ပရီးမီးယားလိဂ်မှာ ပိုချက်တီနို နည်းပြလိုတဲ့ အသင်းတွေထဲ ချယ်ဆီးအသင်းလဲ ပါဝင်နေ

စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ နည်းပြလောကထဲ ပြန်ခြေချလိုနေပြီး နေရာဟောင်း ပရီးမီးယားလိဂ်သို့ ပြန်လာဖို့ အလိုရှိနေပါတယ်။ အာဂျင်တီးနားသားကြီး နည်းပြလိုတဲ့ အသင်းတွေထဲမှာ လက်ရှိ လမ်းပတ်နဲ့ အရှိန်ကောင်း ရနေတဲ့ ချယ်ဆီးအသင်းလည်း ပါဝင်နေကြောင်း The Athletic သတင်းဌာနက ဖော်ထုတ်သွားပါတယ်။

ပိုချက်တီနိုကသာ စိတ်ဝင်စားပေမယ့် ချယ်ဆီးအသင်း တာဝန်ရှိသူတွေက လက်ရှိ နည်းပြ လမ်းပတ်ကို အားထားနေပြီး အင်္ဂလန်သားရဲ့ စွမ်းဆောင်မှုတွေကိုလည်း လက်ခံကျေနပ်နေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်သို့ တကျော့ပြန်လာလိုနေတဲ့ ပိုချက်တီနိုက မန်ချက်စတာ ယူနိုက်တက်၊ မန်စီးတီးနဲ့ ချယ်ဆီး အသင်းတို့ကို နည်းပြဖို့ စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချယ်ဆီးကတော့ လမ်းပတ်ကို ရေရှည် အစီအမံတွေအတွက် လျာထားတာဖြစ်လို့ ပိုချက်တီနို နေရာ ဝင်ယူဖို့ကလည်း မဖြစ်နိုင်ဘဲ ရှိပါတယ်။

ချယ်ဆီးအသင်းဟာ နည်းပြ ဖရန့်လမ်းပတ်ကို ယုံကြည်အားထားကြောင်း ပြီးခဲ့တဲ့နွေက ကစားသမား ဝယ်ယူဖို့ စိတ်ကြိုက် ပံ့ပိုးပေးခဲ့တာတွေက သိသာပြီးသား ဖြစ်ပါတယ်။

သတင်းထောက် ဒေးဗဟ် အွန်စတိန်းကတော့ ပိုချက်တီနို တစ်ယောက် ချယ်ဆီး နည်းပြ ဖြစ်လာဖို့ ရှိရင်တောင် ဒီနှစ်ပိုင်းတွေ အတွက် ချက်ချင်း မြန်မြန် ဖြစ်လာမှာတော့ မဟုတ်ကြောင်း သုံးသပ်ထားပါတယ်။

Zawgyi – စပါးနည္းျပေဟာင္း ပိုခ်က္တီနိုဟာ နည္းျပေလာကထဲ ျပန္ေျခခ်လိုေနျပီး ေနရာေဟာင္း ပရီးမီးယားလိဂ္သို႔ ျပန္လာဖို႔ အလိုရွိေနပါတယ္။ အာဂ်င္တီးနားသားၾကီး နည္းျပလိုတဲ့ အသင္းေတြထဲမွာ လက္ရွိ လမ္းပတ္နဲ႕ အရွိန္ေကာင္း ရေနတဲ့ ခ်ယ္ဆီးအသင္းလည္း ပါ၀င္ေနေၾကာင္း The Athletic သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။

ပိုခ်က္တီနုိကသာ စိတ္၀င္စားေပမယ့္ ခ်ယ္ဆီးအသင္း တာ၀န္ရွိသူေတြက လက္ရွိ နည္းျပ လမ္းပတ္ကို အားထားေနျပီး အဂၤလန္သားရဲ႕ စြမ္းေဆာင္မႈေတြကိုလည္း လက္ခံေက်နပ္ေနေၾကာင္း သိရပါတယ္။

ပရီးမီးယားလိဂ္သို႔ တေက်ာ့ျပန္လာလိုေနတဲ့ ပိုခ်က္တီနိုက မန္ခ်က္စတာ ယူနိုက္တက္၊ မန္စီးတီးနဲ႕ ခ်ယ္ဆီး အသင္းတို႔ကို နည္းျပဖို႔ စိတ္၀င္စားေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးကေတာ့ လမ္းပတ္ကို ေရရွည္ အစီအမံေတြအတြက္ လ်ာထားတာျဖစ္လို႔ ပိုခ်က္တီနို ေနရာ ၀င္ယူဖို႔ကလည္း မျဖစ္နိုင္ဘဲ ရွိပါတယ္။

ခ်ယ္ဆီးအသင္းဟာ နည္းျပ ဖရန္႔လမ္းပတ္ကို ယံုၾကည္အားထားေၾကာင္း ျပီးခဲ့တဲ့ေႏြက ကစားသမား ၀ယ္ယူဖို႔ စိတ္ၾကိဳက္ ပံ့ပိုးေပးခဲ့တာေတြက သိသာျပီးသား ျဖစ္ပါတယ္။

သတင္းေထာက္ ေဒးဗဟ္ အြန္စတိန္းကေတာ့ ပိုခ်က္တီနို တစ္ေယာက္ ခ်ယ္ဆီး နည္းျပ ျဖစ္လာဖို႔ ရွိရင္ေတာင္ ဒီနွစ္ပိုင္းေတြ အတြက္ ခ်က္ခ်င္း ျမန္ျမန္ ျဖစ္လာမွာေတာ့ မဟုတ္ေၾကာင္း သံုးသပ္ထားပါတယ္။