မေဆန်မောင့်ဟာ အင်္ဂလန်အသင်းမှာ ဂျက်ဂရီးလစ်ရှ်နဲ့ ပြိုင်ဆိုင်မှု မရှိဘူးလို့ ပြောဆိုခဲ့သလို အင်္ဂလန်အသင်း နည်းပြ ဆောက်ဂိတ်က သူတို့ နှစ်ယောက်ကို အိုင်ယာလန်နဲ့ပွဲမှာ အတူ ပွဲထွက်ကစားစေခဲ့ပြီး သံသယရှိသူတွေကို အသံတိတ်စေခဲ့ပါတယ်။
ဂရီးလစ်ရှ်နဲ့ နှိုင်းယှဉ်ဝေဖန်ခံနေရတဲ့ မောင့်ဟာ ဆောက်ဂိတ်ရဲ့အသင်းမှာ မမျှတတဲ့ ပုံမှန်ပွဲထွက်ခွင့်သာ ရရှိခဲ့သလို နိုင်ငံအသင်းက ချယ်ဆီးကြယ်ပွင့် အပေါ် အရှက်ရဖွယ် ဆက်ဆံခဲ့တယ်လို့ အီယန်ရိုက်နဲ့ အက်ရှ်လေကိုးက ဝေဖန်ပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ ဘာစီလိုနာ အကယ်ဒမီကြယ်ပွင့် အယ်လီဂျန်ဒရို ဘယ်ဒီကို စောင့်ကြည့်နေတယ်လို့ ကတ်တလန်သတင်းတွေက ဖော်ပြနေကြပြီး လူငယ်ကစားသမားဟာ အခု ဘာကာအသင်းကြီးမှာ နေရာရရှိဖို့ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။
ချယ်ဆီးဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ဇန်နဝါရီမှာ ပေါင်သန်း၈၀နဲ့ ကမ်းလှမ်းဖို့ စီစဉ်ထားပေမယ့် အဲ့ဒီ့ကုန်ကျငွေအတွက် ကစားသမား နှစ်ယောက်ကို အရင်ရောင်းထုတ်ရမှာဖြစ်ပြီး ရူဒီဂါ၊ ဂျော်ဂျင်ဟို၊ အလွန်ဆိုတို့ ဖြစ်နိုင်ဖွယ်ရှိပါတယ်။
စပါးက နွေရာသီမှာ ကတ်ဇူးမားကို ခေါ်ယူဖို့ ပစ်မှတ်ထားလာတာကြောင့် ချယ်ဆီးဟာ သူတို့ရဲ့ ဗဟိုနောက်ခံလူအပေါ် စိတ်ဝင်စားလာမှုတွေကို တားဆီးဖို့အတွက် သူ့ကို စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ချယ်ဆီးဟာ ဘိုင်ယန်နောက်ခံလူ ဘိုတန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၎င်းဟာ စာချုပ်သက်တမ်းကုန်တော့မယ့်ကြားက ကလပ်မှာ ဆက်နေချင် ပေမယ့် ဘိုင်ယန်က စာချုပ်သစ်ကမ်းလှမ်းမှာမဟုတ်တာကြောင့် ရာသီကုန်မှာ ဖရီးအေးဂျင့်ဖြစ်တော့မှာပါ။
မော်ရင်ညိုဟာ ဗာတွန်ဂန်ထွက်ခွာသွားတဲ့နောက် နွေရာသီအတွင်း ရီဂွယ်လွန်၊ ဒိုဟာတီတို့ကိုခေါ်ပြီး ခံစစ်ကို အားဖြည့်ခဲ့သလို ချယ်ဆီးရဲ့ ကတ်ဇူးမားနဲ့ ရူဒီဂါတို့ကိုလဲ ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် စတန်းဖို့ဒ်ဘရစ်ခ်ျက ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ချယ်ဆီး ကစားသမားသစ်တွေဖြစ်တဲ့ မန်ဒီနဲ့ သီယာဂိုဆေးဗားတို့ဟာ လီဗာပူးရဲ့ ဗန်ဒိုက်နဲ့ အယ်လီဆန်တို့လို့ အသင်းအတွက် အကျိုးပြု ပေးနိုင်မယ့် အရည်အသွေးမျိုး ရှိတယ်လို့ လီဗာပူးဂန္တဝင် ဂျွန်ဘန်းစ်က ချီးကျူးပြောဆိုခဲ့ပါတယ်။
