ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (10/11/20)

ဟိုဆေးမော်ရင်ညို ရွေးချယ်တဲ့ ထာဝရအကောင်းဆုံး ၁၁ယောက် လူစာရင်းမှာ ချယ်ဆီးက ပီတာချက်၊ တယ်ရီ၊ ကာဗယ်ဟို၊ ဂယ်လက်စ်၊ မာကီလီလီ၊ လမ်းပတ်၊ ဒရော့ဘာ၊ ဟာဇက်တို့နဲ့အတူ အများဆုံးအဖြစ် ၈ ယောက်တောင် ပါဝင်ခဲ့ပါတယ်။

ဟာကင်ဇီယက်ခ်ျကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အကျပ်တည်းဆုံးပွဲတွေမှာ ခံစစ်ကို ဖြိုခွင်းနိုင်တဲ့ သူ့ရဲ့ အရည်အသွေးကို လမ်းပတ်က သဘောကျ နေခဲ့ ပေမယ့် သူ့ရဲ့ဒဏ်ရာပြဿနာကြောင့် စိတ်ပျက်နေခဲ့ကြောင်း ရီယိုဖာဒီနန်က သုံးသပ်ခဲ့တယ်။

ပူလီဆစ်ဟာ အက်ဖ်အေဖလားဖိုင်နယ်မှာ ရခဲ့တဲ့ ဒဏ်ရာကြောင့် ရာသီကြိုပြင်ဆင်မှု ကောင်းကောင်းမရှိခဲ့ပဲ ရာသီအစ ရက် သတ္တပတ်တွေကိုလဲ လွဲချော်ခဲ့ပေမယ့် အမေရိကန် အသင်းနဲ့ပြန်လည်ပူးပေါင်းခဲ့ပြီး သူ့ကိုကစားခိုင်းမလားဆိုတာကိုတော့ မသိရသေးပါဘူး။

ချယ်ဆီးဟာ အာမက်ဟော့ဇစ်ကို ခေါ်ယူဖို့စုံစမ်းခဲ့ပေမယ့် ၎င်းရဲ့ အေးဂျင့်ဖြစ်သူက သူ့ကစားသမားဟာ အဲ့ဒီ့ကို လာမှာမဟုတ်ဘူးလို့ ချယ်ဆီး ဒါရိုက်တာ မာရီနာကို သူ့ဘာသူ အကြောင်းပြန်ခဲ့တာဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောပြခဲ့ပါတယ်။

၂၀၁၆မှာ လက်စတာကနေ ချယ်ဆီးထံ သူခေါ်ယူပေးခဲ့တဲ့ ကန်တေကို ကွန်တီက အင်တာအတွက် ပြန်ခေါ်ဖို့ မနှစ်က ကြိုးစားခဲ့ရာ မအောင်မြင် ခဲ့ပေမယ့်လဲ နောက်နွေရာသီမှာ ထပ်မံကြိုးစားဦးမှာဖြစ်တယ်လို့ သိရပါတယ်။

ချယ်ဆီးဟာ အခုချိန်မှာ တောင့်တင်းတဲ့ပုံစံနဲ့ ချီတက်နေသလို ၎င်းတို့ရဲ့ နွေရာသီ အင်အားဖြည့်တင်းမှုအပေါ် အီယန်ရိုက်က အထင်ကြီးနေခဲ့ပြီး သူတို့မှာ ဒီရာသီ လိဂ်ဖလားစိန်ခေါ်ဖို့အတွက် လက်နက်အပြည့်အစုံရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

CIES Observatory က ထုတ်ပြန်တဲ့ အကောင်းဆုံး လူငယ်အကယ်ဒမီစာရင်းမှာ ချယ်ဆီးက လက်ရှိ ထိပ်သီး လိဂ် ၅ခုမှာ ကစားနေတဲ့ အကယ်ဒမီထွက် လူငယ်ကစားသမား အယောက်၂၀ရှိပြီးတော့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။

တိုက်စစ်ရွေးချယ်စရာများနေတဲ့ လမ်းပတ်ဟာ ဂျီရူးကို နေရာမပေးနိုင်တာဖြစ်သလို ပြင်သစ်သားက ယူရို၂၀၂၁မှာ ပါဝင်ခွင့်ရဖို့အတွက် ပုံမှန် ကစားချိန် အလိုရှိနေပြီး ဇန်နဝါရီမှာ အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Zawgyi – ဟိုေဆးေမာ္ရင္ညိဳ ေ႐ြးခ်ယ္တဲ့ ထာဝရအေကာင္းဆုံး ၁၁ေယာက္ လူစာရင္းမွာ ခ်ယ္ဆီးက ပီတာခ်က္၊ တယ္ရီ၊ ကာဗယ္ဟို၊ ဂယ္လက္စ္၊ မာကီလီလီ၊ လမ္းပတ္၊ ဒေရာ့ဘာ၊ ဟာဇက္တို႔နဲ႔အတူ အမ်ားဆုံးအျဖစ္ ၈ ေယာက္ေတာင္ ပါဝင္ခဲ့ပါတယ္။

