ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (09/11/20)

အာဆင်နယ်ဟာ အက်စ်တွန်ဗီလာကိုလဲ ဂိုးမသွင်းနိုင်ပဲ ၃-ဝနဲ့ ရှုံးခဲ့တဲ့နောက် လိဂ် ၈ပွဲမှာ စုစုပေါင်း သွင်းဂိုး၉ဂိုးသာ ရရှိခဲ့ကာ ၂၂နှစ်အတွင်း သူတို့ရဲ့ သွင်းဂိုးပမာဏ အနည်းဆုံးအဖြစ် မှတ်တမ်းဆိုးကို ရရှိခဲ့ပါတယ်။

သောမတ်စ်ပါတေးဟာ ဗီလာနဲ့ပွဲမှာ ၄၅မိနစ်သာ ကစားခဲ့ရပြီး ပေါင်တံဒဏ်ရာကြောင့် ဒန်နီဆီဘယ်လော့နဲ့ လူစားလဲခဲ့ရသလို ရှုံးပွဲအပြင် အဓိက ကစားသမား ဒဏ်ရာရခဲ့တာက အာဆင်နယ်အတွက် ပိုပြီးအထိနာစေခဲ့ပါတယ်။

ဗီလာကိုရှုံးခဲ့တဲ့နောက် အာဆင်နယ်ဟာ အမှတ်ပေးဇယားမှာ အဆင့် ၁၁ကို ကျဆင်းခဲ့သလို အသင်းရဲ့ ကစားပုံကို ကလပ်ဂန္တဝင် အီယန်ရိုက် က စိတ်ပျက်နေခဲ့ပြီး သူမြင်ခဲ့သမျှထဲမှာ အဆိုးဝါးဆုံး ဂန်းနားအသင်းပဲလို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

နောက်ဆုံး၆ပွဲလုံးမှာ ဂိုးပေါက်ပျောက်ခဲ့တဲ့ လာကာဇက်တီဟာ ဗီလာနဲ့ပွဲမှာ ၁-ဝနဲ့ ရှုံးနေချိန် အပိုင်အခွင့်အရေးတစ်ကြိမ်ကို လွဲချော်ခဲ့တဲ့နောက် ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် အာတီတာကတော့ သူ့ရဲ့ပုံစံကောင်းပြန်ရဖို့ မိမိမှာသာ တာဝန်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

မနေ့ကပွဲမှာ အာဆင်နယ်ရဲ့ပုံစံဟာ သူ့ရဲ့နည်းပြဘဝ အဆိုးဝါးဆုံး ဖြစ်ခဲ့တယ်လို့ အာတီတာက ဝေဖန်ခဲ့ပြီး သူမြင်နေကျ ပုံစံကောင်းတွေနဲ့ အသင်းကို မမြင်တွေ့ခဲ့ရဘဲ နေရာတိုင်းမှာ ဗီလာထက်နိမ့်ကျနေတဲ့အသင်းကိုသာ မြင်ခဲ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။

လိုင်ယွန်ကွင်းလယ်လူ အာဝါဟာ နွေရာသီမှာ အာဆင်နယ်နဲ့ ချိတ်ဆက်နေခဲ့တဲ့နောက် အပြောင်းအရွှေ့လုပ်ဖို့ မအောင်မြင်ခဲ့ပေမယ့် သူဟာ ပရီးမီးယားလိဂ်ကို လာကစားဖို့ အလိုရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ငယ်ငယ်တုန်းက အာဆင်နယ်ပရိသတ်ဖြစ်ခဲ့တဲ့ အိုလီဝက်ကင်းစ်ဟာ ဗီလာနဲ့အတူ သူတို့ဘက်ကို၂ဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်နေပေမယ့် ဂန်းနားတွေဖြစ်တဲ့ အဖိုးနဲ့ ဦးလေးဖြစ်သူတို့က ပျော်ပါ့မလားဆိုတာ မသေချာဘူးလို့ ဖွင့်ဟခဲ့ပါတယ်။

ရွှေဖိနပ်ဆုရှင်ဖြစ်ခဲ့တဲ့ အူဘာမီးယန်းက ဒီနှစ်မှာ ဂိုးပေါက်ပျောက်နေခဲ့ပြီး လာကာဇက်တီတို့နဲ့ ဝီလီယံတို့လဲ ရုန်းကန်နေရတဲ့နောက် အသင်းရဲ့ တိုက်စစ်ရွေးချယ်ပုံကို ပြောင်းလဲတော့မှာဖြစ်ကြောင်း အာတီတာက အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

