ဆိုးလ်ရှားသုံးခဲ့တဲ့ ကွင်းလယ်ကစားကွက်မျိုးစုံမှာ ဖာနန်ဒက်စ်ကိုအရှေ့တင်ပြီး တော်မီနေးနဲ့ဖရက်တို့ကို တွဲကစားစေတာ အလုပ်ဖြစ်ခဲ့ပေမယ့် မီကာရစ်ချတ်ကတော့ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို တွဲဖက်အဖြစ် အခွင့်အရေး ပေးသင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ရလဒ်ကောင်းတွေ ရလိုက် ခြေစွမ်းကောင်းတွေ ပြန်ပျောက်သွားလိုက် ဖြစ်နေတဲ့ မတည်ငြိမ်မှုကို ရှင်းထုတ် ပစ်နိုင်ဖို့ လိုအပ်နေပြီး နည်းပြနဲ့ ကစားသမားတွေ အခြေကျနိုင်ဖို့ အဲဒါက အရေးကြီးဆုံးပဲ ဖြစ်ကြောင်း နဗီးလ်က ဆိုခဲ့ပါတယ်။
ဂရင်းဝုဒ်ဟာ အခု အသင်းကြီးမှာ ပုံမှန် ကစားသမားဖြစ်လာခဲ့သလို ယူနိုက်တက် အကယ်ဒမီမှာတုန်းက သူနဲ့ ဂျိမ်းစ်ဂါနာတို့ဟာ အတော်ဆုံး ကစားသမားတွေ ဖြစ်ခဲ့တာကြောင့် သူတို့ကို မနာလို ဖြစ်ခဲ့ဖူးတယ်လို့ ဘရန်ဒန်ဝီလီယံက ဝန်ခံခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဝေဖန်မှုတွေကို ခပ်ပြတ်ပြတ် တွန်းလှန်ပစ်နိုင်ဖို့ တည်ငြိမ်တဲ့ စိတ်ဓာတ်ပိုင်း အသင်းသားတွေ ပိုင်ဆိုင်ထားဖို့ လိုကြောင်း တိုက်စစ်မှူးဟောင်းကြီး အန်ဒီကိုးလ်က တိုက်တွန်းခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ် တိုက်စစ်သမား လင်ဂတ်ဟာ သူ့ရဲ့ အေးဂျင့် ရွိုင်းအိုလာရဲ့ အကူအညီနဲ့ အတူ အသင်းပြောင်းဖို့ ကလပ်အသင်း များစွာနဲ့ ချိတ်ဆက်မှုတွေ ရှိထားကြောင်း ESPN က ဖော်ထုတ်ခဲ့ပါတယ်။
နည်းပြဟောင်း မော်ရင်ညိုသာ လက်ရှိကလပ် စပါးအသင်းနဲ့ အတူ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်သွားရင် မန်ယူနိုက်တက် ပရိသတ်တွေ အိပ်မက်က လန့်နိုးသလို အလန့်တကြား ဖြစ်ပြီး ကြေကွဲသွားနိုင်ကြောင်း ဂယ်ရီ နဗီးလ်က စိတ်ကူးပုံဖော် ပြောဆိုခဲ့ပါတယ်။
Zawgyi – ဆိုးလ္ရွားသုံးခဲ့တဲ့ ကြင္းလယ္ကစားကြက္မ်ိဳးစုံမွာ ဖာနန္ဒက္စ္ကိုအေရွ႕တင္ၿပီး ေတာ္မီေနးနဲ႔ဖရက္တို႔ကို တြဲကစားေစတာ အလုပ္ျဖစ္ခဲ့ေပမယ့္ မီကာရစ္ခ်တ္ကေတာ့ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ကို တြဲဖက္အျဖစ္ အခြင့္အေရးေပးသင့္တယ္လို႔ တိုက္တြန္းခဲ့ပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္ဟာ ရလဒ္ေကာင္းေတြ ရလိုက္ ေျခစြမ္းေကာင္းေတြ ျပန္ေပ်ာက္သြားလိုက္ ျဖစ္ေနတဲ့ မတည္ျငိမ္မႈကို ရွင္းထုတ္ ပစ္နုိင္ဖို႕ လိုအပ္ေနျပီး နည္းျပနဲ႕ ကစားသမားေတြ အေျခက်နုိင္ဖို႔ အဲဒါက အေရးၾကီးဆံုးပဲ ျဖစ္ေၾကာင္း နဗီးလ္က ဆိုခဲ့ပါတယ္။
ဂရင္းဝုဒ္ဟာ အခု အသင္းႀကီးမွာ ပုံမွန္ ကစားသမားျဖစ္လာခဲ့သလို ယူႏိုက္တက္ အကယ္ဒမီမွာတုန္းက သူနဲ႔ ဂ်ိမ္းစ္ဂါနာတို႔ဟာ အေတာ္ဆုံး ကစားသမားေတြ ျဖစ္ခဲ့တာေၾကာင့္ သူတို႔ကို မနာလို ျဖစ္ခဲ့ဖူးတယ္လို႔ ဘရန္ဒန္ဝီလီယံက ဝန္ခံခဲ့ပါတယ္။
ယူနိုက္တက္ဟာ ေ၀ဖန္မႈေတြကို ခပ္ျပတ္ျပတ္ တြန္းလွန္ပစ္နုိင္ဖို႔ တည္ျငိမ္တဲ့ စိတ္ဓာတ္ပိုင္း အသင္းသားေတြ ပိုင္ဆိုင္ထားဖို႔ လိုေၾကာင္း တိုက္စစ္မွဴးေဟာင္းၾကီး အန္ဒီကိုးလ္က တိုက္တြန္းခဲ့ပါတယ္။
ယူနိုက္တက္ ကြင္းလယ္ တိုက္စစ္သမား လင္ဂတ္ဟာ သူ႔ရဲ႕ ေအးဂ်င့္ ရြိဳင္းအိုလာရဲ႕ အကူအညီနဲ႕ အတူ အသင္းေျပာင္းဖို႔ ကလပ္အသင္း မ်ားစြာနဲ႕ ခ်ိတ္ဆက္မႈေတြ ရွိထားေၾကာင္း ESPN က ေဖာ္ထုတ္ခဲ့ပါတယ္။
နည္းျပေဟာင္း ေမာ္ရင္ညိဳသာ လက္ရွိကလပ္ စပါးအသင္းနဲ႕ အတူ ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္သြားရင္ မန္ယူနိုက္တက္ ပရိသတ္ေတြ အိပ္မက္က လန္႔နိုးသလို အလန္႔တၾကား ျဖစ္ျပီး ေၾကကြဲသြားနုိင္ေၾကာင္း ဂယ္ရီ နဗီးလ္က စိတ္ကူးပံုေဖာ္ ေျပာဆိုခဲ့ပါတယ္။