နီကိုးလပ်ပီပီက အာဆင်နယ်မှာ ကစားချိန်မရတာဟာ သူ့ရဲ့ အရည်အသွေးကို ပြသနိုင်ဖို့အတွက် အတားအဆီးဖြစ်နေကြောင်း ဝန်ခံခဲ့ပြီး ကစားချိန်ပိုရချင်ပေမယ့် အရန်ခုံထိုင်ရတာက စိတ်ပျက်စရာကောင်းတယ်လို့ဖွင့်ဟခဲ့ပါတယ်။
ရော့ဘ်ဟိုးဒင်းနဲ့ ဂေဘရီရယ် မက်ဂါးလက်စ်တို့ဟာ ဒီရာသီ ပရီးမီးယားလိဂ် ၄ ပွဲမှာ အတူတကွ ပွဲထွက်ကစားခဲ့ပြီး တောင့်တင်းတဲ့ ခံစစ် စွမ်းဆောင်ရည် ပြသခဲ့ကြသလို သူတို့ဟာ လိဂ်မှာ အကောင်းဆုံး ဗဟိုခံစစ်အတွဲ ဖြစ်လာနိုင်တယ်လို့ တိုနီအဒမ်က ဆိုပါတယ်။
မနှစ်က ရှာကာဟာ ပရိသတ်တွေရဲ့ လှောင်ပြောင်ခံခဲ့ရတဲ့နောက် အသင်းကနေ ထွက်ခွာရဖို့ ရှိခဲ့ပေမယ့် အာတီတာက သူ့ကို ကူညီ ဖြောင်းဖျပေးခဲ့ပြီး အသင်းမှာ အဓိက ကစားသမားအဖြစ် ပုံသွင်းပေးခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဥရောပထိပ်တန်းလိဂ်၅ခုအတွင်း ကစားနေကြတဲ့ အကယ်ဒမီကစားသမားတွေထဲမှာ အာဆင်နယ် အကယ်ဒမီက လူငယ်ကြယ်ပွင့် ၂၃ ယောက် ရှိခဲ့ပြီး အကောင်းဆုံး အကယ်ဒမီ သတ်မှတ်ချက်မှာ ချယ်ဆီးရှေ့က အဆင့် ၁၃ အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
အိုဇေးဟာ အာဆင်နယ် လာဘ်ကောင်ရုပ် ဂန်းနားဆောရပ်စ်ကို အလုပ်ပြန်ခန့်ဖို့ အဓိက တွန်းအားပေးခဲ့သူဖြစ်ပြီး မနေ့ကတော့ အမ်းမရိတ်စ် ကွင်းမှာ အစိမ်းရောင် ဒိုင်နိုဆောကြီးကို ပြန်မြင်တွေ့ခဲ့ရတဲ့နောက် ဝမ်းသာမိကြောင်း ၎င်းရဲ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။
ပါတေးဟာ အက်စ်တွန်ဗီလာနဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး ရက်အနည်းငယ်လောက် အနားယူရမှာ ဖြစ်တာကြောင့် နိုင်ငံတကာ သီတင်းပတ်ကို လွဲချော်နိုင်ပေမယ့် ဂါနာ အသင်းကတော့ သူ့ကို နိုင်ငံအတွက် ပါဝင်ကစားပေးဖို့ မျှော်လင့်နေဆဲ ဖြစ်ပါတယ်။
၂၁ရာစုအတွင်း အာဆင်နယ်ရဲ့ အကြီးမားဆုံး ကျရှုံးခဲ့တဲ့ တိုက်စစ် ကစားသမားတွေရဲ့ အဆင့်သတ်မှတ်ချက်မှာ လက်ရှိရုန်းကန်နေရတဲ့ ပီပီနဲ့ လာကာဇက်တီတို့က အဆင့် ၁၀နဲ့ အဆင့် ၈ နေရာမှာ အသီးသီး ရပ်တည်နေခဲ့ပါတယ်။