ဟာကင္ဇီယက္ခ္်ကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ အက်ပ္တည္းဆုံးပြဲေတြမွာ ခံစစ္ကို ၿဖိဳခြင္းႏိုင္တဲ့ သူ႔ရဲ႕ အရည္အေသြးကို လမ္းပတ္က သေဘာက် ေနခဲ့ ေပမယ့္ သူ႔ရဲ႕ဒဏ္ရာျပႆနာေၾကာင့္ စိတ္ပ်က္ေနခဲ့ေၾကာင္း ရီယိုဖာဒီနန္က သံုးသပ္ခဲ့တယ္။

ပူလီဆစ္ဟာ အက္ဖ္ေအဖလားဖိုင္နယ္မွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္ ရာသီႀကိဳျပင္ဆင္မႈ ေကာင္းေကာင္းမရွိခဲ့ပဲ ရာသီအစ ရက္သတၱပတ္ေတြကိုလဲ လြဲေခ်ာ္ခဲ့ေပမယ့္ အေမရိကန္ အသင္းနဲ႔ျပန္လည္ပူးေပါင္းခဲ့ၿပီး သူ႔ကိုကစားခိုင္းမလားဆိုတာကိုေတာ့ မသိရေသးပါဘူး။

ခ်ယ္ဆီးဟာ အာမက္ေဟာ့ဇစ္ကို ေခၚယူဖို႔စုံစမ္းခဲ့ေပမယ့္ ၎ရဲ႕ ေအးဂ်င့္ျဖစ္သူက သူ႔ကစားသမားဟာ အဲ့ဒီ့ကို လာမွာမဟုတ္ဘူးလို႔ ခ်ယ္ဆီး ဒါ႐ိုက္တာ မာရီနာကို သူ႔ဘာသူ အေၾကာင္းျပန္ခဲ့တာျဖစ္ေၾကာင္း ဖခင္ျဖစ္သူက ေျပာျပခဲ့ပါတယ္။

၂၀၁၆မွာ လက္စတာကေန ခ်ယ္ဆီးထံ သူေခၚယူေပးခဲ့တဲ့ ကန္ေတကို ကြန္တီက အင္တာအတြက္ ျပန္ေခၚဖို႔ မႏွစ္က ႀကိဳးစားခဲ့ရာ မေအာင္ျမင္ ခဲ့ေပမယ့္လဲ ေနာက္ေႏြရာသီမွာ ထပ္မံႀကိဳးစားဦးမွာျဖစ္တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးဟာ အခုခ်ိန္မွာ ေတာင့္တင္းတဲ့ပုံစံနဲ႔ ခ်ီတက္ေနသလို ၎တို႔ရဲ႕ ေႏြရာသီ အင္အားျဖည့္တင္းမႈအေပၚ အီယန္႐ိုက္က အထင္ႀကီးေနခဲ့ၿပီး သူတို႔မွာ ဒီရာသီ လိဂ္ဖလားစိန္ေခၚဖို႔အတြက္ လက္နက္အျပည့္အစုံရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

CIES Observatory က ထုတ္ျပန္တဲ့ အေကာင္းဆုံး လူငယ္အကယ္ဒမီစာရင္းမွာ ခ်ယ္ဆီးက လက္ရွိ ထိပ္သီး လိဂ္ ၅ခုမွာ ကစားေနတဲ့ အကယ္ဒမီထြက္ လူငယ္ကစားသမား အေယာက္၂၀ရွိၿပီးေတာ့ အဆင့္ ၁၄ ေနရာမွာ ရပ္တည္ေနပါတယ္။

တိုက္စစ္ေ႐ြးခ်ယ္စရာမ်ားေနတဲ့ လမ္းပတ္ဟာ ဂ်ီ႐ူးကို ေနရာမေပးႏိုင္တာျဖစ္သလို ျပင္သစ္သားက ယူ႐ို၂၀၂၁မွာ ပါဝင္ခြင့္ရဖို႔အတြက္ ပုံမွန္ ကစားခ်ိန္ အလိုရွိေနျပီး ဇန္နဝါရီမွာ အင္တာမီလန္ကို ေျပာင္းေ႐ႊ႕ဖို႔ ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။