Zawgyi – အာဆင္နယ္ဟာ အက္စ္တြန္ဗီလာကိုလဲ ဂိုးမသြင္းႏိုင္ပဲ ၃-၀နဲ႔ ရႈံးခဲ့တဲ့ေနာက္ လိဂ္ ၈ပြဲမွာ စုစုေပါင္း သြင္းဂိုး၉ဂိုးသာ ရရွိခဲ့ကာ ၂၂ႏွစ္အတြင္း သူတို႔ရဲ႕ သြင္းဂိုးပမာဏ အနည္းဆုံးအျဖစ္ မွတ္တမ္းဆိုးကို ရရွိခဲ့ပါတယ္။

ေသာမတ္စ္ပါေတးဟာ ဗီလာနဲ႔ပြဲမွာ ၄၅မိနစ္သာ ကစားခဲ့ရၿပီး ေပါင္တံဒဏ္ရာေၾကာင့္ ဒန္နီဆီဘယ္ေလာ့နဲ႔ လူစားလဲခဲ့ရသလို ရႈံးပြဲအျပင္ အဓိက ကစားသမား ဒဏ္ရာရခဲ့တာက အာဆင္နယ္အတြက္ ပိုၿပီးအထိနာေစခဲ့ပါတယ္။

ဗီလာကိုရႈံးခဲ့တဲ့ေနာက္ အာဆင္နယ္ဟာ အမွတ္ေပးဇယားမွာ အဆင့္ ၁၁ကို က်ဆင္းခဲ့သလို အသင္းရဲ႕ ကစားပုံကို ကလပ္ဂႏၲဝင္ အီယန္႐ိုက္ က စိတ္ပ်က္ေနခဲ့ၿပီး သူျမင္ခဲ့သမွ်ထဲမွာ အဆိုးဝါးဆုံး ဂန္းနားအသင္းပဲလို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ေနာက္ဆုံး၆ပြဲလုံးမွာ ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ လာကာဇက္တီဟာ ဗီလာနဲ႔ပြဲမွာ ၁-၀နဲ႔ ရႈံးေနခ်ိန္ အပိုင္အခြင့္အေရးတစ္ႀကိမ္ကို လြဲေခ်ာ္ခဲ့တဲ့ေနာက္ ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္ အာတီတာကေတာ့ သူ႔ရဲ႕ပုံစံေကာင္းျပန္ရဖို႔ မိမိမွာသာ တာဝန္ရွိေၾကာင္း ဝန္ခံခဲ့ပါတယ္။

မေန႔ကပြဲမွာ အာဆင္နယ္ရဲ႕ပုံစံဟာ သူ႔ရဲ႕နည္းျပဘဝ အဆိုးဝါးဆုံး ျဖစ္ခဲ့တယ္လို႔ အာတီတာက ေဝဖန္ခဲ့ၿပီး သူျမင္ေနက် ပုံစံေကာင္းေတြနဲ႔ အသင္းကို မျမင္ေတြ႕ခဲ့ရဘဲ ေနရာတိုင္းမွာ ဗီလာထက္နိမ့္က်ေနတဲ့အသင္းကိုသာ ျမင္ခဲ့ရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လိုင္ယြန္ကြင္းလယ္လူ အာဝါဟာ ေႏြရာသီမွာ အာဆင္နယ္နဲ႔ ခ်ိတ္ဆက္ေနခဲ့တဲ့ေနာက္ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ မေအာင္ျမင္ခဲ့ေပမယ့္ သူဟာ ပရီးမီးယားလိဂ္ကို လာကစားဖို႔ အလိုရွိေနဆဲျဖစ္တယ္လို႔ သိရပါတယ္။

ငယ္ငယ္တုန္းက အာဆင္နယ္ပရိသတ္ျဖစ္ခဲ့တဲ့ အိုလီဝက္ကင္းစ္ဟာ ဗီလာနဲ႔အတူ သူတို႔ဘက္ကို၂ဂိုးသြင္းႏိုင္ခဲ့လို႔ ေပ်ာ္႐ႊင္ေနေပမယ့္ ဂန္းနားေတြျဖစ္တဲ့ အဖိုးနဲ႔ ဦးေလးျဖစ္သူတို႔က ေပ်ာ္ပါ့မလားဆိုတာ မေသခ်ာဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။

ေ႐ႊဖိနပ္ဆုရွင္ျဖစ္ခဲ့တဲ့ အူဘာမီးယန္းက ဒီႏွစ္မွာ ဂိုးေပါက္ေပ်ာက္ေနခဲ့ၿပီး လာကာဇက္တီတို႔နဲ႔ ဝီလီယံတို႔လဲ ႐ုန္းကန္ေနရတဲ့ေနာက္ အသင္းရဲ႕ တိုက္စစ္ေ႐ြးခ်ယ္ပုံကို ေျပာင္းလဲေတာ့မွာျဖစ္ေၾကာင္း အာတီတာက အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။