ဗန်ဒီဘိခ်မှာ ယူနိုက်တက်မှာ ကစားချိန်မရပေမယ့်လဲ နိုင်ငံအသင်းမှာ သူ့ကို ယုံကြည်မှုပြန်ရအောင် လုပ်ပေးမယ်လို့ နည်းပြက ပြောခဲ့သလို ၎င်းဟာ စပိန်နဲ့ ၁ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ နယ်သာလန်အတွက် ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ ခြေစွမ်း မတည်ငြိမ်မှုအတွက် ၎င်းတို့ရဲ့ ပွဲကြပ် အချိန်ဇယားကို ဆင်ခြေပေးလို့ မရဘူးလို့ ဘာဘာတော့က ဆိုလိုက်ပြီး ယူနိုက်တက်လို အသင်းက ပွဲများစွာ ကစားရတာဟာ ပုံမှန်ပဲဖြစ်သင့်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။
ဒီဂီယာဟာ စပိန်ရဲ့ ကာလရှည် နံပါတ်တစ် ဂိုးသမားဖြစ်ပေမယ့် နယ်သာလန်နဲ့ပွဲမှာတော့ ဘီဘာအို ဂိုးသမား အူနိုင်း ဆိုင်မွန်က နိုင်ငံအသင်း အတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီး နောက်ပွဲတွေမျာ ဒီဂီယာရဲ့ နေရာကို စိန်ခေါ်လာတော့မှာ ဖြစ်ပါတယ်။
ဂျူဗင်တပ်ရဲ့ ဘဏ္ဍာရေး အခြေအနေကြောင့် ရော်နယ်ဒိုဟာ အသင်းကနေ ထွက်ခွာဖို့ ဖြစ်နိုင်ခြေရှိနေတာနဲ့အတူ သူ့အနေနဲ့ ယူနိုက်တက်ထံ ပြန်သွားချင်ရင် အပြောင်းအရွှေ့ ဆွေးနွေးမှုလုပ်ဖို့ ဂျူဗင်တပ်က ဆန္ဒရှိနေပါတယ်။
ယူနိုက်တက်အနေနဲ့ အသင်းမှာ အံမဝင်တော့တဲ့ ပေါ့ဘာကို ရောင်းချပြီး အဲ့ဒီ့က ရတဲ့ ငွေနဲ့ လိုအပ်တဲ့ အင်အားဖြည့်တင်းမှုတွေလုပ်ဖို့၊ အဓိက ကစားသမားသစ်တွေခေါ်ဖို့ ကြိုးစားသင့်တယ်လို့ ဒွန်ဟတ်ချင်ဆန်က အက်ဝုဒ်ဝဒ်ကို တိုက်တွန်းခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်ကို ပြန်လာဖို့ သတင်းထွက်နေပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ လူငယ် ရော်နယ်ဒိုလို ပြန်ဖြစ်မှာ မဟုတ်ဘူးလို့ ဝုလ်ဗ် အသင်းခေါင်းဆောင် ထရွိုင်ဒီးနီက သတိပေးခဲ့ပြီး ယူနိုက်တက်ကို ငြင်းပယ်ကာ ဝုလ်ဗ်ကို လာဖို့ တိုက်တွန်းခဲ့ပါတယ်။
Zawgyi – ဗန္ဒီဘိခ္မွာ ယူႏိုက္တက္မွာ ကစားခ်ိန္မရေပမယ့္လဲ ႏိုင္ငံအသင္းမွာ သူ႔ကို ယုံၾကည္မႈျပန္ရေအာင္ လုပ္ေပးမယ္လို႔ နည္းျပက ေျပာခဲ့သလို ၎ဟာ စပိန္နဲ႔ ၁ဂိုးစီ သေရက်ခဲ့တဲ့ပြဲမွာ နယ္သာလန္အတြက္ ဂိုးသြင္းယူေပးခဲ့ပါတယ္။
ဆိုးလ္ရွားအေနနဲ႔ အသင္းရဲ႕ ေျခစြမ္း မတည္ၿငိမ္မႈအတြက္ ၎တို႔ရဲ႕ ပြဲၾကပ္ အခ်ိန္ဇယားကို ဆင္ေျခေပးလို႔ မရဘူးလို႔ ဘာဘာေတာ့က ဆိုလိုက္ၿပီး ယူႏိုက္တက္လို အသင္းက ပြဲမ်ားစြာ ကစားရတာဟာ ပုံမွန္ပဲျဖစ္သင့္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ဒီဂီယာဟာ စပိန္ရဲ႕ ကာလရွည္ နံပါတ္တစ္ ဂိုးသမားျဖစ္ေပမယ့္ နယ္သာလန္နဲ႔ပြဲမွာေတာ့ ဘီဘာအို ဂိုးသမား အူႏိုင္း ဆိုင္မြန္က ႏိုင္ငံအသင္း အတြက္ ပြဲဦးထြက္ခြင့္ရခဲ့ၿပီး ေနာက္ပြဲေတြမ်ာ ဒီဂီယာရဲ႕ ေနရာကို စိန္ေခၚလာေတာ့မွာ ျဖစ္ပါတယ္။
ဂ်ဴဗင္တပ္ရဲ႕ ဘ႑ာေရး အေျခအေနေၾကာင့္ ေရာ္နယ္ဒိုဟာ အသင္းကေန ထြက္ခြာဖို႔ ျဖစ္ႏိုင္ေျခရွိေနတာနဲ႔အတူ သူ႔အေနနဲ႔ ယူႏိုက္တက္ထံ ျပန္သြားခ်င္ရင္ အေျပာင္းအေ႐ႊ႕ ေဆြးေႏြးမႈလုပ္ဖို႔ ဂ်ဴဗင္တပ္က ဆႏၵရွိေနပါတယ္။
ယူႏိုက္တက္အေနနဲ႔ အသင္းမွာ အံမဝင္ေတာ့တဲ့ ေပါ့ဘာကို ေရာင္းခ်ၿပီး အဲ့ဒီ့က ရတဲ့ ေငြနဲ႔ လိုအပ္တဲ့ အင္အားျဖည့္တင္းမႈေတြလုပ္ဖို႔၊ အဓိက ကစားသမားသစ္ေတြေခၚဖို႔ ႀကိဳးစားသင့္တယ္လို႔ ဒြန္ဟတ္ခ်င္ဆန္က အက္ဝုဒ္ဝဒ္ကို တိုက္တြန္းခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ ယူႏိုက္တက္ကို ျပန္လာဖို႔ သတင္းထြက္ေနေပမယ့္ အိုးလ္ထရက္ဖို႔ဒ္မွာ လူငယ္ ေရာ္နယ္ဒိုလို ျပန္ျဖစ္မွာ မဟုတ္ဘူးလို႔ ဝုလ္ဗ္ အသင္းေခါင္းေဆာင္ ထ႐ြိဳင္ဒီးနီက သတိေပးခဲ့ၿပီး ယူႏိုက္တက္ကို ျငင္းပယ္ကာ ဝုလ္ဗ္ကို လာဖို႔ တိုက္တြန္းခဲ့ပါတယ္။