ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (11/11/20)

မေဆန်မောင့်ဟာ အင်္ဂလန်အသင်းဖော် ဂျက်ဂရီးလစ်ရှ်နဲ့ နှိုင်းယှဉ်ပြောဆိုမှုတွေက အဓိပ္ပာယ်မရှိဘူးလို့ ယုံကြည်နေပြီး နိုင်ငံအသင်းမှာ သူတို့ နှစ်ယောက်ဟာ တစ်ပွဲထဲမှာ အတူတူ တွဲကစားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနဲ့ သတင်းထွက်နေတဲ့ ကစားသမားတွေထဲမှာ စာချုပ်သက်တမ်း ကုန်တော့မယ့်သူ ၆ယောက် ရှိနေပြီး ဒေးဗစ်အလာဘာ၊ အေရက် မီလစ်ခ်၊ မာတင်ဒီရွန်း၊ ဂျာဗီ မာတီနက်ဇ်၊ ရီကွီ၊ မက်ဆီတို့ဟာ ဇန်နဝါရီမှာ အသင်းသစ်တွေနဲ့ ဆွေးနွေးနိုင်ပြီ ဖြစ်ပါတယ်။

အင်္ဂလန် ဘောလုံးလောကမှာ ကစားရတဲ့ အတွေ့အကြုံနဲ့ပတ်သက်လို့ သီယာဂိုဆေးဗားက သူကစားရတဲ့ပွဲတွေမှာ အမြင့်ဘောတွေ အတော် များများ ယှဉ်လုရတာတွေကြောင့် ပွဲပြီးရင် ခေါင်းကိုက်ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

ချယ်ဆီးအနေနဲ့ အသင်းက ထွက်ခွာလိုနေတဲ့ ဂျီရူးကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရင် ၎င်းကို ခေါ်ယူနိုင်ဖွယ်ရှိတဲ့ ကလပ်တွေက အသင့်ရှိနေတာဖြစ်ပြီး အင်တာမီလန်၊ နာပိုလီ၊ လိုင်ယွန်နဲ့ အင်တာမိုင်ယာမီတို့က အပြိုင်ကြိုးစားကြမှာဖြစ်ပါတယ်။

သီယာဂိုဆေးဗားဟာ ချယ်ဆီးထံ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့တဲ့နောက် လမ်းပတ်က ဘရာဇီးနဲ့အင်္ဂလန်ခြေစမ်းပွဲမှာ သူတို့နှစ်ယောက် လက်ဆွဲ နှုတ်ဆက်နေတဲ့ပုံကို မက်ဆေ့ခ်ျခဲ့တာကြောင့် အံ့အားသင့်မိပြီး ဝမ်းသာပျော်ရွှင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးမှာ အရည်အချင်းရှိတဲ့ လူငယ်ကစားသမား များစွာရှိနေတာက မကောင်းဘူးလို့ ပေါလ်မာဆွန်က ထင်နေပြီး ကစားသမားတိုင်းက ပုံမှန် ကစားခွင့်ရချင်တာကြောင့် သူတို့ကို ပျော်အောင်ထားဖို့ လမ်းပတ်အတွက် စိန်ခေါ်မှုကြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပူလီဆစ်နဲ့ ကိုင်ဟားဗတ်က လက်ရှိ လမ်းပတ်ရဲ့ အကောင်းဆုံး ၁၁ယောက်စာရင်းမှာ မပါဝင်ဘူးလို့ ဖရန့်လီဘိုးက ယုံကြည်နေသလို သူတို့နှစ်ယောက် ထက်စာရင် ကိုဗာဆစ်နဲ့ တန်မီ အေဗရာဟမ်က အသင်းအတွက် ပိုကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ေမဆန္ေမာင့္ဟာ အဂၤလန္အသင္းေဖာ္ ဂ်က္ဂရီးလစ္ရွ္နဲ႔ ႏႈိင္းယွဥ္ေျပာဆိုမႈေတြက အဓိပၸာယ္မရွိဘူးလို႔ ယုံၾကည္ေနျပီး ႏိုင္ငံအသင္းမွာ သူတို႔ နွစ္ေယာက္ဟာ တစ္ပြဲထဲမွာ အတူတူ တြဲကစားႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးနဲ႔ သတင္းထြက္ေနတဲ့ ကစားသမားေတြထဲမွာ စာခ်ဳပ္သက္တမ္း ကုန္ေတာ့မယ့္သူ ၆ေယာက္ ရွိေနၿပီး ေဒးဗစ္အလာဘာ၊ ေအရက္ မီလစ္ခ္၊ မာတင္ဒီ႐ြန္း၊ ဂ်ာဗီ မာတီနက္ဇ္၊ ရီကြီ၊ မက္ဆီတို႔ဟာ ဇန္နဝါရီမွာ အသင္းသစ္ေတြနဲ႔ ေဆြးေႏြးႏိုင္ၿပီ ျဖစ္ပါတယ္။