Zawgyi – နီကိုးလပ္ပီပီက အာဆင္နယ္မွာ ကစားခ်ိန္မရတာဟာ သူ႔ရဲ႕ အရည္အေသြးကို ျပသႏိုင္ဖို႔အတြက္ အတားအဆီးျဖစ္ေနေၾကာင္း ဝန္ခံခဲ့ၿပီး ကစားခ်ိန္ပိုရခ်င္ေပမယ့္ အရန္ခုံထိုင္ရတာက စိတ္ပ်က္စရာေကာင္းတယ္လို႔ဖြင့္ဟခဲ့ပါတယ္။
ေရာ့ဘ္ဟိုးဒင္းနဲ႔ ေဂဘရီရယ္ မက္ဂါးလက္စ္တို႔ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၄ ပြဲမွာ အတူတကြ ပြဲထြက္ကစားခဲ့ၿပီး ေတာင့္တင္းတဲ့ ခံစစ္ စြမ္းေဆာင္ရည္ ျပသခဲ့ၾကသလို သူတို႔ဟာ လိဂ္မွာ အေကာင္းဆုံး ဗဟိုခံစစ္အတြဲ ျဖစ္လာႏိုင္တယ္လို႔ တိုနီအဒမ္က ဆိုပါတယ္။
မႏွစ္က ရွာကာဟာ ပရိသတ္ေတြရဲ႕ ေလွာင္ေျပာင္ခံခဲ့ရတဲ့ေနာက္ အသင္းကေန ထြက္ခြာရဖို႔ ရွိခဲ့ေပမယ့္ အာတီတာက သူ႔ကို ကူညီ ေျဖာင္းဖ်ေပးခဲ့ၿပီး အသင္းမွာ အဓိက ကစားသမားအျဖစ္ ပုံသြင္းေပးခဲ့တဲ့အတြက္ ေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ဥေရာပထိပ္တန္းလိဂ္၅ခုအတြင္း ကစားေနၾကတဲ့ အကယ္ဒမီကစားသမားေတြထဲမွာ အာဆင္နယ္ အကယ္ဒမီက လူငယ္ၾကယ္ပြင့္ ၂၃ ေယာက္ ရွိခဲ့ၿပီး အေကာင္းဆုံး အကယ္ဒမီ သတ္မွတ္ခ်က္မွာ ခ်ယ္ဆီးေရွ႕က အဆင့္ ၁၃ အျဖစ္ ရပ္တည္ႏိုင္ခဲ့ပါတယ္။
အိုေဇးဟာ အာဆင္နယ္ လာဘ္ေကာင္႐ုပ္ ဂန္းနားေဆာရပ္စ္ကို အလုပ္ျပန္ခန႔္ဖို႔ အဓိက တြန္းအားေပးခဲ့သူျဖစ္ၿပီး မေန႔ကေတာ့ အမ္းမရိတ္စ္ ကြင္းမွာ အစိမ္းေရာင္ ဒိုင္ႏိုေဆာႀကီးကို ျပန္ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ ဝမ္းသာမိေၾကာင္း ၎ရဲ႕တြစ္တာမွာ ေရးသားခဲ့ပါတယ္။
ပါေတးဟာ အက္စ္တြန္ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရခဲ့ၿပီး ရက္အနည္းငယ္ေလာက္ အနားယူရမွာ ျဖစ္တာေၾကာင့္ ႏိုင္ငံတကာ သီတင္းပတ္ကို လြဲေခ်ာ္ႏိုင္ေပမယ့္ ဂါနာ အသင္းကေတာ့ သူ႔ကို ႏိုင္ငံအတြက္ ပါဝင္ကစားေပးဖို႔ ေမွ်ာ္လင့္ေနဆဲ ျဖစ္ပါတယ္။
၂၁ရာစုအတြင္း အာဆင္နယ္ရဲ႕ အႀကီးမားဆုံး က်ရႈံးခဲ့တဲ့ တိုက္စစ္ ကစားသမားေတြရဲ႕ အဆင့္သတ္မွတ္ခ်က္မွာ လက္ရွိ႐ုန္းကန္ေနရတဲ့ ပီပီနဲ႔ လာကာဇက္တီတို႔က အဆင့္ ၁၀နဲ႔ အဆင့္ ၈ ေနရာမွာ အသီးသီး ရပ္တည္ေနခဲ့ပါတယ္။