ယူနိုက်တက်မှာ ပုံမှန်ပွဲကစားခွင့် မရရင် ထွက်ခွာသွားဖွယ် ရှိတဲ့ ကစားသမား

မန်ချက်စတာယူနိုက်တက်ဟာ အသင်းမှာ ကွင်းလယ်ကစားသမား တော်မီနေးကို ပုံမှန် ပွဲကစားချိန် လုံလောက် အောင် မပေးနိုင်ရင် တော်မီးနေး က ကစားသမားကောင်း ဖြစ်တာကြောင့် အသင်းက ထွက်ခွာသွားနိုင်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဘရိုင်ယန် မက် ကလဲယားက သတိပေးလိုက်ပါတယ်။

စကော့သားဟာ မော်ရင်ညို ယူနိုက်တက်ကို နည်းပြစဉ်က အသင်းကြီးမှာ အခွင့်အရေး ရလာတာ ဖြစ်ပြီး အသင်းမှာ ရေရှည် ဆက် နေရာ ရသွားဖို့ကတော့ သေချာမှု မရရှိသေးပါဘူး။ နည်းပြ ဆိုးရှား ရောက်ရှိလာာပြီးနောက် တော်မီနေးရဲ့ ပုံမှန် ကစားခွင့်နဲ့ ပွဲထွက်ခွင့် က မရေရာဘဲ ဖြစ်လာတာပါ။

ဒီရာသီ အစောပိုင်းမှာ ပေါ့ဘာ ဒဏ်ရာရသွားတာကြောင့် တော်မီးနေးက ကွင်းလယ်မှာ နေရာ ရလာပါသေးတယ်။ ဒါပေမယ့် နည်းပြ ဆိုးရှားက ဒီနွေမှာ ဆန်ချို၊ ဂရေးလစ်ချ်တို့ကို ပစ်မှတ်ထားနေကာ ကွင်းလယ် တိုက်စစ် အင်အားဖြည့်ဖို့ ပြင်ဆင်နေတာကြောင့် မက် ကလဲယားက သတိပေးစကား ဆိုလာခဲ့ပါတယ်။

” စကော့ မက် တော်မီနေးက မန်ချက်စတာ ယူနိုက်တက်မှာသာ ဆက်နေရင် ဂရိတ် ကစားသမားကောင်း တစ်ယောက် ဖြစ်လာမှာပါ။ သူက ဒါရင်း ဖလက်ချာလိုမျိုးပဲ။ အသင်း လူငယ် အကယ်ဒမီက လာတယ်။ ယူနိုက်တက် ပရိသတ် တစ်ယောက်လည်း ဖြစ်တော့ ဒီအသင်း အတွက်ပဲ အားထည့်တယ် ကစားတယ်။ ဒဏ်ရာ ပြသနာတွေ နေမကောင်းတာတွေ အဆင်မပြေတာတွေကို ကျော်ဖြတ် လာရတယ်။

တော်မီနေးကလည်း ယူနိုက်တက် ဂရိတ် တစ်ဦး ဖြစ်လာနိုင်တယ်။ သူ အသင်းမှာ ရေရှည် ဆက်နေသွားဖို့ ကျနော် မျှော်လင့်ပါတယ်။ ဒါပေမယ့် သိပ် မဝေးတဲ့ ကာလတစ်ခုမှာ အသင်းကြီး အသင်းကောင်းတွေက သူ့ကို ချိတ်ဆက်လာပြီး သူကိုယ်တိုင်လည်း အသင်းမှာ နေရာ မရရင် ယူနိုက်တက်ကနေ ထွက်ခွာကောင်း ထွက်ခွာ သွားရနိုင်တယ်။ ဒီလို ဖြစ်လာရင်တော့လည်း အံ့အားသင့်ရမှာ မဟုတ်ဘူး။ ” လို့ ၎င်းက သုံးသပ် ပြောဆိုခဲ့ပါတယ်။

တော်မီနေးဟာ ဆိုးရှား ယူနိုက်တက် နည်းပြ ဖြစ်လာပြီးနောက် ဆဲလ်တစ် အသင်းထံ ပြောင်းရွှေ့လုနီးပါးလည်း ဖြစ်ခဲ့သေးပြီး မန်ချက်စတာမှာ ဆက်နေဖို့သာ ရွေးချယ်ဖြစ်ခဲ့တာပါ။

