ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (12/11/20)

ဆွစ်ဇာလန်ကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဘတ်ရှူဝါရီက ဘယ်လ်ဂျီယမ်အတွက် ၂ဂိုးလုံးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးတွေဟာ နိုင်ငံတကာ သီတင်းပတ်အပြီး ပရီးမီးယားလိဂ်မှာ ကလပ်အတွက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

ပူလီဆစ်ဟာ နိုင်ငံအသင်း လူစာရင်းမှာ ခေါ်ယူခံခဲ့ရပေမယ့်လဲ ဒီနေ့ ဝေးလ်နဲ့ကစားမယ့် ခြေစမ်းပွဲကို လွဲချော်မှာဖြစ်ပြီး သူ့ရဲ့ တံကောက်ကြော ဒဏ်ရာအတွက် နောက်ထပ် ကုသမှုတွေလုပ်ဖို့ အမေရိကန်က ချယ်ဆီးထံ ပြန်လွှတ်ခဲ့ပါတယ်။

ကတ်ဇူးမားကို နွေအပြောင်းအရွှေ့မှာ အပြီးသတ် ခေါ်ယူဖို့ အဲဗာတန်က အလိုရှိခဲ့ပြီး စပါးကလဲ သူ့ကို စိတ်ဝင်စားခဲ့တာဖြစ်ပေမယ့် သူတို့ နှစ်သင်းလုံးရဲ့ ကမ်းလှမ်းမှုတွေကို ချယ်ဆီးက ငြင်းပယ်ခဲ့ပြီး အသင်းမှာ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရော့စ်ဘာကလေဟာ အက်စ်တွန်ဗီလာမှာ အထင်ကြီးစရာ ခြေစွမ်းပြနေတာဖြစ်ပေမယ့် သူ့ရဲ့ အငှားစာချုပ်မှာ အပြီးသတ် ဝယ်ယူခွင့် မပါဝင် တာကြောင့် ဗီလာအနေနဲ့ သူ့ကို အပြီးသတ်ဝယ်ချင်ရင် ချယ်ဆီးကို ပြောင်းရွှေ့ကြေး အများကြီး ပေးရမယ်လို့ အဘွန်လဟောက သတိပေးခဲ့ပါတယ်။

ကိုင်ဟားဗတ်ဟာ ပရီးမီးယားလိဂ်အောင်မြင်ချင်တဲ့ ချယ်ဆီးရဲ့ ရည်မှန်းချက်ကြောင့် လန်ဒန်ကိုပြောင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး လမ်းပတ်ရဲ့ အရည်အချင်းကို အမြဲ အထင်ကြီးခဲ့သလို သူ့လိုဖြစ်အောင်လုပ်ဖို့ ဆန္ဒရှိကြောင်း ပြောဆိုခဲ့ပါတယ်။

ချယ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ဟာ အင်္ဂလန်အစိုးရရဲ့ ခရီးသွားပိတ်ပင်မှုကြောင့် ဒိန်းမတ်ရဲ့ လူစာရင်းကနေ ပယ်ထုတ်ခံခဲ့ရပြီး သူနဲ့ ကက်စပါ ရှမိုက်ကယ် အပါအဝင် ဒိန်းမတ် လက်ရွေးစင် ၆ယောက်ဟာ အိုက်စလန်နဲ့ ခြေစမ်းပွဲကို လွဲချော်မှာဖြစ်ပါတယ်။

ကိုင်ဟားဗတ်ဟာ ချယ်ဆီးမှာ သူ့ရဲ့ ပြောင်းရွှေ့ကြေး ပေါင် ၇၁သန်းကြောင့် ဖိအား မခံစားရဘူးလို့ ဖွင့်ဟခဲ့ပြီး လူငယ်က စားသမားတွေ စုဖွဲ့ထားတဲ့ အသင်းနဲ့အတူ ဆုဖလားတွေ အောင်မြင်တာက ပိုပြီး ထိုက်တန်လိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ဆွစ်ဇာလန်ကို ၂-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဘတ်ရှူဝါရီက ဘယ်လ်ဂျီယမ်အတွက် ၂ဂိုးလုံးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးတွေဟာ နိုင်ငံတကာ သီတင်းပတ်အပြီး ပရီးမီးယားလိဂ်မှာ ကလပ်အတွက် ဂိုးမိုးခေါင်မှုကို အဆုံးသတ်နိုင်ဖို့ ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။