အဂၤလန္ ေဘာလုံးေလာကမွာ ကစားရတဲ့ အေတြ႕အႀကဳံနဲ႔ပတ္သက္လို႔ သီယာဂိုေဆးဗားက သူကစားရတဲ့ပြဲေတြမွာ အျမင့္ေဘာေတြ အေတာ္ မ်ားမ်ား ယွဥ္လုရတာေတြေၾကာင့္ ပြဲၿပီးရင္ ေခါင္းကိုက္ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။

ခ်ယ္ဆီးအေနနဲ႔ အသင္းက ထြက္ခြာလိုေနတဲ့ ဂ်ီ႐ူးကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ခဲ့ရင္ ၎ကို ေခၚယူႏိုင္ဖြယ္ရွိတဲ့ ကလပ္ေတြက အသင့္ရွိေနတာျဖစ္ၿပီး အင္တာမီလန္၊ နာပိုလီ၊ လိုင္ယြန္နဲ႔ အင္တာမိုင္ယာမီတို႔က အၿပိဳင္ႀကိဳးစားၾကမွာျဖစ္ပါတယ္။

သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးထံ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီခဲ့တဲ့ေနာက္ လမ္းပတ္က ဘရာဇီးနဲ႔အဂၤလန္ေျခစမ္းပြဲမွာ သူတို႔ႏွစ္ေယာက္ လက္ဆြဲ ႏွဳတ္ဆက္ေနတဲ့ပုံကို မက္ေဆ့ခ္်ခဲ့တာေၾကာင့္ အံ့အားသင့္မိၿပီး ဝမ္းသာေပ်ာ္႐ႊင္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီးမွာ အရည္အခ်င္းရွိတဲ့ လူငယ္ကစားသမား မ်ားစြာရွိေနတာက မေကာင္းဘူးလို႔ ေပါလ္မာဆြန္က ထင္ေနၿပီး ကစားသမားတိုင္းက ပုံမွန္ ကစားခြင့္ရခ်င္တာေၾကာင့္ သူတို႔ကို ေပ်ာ္ေအာင္ထားဖို႔ လမ္းပတ္အတြက္ စိန္ေခၚမႈႀကီးျဖစ္တယ္လို႔ ဆိုပါတယ္။

ပူလီဆစ္နဲ႔ ကိုင္ဟားဗတ္က လက္ရွိ လမ္းပတ္ရဲ႕ အေကာင္းဆုံး ၁၁ေယာက္စာရင္းမွာ မပါဝင္ဘူးလို႔ ဖရန္႔လီဘိုးက ယုံၾကည္ေနသလို သူတို႔ႏွစ္ေယာက္ ထက္စာရင္ ကိုဗာဆစ္နဲ႔ တန္မီ ေအဗရာဟမ္က အသင္းအတြက္ ပိုေကာင္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။