ပေါ့ဘာဟာ ယူနိုက်တက်ရဲ့ နောက်ဆုံး ၂ပွဲမှာ ပွဲထွက်ခွင့်မရခဲ့သလို ဒီရာသီမှာ စုစုပေါင်း လိဂ်၇ပွဲ ကစားခဲ့ရပေမယ့် ဂိုးနဲ့ ဖန်တီးမှု တစ်ကြိမ်မှ မပြုလုပ်နိုင်သေးတာဖြစ်ပြီး ကလပ်မှာ သူ့ရဲ့အခြေအနေကို မပျော်နေဘူးလို့ ဒက်ချမ့်က ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဆိုးလ်ရှားကို အစားထိုးဖို့အတွက် ပိုချက်တီနိုကို ဆက်သွယ်ခဲ့တယ် ဆိုတဲ့ သတင်းတွေကို ရီယိုဖာဒီနန်က ဝေဖန်ခဲ့ပြီး မိမိတို့ဘုတ်အဖွဲ့က လက်ရှိ နည်းပြအပေါ် မလေးမစား လုပ်မှာမဟုတ်ဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာမှာ ကစားချိန်ရဖို့ရုန်းကန်နေရတဲ့ ဒမ်ဘီလီကို ဆန်ချိုရဲ့အစား ခေါ်ယူဖို့ ယူနိုက်တက်က ပစ်မှတ်ထားနေခဲ့တာဖြစ်ပေမယ့် အခု ဖာတီ ဒဏ်ရာရသွားတာကြောင့် ဒမ်ဘီလီ ပုံမှန်ကစားရတော့မှာမို့ အပြောင်းအရွှေ့က ဖြစ်နိုင်ဖွယ် မရှိတော့ပါဘူး။
အဲဗာတန်နဲ့ပွဲမှာ မေဆန်ဂရင်းဝုဒ် မပါဝင်လာတာဟာ နေမကောင်းလို့ဖြစ်ကြောင်း ဆိုးလ်ရှားက ဖြေရှင်းခဲ့ပေမယ့် လေ့ကျင့်ရေးမှာ သူရဲ့ ခြေစွမ်း ပျောက်ဆုံးမှုကြောင့်သာ ဖြစ်ပြီး ဘောလုံးမရယူနိုင်လို့ ဖာနန်ဒက်စ်နဲ့တောင် အဆင်မပြေဖြစ်ခဲ့တယ်လို့ သိရပါတယ်။
လင်ဒီလော့ဖ်ရဲ့နိုင်ငံအသင်းဖြစ်တဲ့ ဆွီဒင်ဟာ ဒိန်းမတ်နဲ့ ကစားရမှာဖြစ်ပြီး အဲ့ဒီ့မှာ ကိုဗစ်ရောဂါက ထိန်းချုပ်နိုင်ခြင်းမရှိတာကြောင့် ယူနိုက်တက်က သူတို့ရဲ့ နောက်ခံလူကို နိုင်ငံအသင်းထံ ပြန်မလွှတ်ပဲ ကလပ်မှာပဲ ဆက်ထိန်းထားမှာ ဖြစ်ပါတယ်။
ဒင်းဟန်ဒါဆန်ဟာ ယူနိုက်တက်ကို ပြန်လာခဲ့တုန်းက နံပါတ်တစ်ဂိုးသမားဖြစ်ဖို့ မျှော်လင့်ခဲ့ပေမယ့် အခု ဒီဂီယာကပဲ နေရာယူထားတာဖြစ်သလို သူ့အနေနဲ့ အင်္ဂလန်အသင်းမှာ ပါဝင်နိုင်အောင် ပုံမှန်ကစားခွင့်ရဖို့အတွက် အငှားထွက်ဖို့ စဉ်းစားနေပါတယ်။
