ချယ်ဆီးမှ ချယ်ဆီး ဘာကြောင့် ဖြစ်ခဲ့ရသလဲ ဖွင့်ဟရှင်းပြခဲ့တဲ့ ကိုင်ဟာဗက်ဇ်

ဒီနွေ အပြောင်းအရွှေ့မှာ ချယ်ဆီးအသင်းကိုမှ မယိမ်းမယိုင်ဘဲ ဘာဖြစ်လို့ ရွေးချယ်ဖြစ်သလဲ ဆိုတဲ့ အကြောင်းကို ဂျာမန်သား တိုက်စစ်သမား ကိုင်ဟာဗက်ဇ်က ထုတ်ဖော် ပြောဆိုမှုတွေ ပြုလုပ်လာပါတယ်။ ကိုင်ဟာဗက်ဇ်ကတော့ လမ်းပတ်ရဲ့ သက်ရောက်မှုနဲ့ ကိုယ်ပိုင်အမြင် ရှိနေတဲ့ ချယ်ဆီး အသင်းကို လုံး၀ အကြိုက်တွေ့ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၂၁ နှစ် အရွယ် ဂျာမန်သားဟာ ပြီးခဲ့တဲ့ စက်တင်ဘာတုန်းက ဘိုင်ယန် လီဗာကူဆင် အသင်းထံကနေ ချယ်ဆီးသို့ပြောင်းရွှေ့ လာခဲ့တာ ဖြစ်ပါတယ်။ ၎င်းကို ဘွန်ဒစ်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်က အလေးအနက် ချိတ်ဆက်ခဲ့ပေမယ့် ငြင်းပယ်ခဲ့ စတန်းဖို့ဘရစ်ချ် ကို ရွေးခဲ့တာ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ ရည်မှန်းချက်နဲ့ အစီအစဉ်တွေ၊ လူငယ်တွေ အခြေပြုတဲ့ တိုက်စစ် အားသန် ကစားဟန်တွေက သူ့ကို စိတ်ဝင်စား တက်ကြွစေခဲ့ကြောင်း ကိုင်ဟာဗက်ဇ်က ဆိုပါတယ်။

” ကိုယ်ပိုင် အမြင်ရှိတဲ့ ကလပ်အသင်း တစ်သင်း ဖြစ်ဖို့က ကျနော့် အတွက် အရေးကြီးပါတယ်။ အဲဒီလို နေရာကို ပြောင်းရွှေ့ဖို့က စိတ်လှုပ်ရှားစရာပါ။ ကျနော်တို့က ငယ်ရွယ်တဲ့ အသင်း တစ်သင်း ဂရိတ် ကစားသမားတွေကိုလည်း ပိုင်ဆိုင်ထားတယ်။ ကျနေ်ာတို့ က စိတ်ဓာတ် ပြင်းပြင်းနဲ့ ကစားကြတယ်။

တိုက်စစ်ကို အခြေပြုပြီး ကြီးကြီးမားမား ကြံစည် ရှေ့ဆက်လိုတယ်။ ဒါက ကျနော့်ကို သိပ် တက်ကြွစေပါတယ်။ ချယ်ဆီးနဲ့ အတူ ချန်ပီယံ ဆုဖလားတွေ ရယူနိုင်ရင်တော့ သိပ် တန်ပြီပေါ့ဗျာ။ ” လို့ ဟာဗက်ဇ်က ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးအသင်းထံ ရောက်လာခြင်းမှာ နည်းပြ လမ်းပတ်ရဲ့ လွှမ်းမိုးမှုက အရေးပါကြောင်း ၎င်းက ဝန်ခံခဲ့ပြီး အင်္ဂလန်သားကလို အောင်မြင်တဲ့ ကွင်းလယ်သမား တစ်ယောက် ဖြစ်ဖို့ ရည်မှန်းထားကြောင်းလည်း ဟာဗက်ဇ်က ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ဒီေႏြ အေျပာင္းအေရႊ႕မွာ ခ်ယ္ဆီးအသင္းကိုမွ မယိမ္းမယိုင္ဘဲ ဘာျဖစ္လုိ႔ ေရြးခ်ယ္ျဖစ္သလဲ ဆိုတဲ့ အေၾကာင္းကို ဂ်ာမန္သား တိုက္စစ္သမား ကိုင္ဟာဗက္ဇ္က ထုတ္ေဖာ္ ေျပာဆိုမႈေတြ ျပဳလုပ္လာပါတယ္။ ကိုင္ဟာဗက္ဇ္ကေတာ့ လမ္းပတ္ရဲ႕ သက္ေရာက္မႈနဲ႕ ကိုယ္ပိုင္အျမင္ ရွိေနတဲ့ ခ်ယ္ဆီး အသင္းကို လံုး၀ အၾကိဳက္ေတြ႔ခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္။

