ယူနိုက်တက်ဟာ ဆုဖလားတွေ စိန်ခေါ်နိုင်မယ့်အနေအထားနဲ့ ဝေးကွာနေဆဲ ဖြစ်သလို အောင်မြင်မှုရချင်ရင် ဘရူနိုဖာနန်ဒက်စ်လို အရည်အချင်းရှိတဲ့ ကစားသမား ၄ယောက် ထပ်ခေါ်ဖို့ လိုတယ်လို့ လူးဝစ်ဆာဟာက အကြံပေးခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကွာရန်တင်း စည်းမျဉ်းတွေကြောင့် ခံစစ်မှူး လင်ဒီလော့ဖ်ကို ဆွီဒင်လက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းဖို့ တားဆီးခဲ့ပါတယ်။ ဆီဒင်အသင်းဟာ ဒိန်းမတ်နဲ့ ခြေစမ်းပွဲ ကစားဖို့ ရှိနေပါတယ်။
ဗြိတိန် အစိုးရဟာ ယူနိုက်တက် တိုက်စစ်မှူး ရက်ဖို့ဒ် ဦးဆောင် တောင်းဆိုခဲ့တဲ့ ကျောင်းတွေမှာ နေ့လည်စာ အခမဲ့ကျွေးဖို့ အစီအစဉ်ကို ပေါင် သန်း ၁၇၀ ဘတ်ဂျက်နဲ့ သုံးစွဲဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။
ကြားရက် ဗုဒ္ဓဟူးညမှာ ဥရောပပွဲ ကန်ပြီးနောက် စနေနေ့ နေ့လည်ခင်းမှာ ပရီးမီးယားလိဂ် ပွဲ ကန်ခိုင်းတာက ယူနိုက်တက်ကို ရှုံးအောင် လုပ်နေတာပဲလို့ ဆိုးရှားက ပေါက်ကွဲခဲ့သလို လီဗာပူးနည်းပြ ယာဂင်ကလော့ပ်ကလည်း ပွဲစဉ်ရေးဆွဲမှုက အဆင်မပြေကြောင်း ထောက်ခံ စောဒက တက်ခဲ့ပါတယ်။
ရိုမဲရိုးဟာ အားကိုးရတဲ့ အရန်ဂိုးသမားဖြစ်ခဲ့ပေမယ့် ဒင်းဟန်ဒါဆန် ရောက်လာတဲ့နောက် နေရာပျောက်ခဲ့ပြီး အသင်းကနေ ထွက်ခွာဖို့ အလားအလာ ရှိနေသလို သူတစ်ယောက်တည်း လေ့ကျင့်ရေးဆင်းခဲ့ပြီး အသင်းမှာ အရေးမပါတဲ့သူဖြစ်တယ် ဆိုတာကို ပြသခဲ့ပါတယ်။
လုခ်ရှောဟာ သုံးရက်အတွင်း ယူနိုက်တက် နောက်ဆုံး ကစားခဲ့ရတဲ့ နှစ်ပွဲလုံး ပါဝင် ကစားခဲ့ကာ နှစ်ပွဲဆက်လည်း ဂိုးထောက်ပံ့မှုများ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
Zawgyi – ယူႏိုက္တက္ဟာ ဆုဖလားေတြ စိန္ေခၚႏိုင္မယ့္အေနအထားနဲ႔ ေဝးကြာေနဆဲ ျဖစ္သလို ေအာင္ျမင္မႈရခ်င္ရင္ ဘ႐ူႏိုဖာနန္ဒက္စ္လို အရည္အခ်င္းရွိတဲ့ ကစားသမား ၄ေယာက္ ထပ္ေခၚဖို႔ လိုတယ္လို႔ လူးဝစ္ဆာဟာက အႀကံေပးခဲ့ပါတယ္။
ယူနိုက္တက္ဟာ ကြာရန္တင္း စည္းမ်ဥ္းေတြေၾကာင့္ ခံစစ္မွဴး လင္ဒီေလာ့ဖ္ကို ဆြီဒင္လက္ေရြးစင္ အသင္းနဲ႕ သြားေရာက္ ပူးေပါင္းဖို႔ တားဆီးခဲ့ပါတယ္။ ဆီဒင္အသင္းဟာ ဒိန္းမတ္နဲ႕ ေျခစမ္းပြဲ ကစားဖို႔ ရွိေနပါတယ္။
ျဗိတိန္ အစုိးရဟာ ယူနိုက္တက္ တိုက္စစ္မွဴး ရက္ဖို႔ဒ္ ဦးေဆာင္ ေတာင္းဆိုခဲ့တဲ့ ေက်ာင္းေတြမွာ ေန႔လည္စာ အခမဲ့ေကၽြးဖို႔ အစီအစဥ္ကို ေပါင္ သန္း ၁၇၀ ဘတ္ဂ်က္နဲ႕ သံုးစြဲဖို႔ ဆံုးျဖတ္လိုက္ျပီ ျဖစ္ပါတယ္။
ၾကားရက္ ဗုဒၶဟူးညမွာ ဥေရာပပြဲ ကန္ျပီးေနာက္ စေနေန႔ ေန႔လည္ခင္းမွာ ပရီးမီးယားလိဂ္ ပြဲ ကန္ခိုင္းတာက ယူနိုက္တက္ကို ရွံဳးေအာင္ လုပ္ေနတာပဲလို႔ ဆိုးရွားက ေပါက္ကြဲခဲ့သလို လီဗာပူးနည္းျပ ယာဂင္ကေလာ့ပ္ကလည္း ပြဲစဥ္ေရးဆြဲမႈက အဆင္မေျပေၾကာင္း ေထာက္ခံ ေစာဒက တက္ခဲ့ပါတယ္။
႐ိုမဲ႐ိုးဟာ အားကိုးရတဲ့ အရန္ဂိုးသမားျဖစ္ခဲ့ေပမယ့္ ဒင္းဟန္ဒါဆန္ ေရာက္လာတဲ့ေနာက္ ေနရာေပ်ာက္ခဲ့ၿပီး အသင္းကေန ထြက္ခြာဖို႔ အလားအလာ ရွိေနသလို သူတစ္ေယာက္တည္း ေလ့က်င့္ေရးဆင္းခဲ့ၿပီး အသင္းမွာ အေရးမပါတဲ့သူျဖစ္တယ္ ဆိုတာကို ျပသခဲ့ပါတယ္။
လုခ္ေရွာဟာ သံုးရက္အတြင္း ယူနိုက္တက္ ေနာက္ဆံုး ကစားခဲ့ရတဲ့ နွစ္ပြဲလံုး ပါ၀င္ ကစားခဲ့ကာ နွစ္ပြဲဆက္လည္း ဂိုးေထာက္ပံ့မႈမ်ား ျပဳလုပ္ေပးနုိင္ခဲ့ပါတယ္။