ယူနိုက်တက်ရဲ့ ပြည့်ကြပ်နေတဲ့ ပွဲချိန်ဇယားအပေါ် နည်းပြဆိုးလ်ရှားက ဒေါသထွက်နေခဲ့တဲ့အပြင် အဲဗာတန်နဲ့ပွဲမှာ ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လုခ်ရှောက ၁လလောက် နားရမှာဖြစ်လို့ ပိုပြီးတော့ စိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
ဗန်ဒီဘိခ်ဟာ အရေးပါတဲ့ကစားသမားဖြစ်ကြောင်း ဆိုးလ်ရှားကပြောဆိုခဲ့ပေမယ့် ပုံမှန်ပွဲထွက်ခွင့် မရရှိခဲ့တာဖြစ်သလို ၎င်းရဲ့ နယ်သာလန်နည်းပြ ဒီဘိုးဝါးက နိုင်ငံအသင်းမှာ သူ့ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးဖို့ စိတ်အားထက်သန်နေပါတယ်။
ဥရောပထိပ်သီးလိဂ် ၅ခုမှာ လက်ရှိကစားနေတဲ့ အကယ်ဒမီ လူငယ်ကစားသမား အရေအတွက်အလိုက် အကောင်းဆုံး ကလပ် အကယ်ဒမီကို သတ်မှတ်ခဲ့ရာ ယူနိုက်တက်အကယ်ဒမီထွက် ၂၄ယောက်ရှိပြီး အဆင့် ၉ ရရှိခဲ့ပါတယ်။
ပေါ့ဘာဟာ ဂျရတ်၊ လမ်းပတ်၊ ယာယာတိုရေးတို့နဲ့ နှိုင်းယှဉ်လို့ရတဲ့ အဆင့်မှာ မရှိနေဘူးလို့ ကာရေဂါက ထင်မြင်နေသလို ယူနိုက်တက်အနေနဲ့ စည်းကမ်းမရှိတဲ့ ကွင်းလယ်လူကို ရောင်းချသင့်တယ်လို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ မေဆန်ဂရင်းဝုဒ်ရဲ့ အမူအကျင့်ဆိုးတွေကြောင့် စိုးရိမ်နေသလို လေ့ကျင့်ရေးမှာလဲ အချိန်မတိကျတဲ့ လူငယ်ကြယ်ပွင့်အနေနဲ့ ကလပ်မှာ စာချုပ်သစ်ချုပ်ချင်ရင် စိတ်ဓာတ်ပိုင်းတိုးတက်ဖို့လိုကြောင်း သတိပေးပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်အသင်းမှာ လက်ရှိ ရှိနေတဲ့ အရည်အချင်းရှိ လူငယ်ကြယ်ပွင့်တွေကြောင့် ပိုချက်တီနို အတွက် ယူနိုက်တက်နည်းပြ ရာထူးက အသင့်တော်ဆုံး ဖြစ်လိမ့်မယ်လို့ စပါး တောင်ပံကစားသမားဟောင်း အန်ဒရို တောင်ဆန်က ပြောဆိုခဲ့ပါတယ်။
Zawgyi – ယူႏိုက္တက္ရဲ႕ ျပည့္ၾကပ္ေနတဲ့ ပြဲခ်ိန္ဇယားအေပၚ နည္းျပဆိုးလ္ရွားက ေဒါသထြက္ေနခဲ့တဲ့အျပင္ အဲဗာတန္နဲ႔ပြဲမွာ ရခဲ့တဲ့ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ လုခ္ေရွာက ၁လေလာက္ နားရမွာျဖစ္လို႔ ပိုၿပီးေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့ပါတယ္။
ဗန္ဒီဘိခ္ဟာ အေရးပါတဲ့ကစားသမားျဖစ္ေၾကာင္း ဆိုးလ္ရွားကေျပာဆိုခဲ့ေပမယ့္ ပုံမွန္ပြဲထြက္ခြင့္ မရရွိခဲ့တာျဖစ္သလို ၎ရဲ႕နယ္သာလန္နည္းျပ ဒီဘိုးဝါးက ႏိုင္ငံအသင္းမွာ သူ႔ရဲ႕ ယုံၾကည္မႈကို ျမႇင့္တင္ေပးဖို႔ စိတ္အားထက္သန္ေနပါတယ္။
ဥေရာပထိပ္သီးလိဂ္ ၅ခုမွာ လက္ရွိကစားေနတဲ့ အကယ္ဒမီ လူငယ္ကစားသမား အေရအတြက္အလိုက္ အေကာင္းဆုံး ကလပ္ အကယ္ဒမီကို သတ္မွတ္ခဲ့ရာ ယူႏိုက္တက္အကယ္ဒမီထြက္ ၂၄ေယာက္ရွိၿပီး အဆင့္ ၉ ရရွိခဲ့ပါတယ္။
ေပါ့ဘာဟာ ဂ်ရတ္၊ လမ္းပတ္၊ ယာယာတိုေရးတို႔နဲ႔ ႏႈိင္းယွဥ္လို႔ရတဲ့ အဆင့္မွာ မရွိေနဘူးလို႔ ကာေရဂါက ထင္ျမင္ေနသလို ယူႏိုက္တက္အေနနဲ႔ စည္းကမ္းမရွိတဲ့ ကြင္းလယ္လူကို ေရာင္းခ်သင့္တယ္လို႔ တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ေမဆန္ဂရင္းဝုဒ္ရဲ႕ အမူအက်င့္ဆိုးေတြေၾကာင့္ စိုးရိမ္ေနသလို ေလ့က်င့္ေရးမွာလဲ အခ်ိန္မတိက်တဲ့ လူငယ္ၾကယ္ပြင့္အေနနဲ႔ ကလပ္မွာ စာခ်ဳပ္သစ္ခ်ဳပ္ခ်င္ရင္ စိတ္ဓာတ္ပိုင္းတိုးတက္ဖို႔လိုေၾကာင္း သတိေပးေျပာဆိုခဲ့ပါတယ္။
ယူႏိုက္တက္အသင္းမွာ လက္ရွိ ရွိေနတဲ့ အရည္အခ်င္းရွိ လူငယ္ၾကယ္ပြင့္ေတြေၾကာင့္ ပိုခ်က္တီႏို အတြက္ ယူႏိုက္တက္နည္းျပ ရာထူးက အသင့္ေတာ္ဆုံး ျဖစ္လိမ့္မယ္လို႔ စပါး ေတာင္ပံကစားသမားေဟာင္း အန္ဒ႐ို ေတာင္ဆန္က ေျပာဆိုခဲ့ပါတယ္။