Zawgyi – ေမဆန္ေမာင့္ဟာ အဂၤလန္အသင္းမွာ ဂ်က္ဂရီးလစ္ရွ္နဲ႔ ၿပိဳင္ဆိုင္မႈ မရွိဘူးလို႔ ေျပာဆိုခဲ့သလို အဂၤလန္အသင္း နည္းျပ ေဆာက္ဂိတ္က သူတို႔ နွစ္ေယာက္ကို အိုင္ယာလန္နဲ႔ပြဲမွာ အတူ ပြဲထြက္ကစားေစခဲ့ၿပီး သံသယရွိသူေတြကို အသံတိတ္ေစခဲ့ပါတယ္။
ဂရီးလစ္ရွ္နဲ႔ ႏႈိင္းယွဥ္ေဝဖန္ခံေနရတဲ့ ေမာင့္ဟာ ေဆာက္ဂိတ္ရဲ႕အသင္းမွာ မမွ်တတဲ့ ပုံမွန္ပြဲထြက္ခြင့္သာ ရရွိခဲ့သလို ႏိုင္ငံအသင္းက ခ်ယ္ဆီးၾကယ္ပြင့္ အေပၚ အရွက္ရဖြယ္ ဆက္ဆံခဲ့တယ္လို႔ အီယန္႐ိုက္နဲ႔ အက္ရွ္ေလကိုးက ေဝဖန္ေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ဘာစီလိုနာ အကယ္ဒမီၾကယ္ပြင့္ အယ္လီဂ်န္ဒ႐ို ဘယ္ဒီကို ေစာင့္ၾကည့္ေနတယ္လို႔ ကတ္တလန္သတင္းေတြက ေဖာ္ျပေနၾကၿပီး လူငယ္ကစားသမားဟာ အခု ဘာကာအသင္းႀကီးမွာ ေနရာရရွိဖို႔ တိုက္ပြဲဝင္ေနတာ ျဖစ္ပါတယ္။
ခ်ယ္ဆီးဟာ ဝက္စ္ဟမ္းကြင္းလယ္လူ ဒီကလန္႐ိုက္စ္ကို ဇန္နဝါရီမွာ ေပါင္သန္း၈၀နဲ႔ ကမ္းလွမ္းဖို႔ စီစဥ္ထားေပမယ့္ အဲ့ဒီ့ကုန္က်ေငြအတြက္ ကစားသမား နွစ္ေယာက္ကို အရင္ေရာင္းထုတ္ရမွာျဖစ္ၿပီး ႐ူဒီဂါ၊ ေဂ်ာ္ဂ်င္ဟို၊ အလြန္ဆိုတို႔ ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။
စပါးက ေႏြရာသီမွာ ကတ္ဇူးမားကို ေခၚယူဖို႔ ပစ္မွတ္ထားလာတာေၾကာင့္ ခ်ယ္ဆီးဟာ သူတို႔ရဲ႕ ဗဟိုေနာက္ခံလူအေပၚ စိတ္ဝင္စားလာမႈေတြကို တားဆီးဖို႔အတြက္ သူ႔ကို စာခ်ဳပ္သစ္ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။
ခ်ယ္ဆီးဟာ ဘိုင္ယန္ေနာက္ခံလူ ဘိုတန္ကို ေခၚယူဖို႔ စိတ္ဝင္စားေနၿပီး ၎ဟာ စာခ်ဳပ္သက္တမ္းကုန္ေတာ့မယ့္ၾကားက ကလပ္မွာ ဆက္ေနခ်င္ ေပမယ့္ ဘိုင္ယန္က စာခ်ဳပ္သစ္ ကမ္းလွမ္းမွာ မဟုတ္တာေၾကာင့္ ရာသီကုန္မွာ ဖရီးေအးဂ်င့္ျဖစ္ေတာ့မွာပါ။
ေမာ္ရင္ညိဳဟာ ဗာတြန္ဂန္ထြက္ခြာသြားတဲ့ေနာက္ ေႏြရာသီအတြင္း ရီဂြယ္လြန္၊ ဒိုဟာတီတို႔ကိုေခၚၿပီး ခံစစ္ကို အားျဖည့္ခဲ့သလို ခ်ယ္ဆီးရဲ႕ ကတ္ဇူးမားနဲ႔ ႐ူဒီဂါတို႔ကိုလဲ ေခၚယူဖို႔ႀကိဳးစားခဲ့ေပမယ့္ စတန္းဖို႔ဒ္ဘရစ္ခ္်က ျငင္းပယ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ခ်ယ္ဆီး ကစားသမားသစ္ေတြျဖစ္တဲ့ မန္ဒီနဲ႔ သီယာဂိုေဆးဗားတို႔ဟာ လီဗာပူးရဲ႕ ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔လို႔ အသင္းအတြက္ အက်ိဳးျပဳ ေပးႏိုင္မယ့္ အရည္အေသြးမ်ိဳး ရွိတယ္လို႔ လီဗာပူးဂႏၲဝင္ ဂြၽန္ဘန္းစ္က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။