အသက္ ၂၁ နွစ္ အရြယ္ ဂ်ာမန္သားဟာ ျပီးခဲ့တဲ့ စက္တင္ဘာတုန္းက ဘိုင္ယန္ လီဗာကူဆင္ အသင္းထံကေန ခ်ယ္ဆီးသို႔ေျပာင္းေရႊ႕ လာခဲ့တာ ျဖစ္ပါတယ္။ ၄င္းကို ဘြန္ဒစ္လီဂါ အင္အားၾကီးကလပ္ ဘိုင္ယန္ျမဴးနစ္က အေလးအနက္ ခ်ိတ္ဆက္ခဲ့ေပမယ့္ ျငင္းပယ္ခဲ့ စတန္းဖို႔ဘရစ္ခ်္ ကို ေရြးခဲ့တာ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းရဲ႕ ရည္မွန္းခ်က္နဲ႕ အစီအစဥ္ေတြ၊ လူငယ္ေတြ အေျချပဳတဲ့ တိုက္စစ္ အားသန္ ကစားဟန္ေတြက သူ႔ကို စိတ္၀င္စား တက္ၾကြေစခဲ့ေၾကာင္း ကိုင္ဟာဗက္ဇ္က ဆိုပါတယ္။

” ကိုယ္ပိုင္ အျမင္ရွိတဲ့ ကလပ္အသင္း တစ္သင္း ျဖစ္ဖို႔က က်ေနာ့္ အတြက္ အေရးၾကီးပါတယ္။ အဲဒီလို ေနရာကို ေျပာင္းေရႊ႕ဖို႔က စိတ္လႈပ္ရွားစရာပါ။ က်ေနာ္တို႔က ငယ္ရြယ္တဲ့ အသင္း တစ္သင္း ဂရိတ္ ကစားသမားေတြကိုလည္း ပိုင္ဆိုင္ထားတယ္။ က်ေန္ာတို႔ က စိတ္ဓာတ္ ျပင္းျပင္းနဲ႕ ကစားၾကတယ္။

တိုက္စစ္ကို အေျချပဳျပီး ၾကီးၾကီးမားမား ၾကံစည္ ေရွ႕ဆက္လိုတယ္။ ဒါက က်ေနာ့္ကို သိပ္ တက္ၾကြေစပါတယ္။ ခ်ယ္ဆီးနဲ႕ အတူ ခ်န္ပီယံ ဆုဖလားေတြ ရယူနိုင္ရင္ေတာ့ သိပ္ တန္ျပီေပါ့ဗ်ာ။ ” လို႔ ဟာဗက္ဇ္က ေျပာဆိုခဲ့ပါတယ္။

ခ်ယ္ဆီးအသင္းထံ ေရာက္လာျခင္းမွာ နည္းျပ လမ္းပတ္ရဲ႕ လႊမ္းမိုးမႈက အေရးပါေၾကာင္း ၄င္းက ၀န္ခံခဲ့ျပီး အဂၤလန္သားကလို ေအာင္ျမင္တဲ့ ကြင္းလယ္သမား တစ္ေယာက္ ျဖစ္ဖို႔ ရည္မွန္းထားေၾကာင္းလည္း ဟာဗက္ဇ္က ဖြင့္ဟခဲ့ပါတယ္။