Zawgyi – မန္ခ်က္စတာယူနိုက္တက္ဟာ အသင္းမွာ ကြင္းလယ္ကစားသမား ေတာ္မီေနးကို ပံုမွန္ ပြဲကစားခ်ိန္ လံုေလာက္ ေအာင္ မေပးနုိင္ရင္ ေတာ္မီးေနး က ကစားသမားေကာင္း ျဖစ္တာေၾကာင့္ အသင္းက ထြက္ခြာသြားနုိင္တယ္လို႔ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဘရိုင္ယန္ မက္ ကလဲယားက သတိပေးလိုက္ပါတယ္။

စေကာ့သားဟာ ေမာ္ရင္ညိဳ ယူနိုက္တက္ကို နည္းျပစဥ္က အသင္းၾကီးမွာ အခြင့္အေရး ရလာတာ ျဖစ္ျပီး အသင္းမွာ ေရရွည္ ဆက္ ေနရာ ရသြားဖို႔ကေတာ့ ေသခ်ာမႈ မရရွိေသးပါဘူး။ နည္းျပ ဆိုးရွား ေရာက္ရွိလာာျပီးေနာက္ ေတာ္မီေနးရဲ႕ ပံုမွန္ ကစားခြင့္နဲ႕ ပြဲထြက္ခြင့္ က မေရရာဘဲ ျဖစ္လာတာပါ။

ဒီရာသီ အေစာပိုင္းမွာ ေပါ့ဘာ ဒဏ္ရာရသြားတာေၾကာင့္ ေတာ္မီးေနးက ကြင္းလယ္မွာ ေနရာ ရလာပါေသးတယ္။ ဒါေပမယ့္ နည္းျပ ဆိုးရွားက ဒီေႏြမွာ ဆန္ခ်ိဳ၊ ဂေရးလစ္ခ်္တို႔ကို ပစ္မွတ္ထားေနကာ ကြင္းလယ္ တိုက္စစ္ အင္အားျဖည့္ဖို႔ ျပင္ဆင္ေနတာေၾကာင့္ မက္ ကလဲယားက သတိေပးစကား ဆိုလာခဲ့ပါတယ္။

” စေကာ့ မက္ ေတာ္မီေနးက မန္ခ်က္စတာ ယူနိုက္တက္မွာသာ ဆက္ေနရင္ ဂရိတ္ ကစားသမားေကာင္း တစ္ေယာက္ ျဖစ္လာမွာပါ။ သူက ဒါရင္း ဖလက္ခ်ာလိုမ်ိဳးပဲ။ အသင္း လူငယ္ အကယ္ဒမီက လာတယ္။ ယူနိုက္တက္ ပရိသတ္ တစ္ေယာက္လည္း ျဖစ္ေတာ့ ဒီအသင္း အတြက္ပဲ အားထည့္တယ္ ကစားတယ္။ ဒဏ္ရာ ျပသနာေတြ ေနမေကာင္းတာေတြ အဆင္မေျပတာေတြကို ေက်ာ္ျဖတ္ လာရတယ္။

ေတာ္မီေနးကလည္း ယူနိုက္တက္ ဂရိတ္ တစ္ဦး ျဖစ္လာနုိင္တယ္။ သူ အသင္းမွာ ေရရွည္ ဆက္ေနသြားဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္။ ဒါေပမယ့္ သိပ္ မေ၀းတဲ့ ကာလတစ္ခုမွာ အသင္းၾကီး အသင္းေကာငး္ေတြက သူ႔ကို ခ်ိတ္ဆက္လာျပီး သူကိုယ္တိုင္လည္း အသင္းမွာ ေနရာ မရရင္ ယူနိုက္တက္ကေန ထြက္ခြာေကာင္း ထြက္ခြာ သြားရနိုင္တယ္။ ဒီလို ျဖစ္လာရင္ေတာ့လည္း အံ့အားသင့္ရမွာ မဟုတ္ဘူး။ ” လို႔ ၄င္းက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ေတာ္မီေနးဟာ ဆိုးရွား ယူနုိက္တက္ နည္းျပ ျဖစ္လာျပီးေနာက္ ဆဲလ္တစ္ အသင္းထံ ေျပာင္းေရႊ႕လုနီးပါးလည္း ျဖစ္ခဲ့ေသးျပီး မန္ခ်က္စတာမွာ ဆက္ေနဖို႔သာ ေရြးခ်ယ္ျဖစ္ခဲ့တာပါ။