ယနေ့ ညနေခင်း နောက်ဆုံးရ အာဆင်နယ် သတင်းတိုများ (12/11/20)

မြောက်လန်ဒန်မှာ ၅ ရာသီမြောက် ရှိပြီဖြစ်တဲ့ မူစတာဖီဟာ အာတီတာရဲ့အသင်းမှာ ပါဝင်ခွင့်ရခဲ့ပေမယ့် လက်ရှိ စာချုပ်သက်တမ်း ကုန်ဆုံးလာတဲ့အပေါ် စိတ်ကျေနပ်မှု ရှိနေပြီး နွေရာသီမှာ ထွက်ခွာဖို့ အသင့်ဖြစ်နေပြီလို့ ဖခင်ဖြစ်သူက ဖွင့်ဟခဲ့ပါတယ်။

အူဘာမီးယန်းဟာ အရင်တုန်းက ပွဲတွေကစားတဲ့အခါ အနည်းငယ် စိုးရိမ်မှု လျော့ခဲ့ပေမယ့် အသင်းခေါင်းဆောင် ဖြစ်လာတဲ့အခါ ပွဲတိုင်းမှာ အစွမ်းကုန် ပေးဆပ်ကစားရသလို သူ့ရဲ့စိတ်ဓာတ်ကို တိုးတက်လာစေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ကိုလာဆီနက်ဟာ တီရာနေးကြောင့် အာဆင်နယ်မှာ ကစားချိန်ကန့်သတ်ခံခဲ့ရပြီး လိဂ်တစ်ပွဲသာ ကစားခဲ့ရတဲ့နောက် အသင်းနဲ့လမ်းခွဲဖို့ ဆန္ဒရှိနေသလို လေဗာကူဆင်က ဇန်နဝါရီမှာ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

အာဆင်နယ်ဟာ အာတီတာ သဘောကျ မလုပ်ပြနိုင်တဲ့ ဝီလီယံ ဆလီဘာကို အငှားချထားချင်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ပြီးခဲ့တဲ့ နွေရာသီတုန်းက အေစီမီလန်ရဲ့ အပြီးသတ်ဝယ်ယူဖို့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တယ်လို့ သိရပါတယ်။

ဂျာမန်ကွင်းလယ်လူ တိုနီကရူးစ်ဟာ အလွန်အကျွံ အောင်ပွဲခံမှုတွေကို သဘောမကျတဲ့သူ တစ်ယောက်ဖြစ်သလို အူဘာမီးယန်းရဲ့ Black Panther မျက်နှာဖုံးနဲ့ အောင်ပွဲခံမှုလို ပုံစံမျိုးဟာ အဓိပ္ပါယ်မရှိပဲ ကြောင်တောင်တောင်နိုင်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဆော်ပိုလိုနဲ့ ဘရာဇီးတိုက်စစ်မှူး ဘရန်နာကို အာဆင်နယ်နဲ့ ဂျူဗင်တပ်တို့က စိတ်ဝင်စားနေသလို အခု ပီအက်စ်ဂျီကပါ သူ့ကို မျက်စိ ကျလာတာကြောင့် ယူရို သန်း၅၀တန် ကြယ်ပွင့်အတွက် ဒီ၃သင်းက အပြိုင်ကြိုးစားရတော့မှာပါ။

လာမယ့်နေ ရောသီမှာ အိုဇေး၊ ဆိုကရေးတစ်၊ မူစတာဖီနဲ့ ဒေးဗစ်လုဇ်တို့ စာချုပ်သက်တမ်း ကုန်မှာဖြစ်ပြီး အာဆင်နယ်ကနေ ထွက်ခွာဖို့ ရှိနေသလို ကစားသမားသစ်အနေနဲ့ အာဝါနဲ့ ဆိုဘော့စလေးတို့ကို ခေါ်ယူဖို့ အားကစားဒါရိုက်တာ အီဒူက စောင့်ကြည့်နေပါတယ်။

အာဆင်နယ်နောက်ခံလူ ဘယ်လာရင်ဟာ ဗီလာ အသင်းခေါင်းဆောင် ဂျက်ဂရီးလစ်ရှ်ရဲ့ အလိမ်အခေါက်စွမ်းရည်နဲ့ ဘောလုံးပေးပို့ရာမှာ အမြင် စူးရှမှုကို ထိန်းချုပ်ကိုင်တွယ်ဖို့ ရုန်းကန်ခဲ့ရသလို သူက နောက်ခံလူကောင်းမဟုတ်ဘူးလို့ ကမ့်ဘဲက ဝေဖန်ခဲ့ပါတယ်။

