲ့ပဲ စပါးကို အငှားထွက်ကစားဖို့ သတင်းတွေထွက်နေတဲ့အပေါ် ဒါရန်းဘန့်က နားမလည်နိုင် ဖြစ်နေပြီး သူ့ကို အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

နွေရာသီမှာ ချယ်ဆီးထံ ရောက်လာခဲ့ပြီး ကလပ်မှာ ခြေစွမ်းပြသနေပေမယ့်လဲ ဟာကင်ဇီယက်ခ်ျက သူ့ရဲ့အိမ်မက်အပြောင်းအရွှေ့ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျ မဟုတ်ဘဲ အာဆင်နယ်နဲ့ ဘာစီလိုနာ ဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

ချယ်ဆီးဟာ မနှစ်က တည်ကန်ဘောတွေကနေ ဂိုးတွေအများကြီးပေးခဲ့ရပြီး အဆိုးဝါးဆုံးခံစစ်ဖြစ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ တည်ကန်ဘော ကန်တာရော ကာကွယ်မှုမှာပါ တိုးတက်လာတဲ့အတွက် နည်းပြလမ်းပတ်က ကျေနပ်နေပါတယ်။

ဇီယက်ခ်ျ ပွဲထွက်ခဲ့တဲ့ ၄ပွဲလုံးမှာ ချယ်ဆီးဟာ အနည်းဆုံး ၃ဂိုးသွင်းယူနိုင်ခဲ့တာနဲ့အတူ သူဟာ ကမ္ဘာ့အဆင့် ဘယ်ခြေ ကစားသမားမျိုးဖြစ်ပြီး အဲ့လို အရည်အချင်းရှိတဲ့ ကစားသမားတွေ အသင်းကိုရောက်လာတာကို ကြိုဆိုကြောင်း မောင့်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနည်းပြဟောင်း ကွန်တီဟာ နောက်နွေရာသီမှာ ချယ်ဆီးကွင်းလယ်လူ ကန်တေကို အင်တာမီလန်ထံ ခေါ်ဆောင်ဖို့အလိုရှိနေဆဲဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ကလဲ သူ့ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဒီနွေရာသီမှာ ပေါင်သန်း၂၀၀ကျော် သုံးစွဲခဲ့ပြီးဖြစ်ပေမယ့် ချယ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဗရာမိုဗစ်ခ်ျဟာ သူ့အသင်းကို ပရီးမီးယားလိဂ် အောင်မြင်နိုင်စေဖို့ မျှော်လင့်နေတာနဲ့ အတူ နောက်ထပ် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

မယ်လ်မိုကြယ်ပွင့် အေနယ် အာမက်ဟော့ဇစ်ဟာ ဒီရာသီမှာ ဆွီဒင်ဘီလူးတွေအတွက် အဓိက ကစားသမားဖြစ်လာခဲ့သလို ယူရို၁၀သန်း တန်ကြေးရှိတဲ့ကစားသမားကို ခေါ်နိုင်ဖို့အတွက် ချယ်ဆီးဟာ အေစီမီလန်နဲ့ အပြိုင်ကြိုးစားရမှာ ဖြစ်ပါတယ်။

ချယ်ဆီးဟာ ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်တဲ့ အနေအထားရှိလာပေမယ့် လီဗာပူး၊ စီးတီးတို့နဲ့ နှိုင်းယှဉ်မှုတွေကို နည်းပြ လမ်းပတ်က ငြင်းပယ်ခဲ့ပြီး ထိပ်တန်း အဆင့်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုနှိမ့်ချပြီး ဆက်ကြိုးစားရမယ်လို့ပြောဆိုခဲ့ပါတယ်။

Zawgyi – ႐ူဒီဂါဟာ သီယာဂိုေဆးဗား ေရာက္လာၿပီးေနာက္ ခ်ယ္ဆီးမွာ ကစားခ်ိန္မရခဲ့ပဲ စပါးကို အငွားထြက္ကစားဖို႔ သတင္းေတြ ထြက္ေနတဲ့အေပၚ ဒါရန္းဘန႔္က နားမလည္ႏိုင္ ျဖစ္ေနၿပီး သူ႔ကို အသင္းမွာ ဆက္ထိန္းထားဖို႔ ႀကိဳးစားသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။

