အာဆင်နယ်နဲ့ပွဲမှာ ပင်နယ်တီပေးခဲ့တဲ့နောက် ပေါ့ဘာဟာ ပွဲထွက်စာရင်းမှာ ပါဝင်ခွင့်မရတော့ပဲ အဲဗာတန်နဲ့ပွဲမှာလဲ နောက်ကျ လူစားဝင် ကစားသမားအဖြစ်သာ ကစားခဲ့ရတာဟာ ရှက်စရာကောင်းတယ်လို့ ဖီးနဗီးက ဝေဖန်ပြောဆိုခဲ့ပါတယ်။
၂ပွဲဆက်ရှုံးပြီးနောက် အဲဗာတန်ကို ပြန်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ခြေစွမ်း အတက်အကျတွေ များနေသလို သူတို့အနေနဲ့ အဲဗာတန်ပွဲက စိတ်အား ထက်သန်မှုနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုမျိုး အပတ်တိုင်း ပြသဖို့ လိုတယ်လို့ ဆိုးလ်ရှားက တိုက်တွန်းခဲ့ပါတယ်။
ဒီရာသီ ယူနိုက်တက်မှာခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတဲ့ ပေါ့ဘာကို နောက်နွေရာသီမှာ ပေါင်၅၄သန်းနဲ့ ရောင်းချဖို့ ကလပ်က ပြင်ဆင်နေပြီး ဂျူဗင်တပ်နဲ့ အတူ ရီးရဲလ်မက်ဒရစ်ကလဲ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲအပြီး စနေနေ့ လိဂ်ပွဲကစားရတဲ့ ပွဲချိန်ဇယားအပေါ် ဆိုးလ်ရှားရဲ့ စောဒတက်မှုကို ကလော့ပ်ကလဲ ထောက်ခံခဲ့ပြီး ပွဲကြပ်ကာလမှာ ၃ရက်တောင် မနားရတာက မဖြစ်သင့်ဘူးလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
အဲဗာတန်နဲ့ ပွဲအတွင်း ယူနိုက်တက်ကစားသမား ၃ယောက် ဒဏ်ရာရခဲ့ပြီး လူစားလဲခဲ့ရသလို လုခ်ရှော၊ လင်ဒီလောဖ့်နဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ တံကောက်ကြော၊ နောက်ကျောနဲ့ ပုခုံးဒဏ်ရာ အသီးသီးရခဲ့တာဖြစ်ကြောင်း ဆိုးလ်ရှားကအတည်ပြုခဲ့ပါတယ်။
အဲဗာတန်ကို ၃-၁နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ၂ဂိုးသွင်းယူခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်ဟာ ဆိုးလ်ရှားရဲ့ အသင်းအတွက် ကမ္ဘာ့အဆင့် အဖိုးတန် ကစားသမား ဖြစ်တယ်လို့ ဖီးနဗီး ထင်နေပြီး ၎င်းဟာ အဲရစ်ကန်တိုနာနဲ့ ရွန်းနီတို့လို အရည်အချင်းရှိတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
Zawgyi – အာဆင္နယ္နဲ႔ပြဲမွာ ပင္နယ္တီေပးခဲ့တဲ့ေနာက္ ေပါ့ဘာဟာ ပြဲထြက္စာရင္းမွာ ပါဝင္ခြင့္မရေတာ့ပဲ အဲဗာတန္နဲ႔ပြဲမွာလဲ ေနာက္က် လူစားဝင္ ကစားသမားအျဖစ္သာ ကစားခဲ့ရတာဟာ ရွက္စရာေကာင္းတယ္လို႔ ဖီးနဗီးက ေဝဖန္ေျပာဆိုခဲ့ပါတယ္။
၂ပြဲဆက္ရႈံးၿပီးေနာက္ အဲဗာတန္ကို ျပန္ႏိုင္ခဲ့တဲ့ ယူႏိုက္တက္ဟာ ေျခစြမ္း အတက္အက်ေတြ မ်ားေနသလို သူတို႔အေနနဲ႔ အဲဗာတန္ပြဲက စိတ္အား ထက္သန္မႈနဲ႔ စိတ္ဓာတ္ႀကံ့ခိုင္မႈမ်ိဳး အပတ္တိုင္း ျပသဖို႔ လိုတယ္လို႔ ဆိုးလ္ရွားက တိုက္တြန္းခဲ့ပါတယ္။
ဒီရာသီ ယူႏိုက္တက္မွာေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရတဲ့ ေပါ့ဘာကို ေနာက္ေႏြရာသီမွာ ေပါင္၅၄သန္းနဲ႔ ေရာင္းခ်ဖို႔ ကလပ္က ျပင္ဆင္ေနၿပီး ဂ်ဴဗင္တပ္နဲ႔ အတူ ရီးရဲလ္မက္ဒရစ္ကလဲ သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။
ဗုဒၶဟူးေန႔ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲအၿပီး စေနေန႔ လိဂ္ပြဲကစားရတဲ့ ပြဲခ်ိန္ဇယားအေပၚ ဆိုးလ္ရွားရဲ႕ ေစာဒတက္မႈကို ကေလာ့ပ္ကလဲ ေထာက္ခံခဲ့ၿပီး ပြဲၾကပ္ကာလမွာ ၃ရက္ေတာင္ မနားရတာက မျဖစ္သင့္ဘူးလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
အဲဗာတန္နဲ႔ ပြဲအတြင္း ယူႏိုက္တက္ကစားသမား ၃ေယာက္ ဒဏ္ရာရခဲ့ၿပီး လူစားလဲခဲ့ရသလို လုခ္ေရွာ၊ လင္ဒီေလာဖ့္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ဟာ တံေကာက္ေၾကာ၊ ေနာက္ေက်ာနဲ႔ ပုခုံးဒဏ္ရာ အသီးသီးရခဲ့တာျဖစ္ေၾကာင္း ဆိုးလ္ရွားကအတည္ျပဳခဲ့ပါတယ္။
အဲဗာတန္ကို ၃-၁နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ၂ဂိုးသြင္းယူခဲ့တဲ့ ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဆိုးလ္ရွားရဲ႕ အသင္းအတြက္ ကမာၻ႔အဆင့္ အဖိုးတန္ ကစားသမား ျဖစ္တယ္လို႔ ဖီးနဗီး ထင္ေနၿပီး ၎ဟာ အဲရစ္ကန္တိုနာနဲ႔ ႐ြန္းနီတို႔လို အရည္အခ်င္းရွိတယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။