Zawgyi – ေျမာက္လန္ဒန္မွာ ၅ ရာသီေျမာက္ ရွိၿပီျဖစ္တဲ့ မူစတာဖီဟာ အာတီတာရဲ႕အသင္းမွာ ပါဝင္ခြင့္ရခဲ့ေပမယ့္ လက္ရွိ စာခ်ဳပ္သက္တမ္း ကုန္ဆုံးလာတဲ့အေပၚ စိတ္ေက်နပ္မႈ ရွိေနၿပီး ေႏြရာသီမွာ ထြက္ခြာဖို႔ အသင့္ျဖစ္ေနၿပီလို႔ ဖခင္ျဖစ္သူက ဖြင့္ဟခဲ့ပါတယ္။

အူဘာမီးယန္းဟာ အရင္တုန္းက ပြဲေတြကစားတဲ့အခါ အနည္းငယ္ စိုးရိမ္မႈ ေလ်ာ့ခဲ့ေပမယ့္ အသင္းေခါင္းေဆာင္ ျဖစ္လာတဲ့အခါ ပြဲတိုင္းမွာ အစြမ္းကုန္ ေပးဆပ္ကစားရသလို သူ႔ရဲ႕စိတ္ဓာတ္ကို တိုးတက္လာေစခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

ကိုလာဆီနက္ဟာ တီရာေနးေၾကာင့္ အာဆင္နယ္မွာ ကစားခ်ိန္ကန႔္သတ္ခံခဲ့ရၿပီး လိဂ္တစ္ပြဲသာ ကစားခဲ့ရတဲ့ေနာက္ အသင္းနဲ႔လမ္းခြဲဖို႔ ဆႏၵရွိေနသလို ေလဗာကူဆင္က ဇန္နဝါရီမွာ သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

အာဆင္နယ္ဟာ အာတီတာ သေဘာက် မလုပ္ျပႏိုင္တဲ့ ဝီလီယံ ဆလီဘာကို အငွားခ်ထားခ်င္ေနတယ္ဆိုတဲ့ သတင္းေတြ ထြက္ေနေပမယ့္ ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ေအစီမီလန္ရဲ႕ အၿပီးသတ္ဝယ္ယူဖို႔ ကမ္းလွမ္းမႈကို ျငင္းပယ္ခဲ့တယ္လို႔ သိရပါတယ္။

ဂ်ာမန္ကြင္းလယ္လူ တိုနီက႐ူးစ္ဟာ အလြန္အကြၽံ ေအာင္ပြဲခံမႈေတြကို သေဘာမက်တဲ့သူ တစ္ေယာက္ျဖစ္သလို အူဘာမီးယန္းရဲ႕ Black Panther မ်က္ႏွာဖုံးနဲ႔ ေအာင္ပြဲခံမႈလို ပုံစံမ်ိဳးဟာ အဓိပၸါယ္မရွိပဲ ေၾကာင္ေတာင္ေတာင္ႏိုင္တယ္လို႔ ေဝဖန္ေျပာဆိုခဲ့ပါတယ္။

ေဆာ္ပိုလိုနဲ႔ ဘရာဇီးတိုက္စစ္မႉး ဘရန္နာကို အာဆင္နယ္နဲ႔ ဂ်ဴဗင္တပ္တို႔က စိတ္ဝင္စားေနသလို အခု ပီအက္စ္ဂ်ီကပါ သူ႔ကို မ်က္စိ က်လာတာေၾကာင့္ ယူ႐ို သန္း၅၀တန္ ၾကယ္ပြင့္အတြက္ ဒီ၃သင္းက အၿပိဳင္ႀကိဳးစားရေတာ့မွာပါ။

လာမယ့္ေႏ ေရာသီမွာ အိုေဇး၊ ဆိုကေရးတစ္၊ မူစတာဖီနဲ႔ ေဒးဗစ္လုဇ္တို႔ စာခ်ဳပ္သက္တမ္း ကုန္မွာျဖစ္ၿပီး အာဆင္နယ္ကေန ထြက္ခြာဖို႔ ရွိေနသလို ကစားသမားသစ္အေနနဲ႔ အာဝါနဲ႔ ဆိုေဘာ့စေလးတို႔ကို ေခၚယူဖို႔ အားကစားဒါ႐ိုက္တာ အီဒူက ေစာင့္ၾကည့္ေနပါတယ္။

အာဆင္နယ္ေနာက္ခံလူ ဘယ္လာရင္ဟာ ဗီလာ အသင္းေခါင္းေဆာင္ ဂ်က္ဂရီးလစ္ရွ္ရဲ႕ အလိမ္အေခါက္စြမ္းရည္နဲ႔ ေဘာလုံးေပးပို႔ရာမွာ အျမင္ စူးရွမႈကို ထိန္းခ်ဳပ္ကိုင္တြယ္ဖို႔ ႐ုန္းကန္ခဲ့ရသလို သူက ေနာက္ခံလူေကာင္းမဟုတ္ဘူးလို႔ ကမ့္ဘဲက ေဝဖန္ခဲ့ပါတယ္။