ေႏြရာသီမွာ ခ်ယ္ဆီးထံ ေရာက္လာခဲ့ၿပီး ကလပ္မွာ ေျခစြမ္းျပသေနေပမယ့္လဲ ဟာကင္ဇီယက္ခ္်က သူ႔ရဲ႕အိမ္မက္အေျပာင္းအေ႐ႊ႕ဟာ စတန္းဖို႔ဒ္ဘရစ္ခ္် မဟုတ္ဘဲ အာဆင္နယ္နဲ႔ ဘာစီလိုနာ ျဖစ္ေၾကာင္း ဖြင့္ဟေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးဟာ မႏွစ္က တည္ကန္ေဘာေတြကေန ဂိုးေတြအမ်ားႀကီးေပးခဲ့ရၿပီး အဆိုးဝါးဆုံးခံစစ္ျဖစ္ခဲ့ေပမယ့္ ဒီႏွစ္မွာေတာ့ တည္ကန္ေဘာ ကန္တာေရာ ကာကြယ္မႈမွာပါ တိုးတက္လာတဲ့အတြက္ နည္းျပလမ္းပတ္က ေက်နပ္ေနပါတယ္။

ဇီယက္ခ္် ပြဲထြက္ခဲ့တဲ့ ၄ပြဲလုံးမွာ ခ်ယ္ဆီးဟာ အနည္းဆုံး ၃ဂိုးသြင္းယူႏိုင္ခဲ့တာနဲ႔အတူ သူဟာ ကမာၻ႔အဆင့္ ဘယ္ေျခ ကစားသမားမ်ိဳးျဖစ္ၿပီး အဲ့လို အရည္အခ်င္းရွိတဲ့ ကစားသမားေတြ အသင္းကိုေရာက္လာတာကို ႀကိဳဆိုေၾကာင္း ေမာင့္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးနည္းျပေဟာင္း ကြန္တီဟာ ေနာက္ေႏြရာသီမွာ ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတကို အင္တာမီလန္ထံ ေခၚေဆာင္ဖို႔အလိုရွိေနဆဲျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ကလဲ သူ႔ကို စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

ဒီေႏြရာသီမွာ ေပါင္သန္း၂၀၀ေက်ာ္ သုံးစြဲခဲ့ၿပီးျဖစ္ေပမယ့္ ခ်ယ္ဆီးအသင္းပိုင္ရွင္ ႐ိုမန္ေအဗရာမိုဗစ္ခ္်ဟာ သူ႔အသင္းကို ပရီးမီးယားလိဂ္ ေအာင္ျမင္ႏိုင္ေစဖို႔ ေမွ်ာ္လင့္ေနတာနဲ႔ အတူ ေနာက္ထပ္ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

မယ္လ္မိုၾကယ္ပြင့္ ေအနယ္ အာမက္ေဟာ့ဇစ္ဟာ ဒီရာသီမွာ ဆြီဒင္ဘီလူးေတြအတြက္ အဓိက ကစားသမားျဖစ္လာခဲ့သလို ယူ႐ို၁၀သန္း တန္ေၾကးရွိတဲ့ကစားသမားကို ေခၚႏိုင္ဖို႔အတြက္ ခ်ယ္ဆီးဟာ ေအစီမီလန္နဲ႔ အၿပိဳင္ႀကိဳးစားရမွာ ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္ဖလား စိန္ေခၚႏိုင္တဲ့ အေနအထားရွိလာေပမယ့္ လီဗာပူး၊ စီးတီးတို႔နဲ႔ ႏႈိင္းယွဥ္မႈေတြကို နည္းျပ လမ္းပတ္က ျငင္းပယ္ခဲ့ၿပီး ထိပ္တန္း အဆင့္ျဖစ္ဖို႔ ကိုယ့္ကိုယ္ကိုႏွိမ့္ခ်ၿပီး ဆက္ႀကိဳးစားရမယ္လို႔ေျပာဆိုခဲ့ပါတယ္။