Zawgyi – ေပါ့ဘာဟာ ယူႏိုက္တက္ရဲ႕ ေနာက္ဆုံး ၂ပြဲမွာ ပြဲထြက္ခြင့္မရခဲ့သလို ဒီရာသီမွာ စုစုေပါင္း လိဂ္၇ပြဲ ကစားခဲ့ရေပမယ့္ ဂိုးနဲ႔ ဖန္တီးမႈ တစ္ႀကိမ္မွ မျပဳလုပ္ႏိုင္ေသးတာျဖစ္ၿပီး ကလပ္မွာ သူ႔ရဲ႕အေျခအေနကို မေပ်ာ္ေနဘူးလို႔ ဒက္ခ်မ့္က ေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဆိုးလ္ရွားကို အစားထိုးဖို႔အတြက္ ပိုခ်က္တီႏိုကို ဆက္သြယ္ခဲ့တယ္ ဆိုတဲ့ သတင္းေတြကို ရီယိုဖာဒီနန္က ေဝဖန္ခဲ့ၿပီး မိမိတို႔ဘုတ္အဖြဲ႕က လက္ရွိ နည္းျပအေပၚ မေလးမစား လုပ္မွာမဟုတ္ဘူးလို႔ အခိုင္အမာေျပာဆိုခဲ့ပါတယ္။
ဘာစီလိုနာမွာ ကစားခ်ိန္ရဖို႔႐ုန္းကန္ေနရတဲ့ ဒမ္ဘီလီကို ဆန္ခ်ိဳရဲ႕အစား ေခၚယူဖို႔ ယူႏိုက္တက္က ပစ္မွတ္ထားေနခဲ့တာျဖစ္ေပမယ့္ အခု ဖာတီ ဒဏ္ရာရသြားတာေၾကာင့္ ဒမ္ဘီလီ ပုံမွန္ကစားရေတာ့မွာမို႔ အေျပာင္းအေ႐ႊ႕က ျဖစ္ႏိုင္ဖြယ္ မရွိေတာ့ပါဘူး။
အဲဗာတန္နဲ႔ပြဲမွာ ေမဆန္ဂရင္းဝုဒ္ မပါဝင္လာတာဟာ ေနမေကာင္းလို႔ျဖစ္ေၾကာင္း ဆိုးလ္ရွားက ေျဖရွင္းခဲ့ေပမယ့္ ေလ့က်င့္ေရးမွာ သူရဲ႕ ေျခစြမ္း ေပ်ာက္ဆုံးမႈေၾကာင့္သာ ျဖစ္ၿပီး ေဘာလုံးမရယူႏိုင္လို႔ ဖာနန္ဒက္စ္နဲ႔ေတာင္ အဆင္မေျပျဖစ္ခဲ့တယ္လို႔ သိရပါတယ္။
လင္ဒီေလာ့ဖ္ရဲ႕ႏိုင္ငံအသင္းျဖစ္တဲ့ ဆြီဒင္ဟာ ဒိန္းမတ္နဲ႔ ကစားရမွာျဖစ္ၿပီး အဲ့ဒီ့မွာ ကိုဗစ္ေရာဂါက ထိန္းခ်ဳပ္ႏိုင္ျခင္းမရွိတာေၾကာင့္ ယူႏိုက္တက္က သူတို႔ရဲ႕ ေနာက္ခံလူကို ႏိုင္ငံအသင္းထံ ျပန္မလႊတ္ပဲ ကလပ္မွာပဲ ဆက္ထိန္းထားမွာ ျဖစ္ပါတယ္။
ဒင္းဟန္ဒါဆန္ဟာ ယူႏိုက္တက္ကို ျပန္လာခဲ့တုန္းက နံပါတ္တစ္ဂိုးသမားျဖစ္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ အခု ဒီဂီယာကပဲ ေနရာယူထားတာျဖစ္သလို သူ႔အေနနဲ႔ အဂၤလန္အသင္းမွာ ပါဝင္ႏိုင္ေအာင္ ပုံမွန္ကစားခြင့္ရဖို႔အတြက္ အငွားထြက္ဖို႔ စဥ္းစားေနပါတယ္။