ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (11/11/20)

ပေါ့ဘာဟာ ဆိုးလ်ရှားရဲ့အသင်းမှာ နေရာရဖို့ ရုန်းကန်နေရပြီး ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ အလိုရှိနေသလို အိုးလ်ထရက်ဖို့ဒ်ကနေ သူ ထွက်ခွာသွားရင် ဂျက်ဂရီးလစ်ရှ်ကို ခေါ်ဖို့ ယူနိုက်တက်က ကြိုးစားမှာဖြစ်ပါတယ်။

ယူနိုက်တက် လူငယ်တိုက်စစ်သမား မေဆန် ဂရင်းဝုဒ်က ကလေးသာသာပဲ ရှိသေးတာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေ လျှော့ကြဖို့ အန်ဒီကိုးလ်က တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

အဲဗာတန်ကို နိုင်တဲ့ ပွဲမှာ တံကောက်ကြော ဒဏ်ရာ ရခဲ့တဲ့ လုခ်ရှောဟာ သီတင်းပတ် ၆ ပတ်လောက် အနားယူရတော့မှာ ဖြစ်ပြီး ချန်ပီယံလိဂ် အုပ်စု အရေးကြီး ပွဲစဉ်များကိုပါ လွဲဖို့ ရှိနေပါတယ်။

ပေါလ် ပေါ့ဘာဟာ အသင်းမှာ လေးနှစ်တာ ကြာခဲ့ပြီ ဖြစ်ပေမယ့် ဘယ်နေရာက သူ့အတွက် အကောင်းဆုံး လဲ မသေချာသေးလို တည်ငြိမ်တဲ့ ခြေစွမ်းကောင်း အခုထိ မပြနိုင်တာက နည်းပြတွေကို အပြစ်ဖို့လို့ မရဘဲ ကိုယ့်ဘာသာ ရှက်သင့်နေပြီလို့ ကာရေဂါ က ဝေဖန်လိုက်ပါတယ်။

ဆိုးလ်ရှားအနေနဲ့ ယူနိုက်တက်ရဲ့ ရွှေရောင်နေ့ရက်တွေဆီကို ပြန်လည်ရောက်ရှိစေနိုင်ပေမယ့် လီဗာပူး၊ စီးတီးတို့လိုဖြစ်ဖို့ အချိန်ယူရမှာဖြစ်ပြီး ထိပ်တန်း အဆင့်ဖြစ်ဖို့ ၂နှစ်လောက် ကြာလိမ့်မယ်လို့ အန်ဒီကိုးလ်က သတိပေးခဲ့ပါတယ်။

ဂျူဗင်တပ်မှာ အဆင်မပြေမှုတွေ ရှိနေတဲ့ ခရစ္စတီယာနို ရော်နယ်ဒို ကို မန်ချက်စတာ ယူနိုက်တက်က ပြန်ခေါ်ဖို့ စကား စ ထားပြီ ဖြစ်ကြောင်း ESPN သတင်းထောက်က ဖော်ထုတ်ထားပါတယ်။

Zawgyi – ေပါ့ဘာဟာ ဆိုးလ္ရွားရဲ႕အသင္းမွာ ေနရာရဖို႔ ႐ုန္းကန္ေနရၿပီး ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းေ႐ႊ႕ဖို႔ အလိုရွိေနသလို အိုးလ္ထရက္ဖို႔ဒ္ကေန သူ ထြက္ခြာသြားရင္ ဂ်က္ဂရီးလစ္ရွ္ကို ေခၚဖို႔ ယူႏိုက္တက္က ႀကိဳးစားမွာျဖစ္ပါတယ္။

ယူနိုက္တက္ လူငယ္တိုက္စစ္သမား ေမဆန္ ဂရင္း၀ုဒ္က ကေလးသာသာပဲ ရွိေသးတာေၾကာင့္ ျပင္းထန္တဲ့ ေ၀ဖန္မႈေတြ ေလွ်ာ့ၾကဖို႔ အန္ဒီကိုးလ္က တိုက္တြန္း ေျပာဆိုခဲ့ပါတယ္။

အဲဗာတန္ကို နုိင္တဲ့ ပြဲမွာ တံေကာက္ေၾကာ ဒဏ္ရာ ရခဲ့တဲ့ လုခ္ေရွာဟာ သီတင္းပတ္ ၆ ပတ္ေလာက္ အနားယူရေတာ့မွာ ျဖစ္ျပီး ခ်န္ပီယံလိဂ္ အုပ္စု အေရးၾကီး ပြဲစဥ္မ်ားကိုပါ လြဲဖို႔ ရွိေနပါတယ္။

ေပါလ္ ေပါ့ဘာဟာ အသင္းမွာ ေလးနွစ္တာ ၾကာခဲ့ျပီ ျဖစ္ေပမယ့္ ဘယ္ေနရာက သူ႔အတြက္ အေကာင္းဆံုး လဲ မေသခ်ာေသးလို တည္ျငိမ္တဲ့ ေျခစြမ္းေကာင္း အခုထိ မျပနုိင္တာက နည္းျပေတြကို အျပစ္ဖို႔လို႔ မရဘဲ ကုိယ့္ဘာသာ ရွက္သင့္ေနျပီလို႔ ကာေရဂါ က ေ၀ဖန္လိုက္ပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ယူႏိုက္တက္ရဲ႕ ေ႐ႊေရာင္ေန႔ရက္ေတြဆီကို ျပန္လည္ေရာက္ရွိေစႏိုင္ေပမယ့္ လီဗာပူး၊ စီးတီးတို႔လိုျဖစ္ဖို႔ အခ်ိန္ယူရမွာျဖစ္ၿပီး ထိပ္တန္း အဆင့္ျဖစ္ဖို႔ ၂ႏွစ္ေလာက္ ၾကာလိမ့္မယ္လို႔ အန္ဒီကိုးလ္က သတိေပးခဲ့ပါတယ္။

ဂ်ဴဗင္တပ္မွာ အဆင္မေျပမႈေတြ ရွိေနတဲ့ ခရစၥတီယာနို ေရာ္နယ္ဒို ကို မန္ခ်က္စတာ ယူနိုက္တက္က ျပန္ေခၚဖို႔ စကား စ ထားျပီ ျဖစ္ေၾကာင္း ESPN သတင္းေထာက္က ေဖာ္ထုတ္ထားပါတယ္။