လီဗာပူးနဲ႕ မရင္ဆိုင္ခင္ အက္သလက္တီကို အသင္းမွာ ဒဏ္ရာျပႆနာေတြ အနည္းငယ္ ရွိေနျပီး တိုက္စစ္မွဴး မိုရာတာ ပါဝင္ႏုိင္မွာ မဟုတ္သလို လီမာနဲ႔ လိုဒီတို႔ကလည္း ရာႏႈန္းျပည့္ ၾကံ႕ခိုင္ေနၾကျခင္း မရွိပါဘူး။ ဖီလစ္နဲ႔ ေကာ္စတာကေတာ့ ပါဝင္လာဖို႔ မ်ားပါတယ္။
လီဗာပူးအသင္းဟာ ေမလ ၁၈ ရက္ေန႔မွာ ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ လီဗာပူးၿမိဳ႕အတြင္း လည္ပတ္မႈလုပ္ဖို႔ စီစဥ္ထားပါတယ္။ ဒါေပမယ့္လို႔ အသင္းပရိသတ္ ၁ သန္းနီးပါး တက္ေရာက္မယ့္လို႔ ခန႔္မွန္းထားတဲ့ အဆိုပါ ကိစၥအတြက္ ဆုံးျဖတ္မႈေတြကို ထပ္လုပ္ရဖို႔ ရွိေနပါတယ္။
လီဗာပူးအသင္း ေတာင္ပံသမားေဟာင္း ရီအဲရာက ပထမအေက်ာ့မွာ တီကိုက လီဗာပူးကို ဂိုးသြင္းႏုိင္ခဲ့ေပမယ့္ အန္ဖီးကြင္းမွာေတာ့ အဲ့လို လုပ္ဖို႔ မလြယ္ကူေၾကာင္းနဲ႔ အန္ဖီးကြင္းမွာဆိုရင္ ေျခစြမ္း မေကာင္းရင္ေတာင္ လီဗာပူးက အႏိုင္ယူဖို႔ ခက္တယ္လို႔ ဆိုလိုက္ပါတယ္။
ယူနိုက္တက္ ေတာင္ပံတုိက္စစ္သမား တာဟစ္ေခ်ာင္ဟာ အသင္းက ထြက္ခြာမယ္ သတင္းၾကီးခဲ့ေပမယ့္ ယူနိုက္တက္နဲ႕ ပဲ သက္တမ္းတိုး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုလိုက္ပါတယ္။ ၄င္းစာခ်ဳပ္သစ္ အရ ၂၀၂၂ ဇြန္လထိ အသင္းမွာ ဆက္ရွိမွာ ျဖစ္ပါတယ္။
မန္ခ်က္စတာယူနိုက္တက္ဟာ အက္စတြန္ဗီလာ ကြင္းလယ္ကစားသမား ဂေရးလစ္ခ်္ကိုလည္း ေခၚယူဖို႔ ျပင္ဆင္ေနျပီး သတင္း ထြက္ေပၚေန ပါတယ္။ ဂေရးလစ္ခ်္ စာခ်ဳပ္က ၂၀၂၃ မွ ကုန္ဆံုးမွာ ျဖစ္လို႔ ၄င္းအတြက္ ယူနိုက္တက္က ေပါင္ သန္း ၇၀ ေလာက္ သံုးရဖြယ္ ရွိေနပါတယ္။
ရွက္ဖီးယူနိုက္တက္မွာ အငွား ကစားေနတဲ့ ဒင္း ဟန္ဒါဆန္ဟာ ေနာက္ရာသီမွာ ယူနိုက္တက္ ဒါမွမဟုတ္ ရွက္ဖီးကိုသာ ေရြးခ်ယ္မွာ ျဖစ္ျပီး ၄င္းကို စိတ္၀င္စားေနတဲ့ ရီးရဲလ္မက္ဒရစ္ အပါအ၀င္ အျခားအသင္းၾကီးမ်ားကို စဥ္းစားဖို႔ မရွိေၾကာင္း ဒင္းရဲ႕ ရွက္ဖီးအသင္းေဖာ္ ဘီလီရွပ္က ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။
လင္ဂတ္ဟာ ေႏြမွာ ေသခ်ာေပါက္ ေရာင္းထုတ္ခံရမွာျဖစ္ျပီး သူ႔ရဲ႕ တိုးတက္မႈကို ဆိုးရွား စိတ္ကုန္ခဲ့ျပီလို႔ သိရတယ္။ ရာသီကုန္ထိလည္း ပြဲကစားခြင့္ေတြ ပိုနည္းသြားဖို႔ ရွိေနပါတယ္။
Unicode – လီဗာပူးနဲ့ မရင်ဆိုင်ခင် အက်သလက်တီကို အသင်းမှာ ဒဏ်ရာပြဿနာတွေ အနည်းငယ် ရှိနေပြီး တိုက်စစ်မှူး မိုရာတာ ပါဝင်နိုင်မှာ မဟုတ်သလို လီမာနဲ့ လိုဒီတို့ကလည်း ရာနှုန်းပြည့် ကြံ့ခိုင်နေကြခြင်း မရှိပါဘူး။ ဖီလစ်နဲ့ ကော်စတာကတော့ ပါဝင်လာဖို့ များပါတယ်။
လီဗာပူးအသင်းဟာ မေလ ၁၈ ရက်နေ့မှာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လီဗာပူးမြို့အတွင်း လည်ပတ်မှုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့်လို့ အသင်းပရိသတ် ၁ သန်းနီးပါး တက်ရောက်မယ့်လို့ ခန့်မှန်းထားတဲ့ အဆိုပါ ကိစ္စအတွက် ဆုံးဖြတ်မှုတွေကို ထပ်လုပ်ရဖို့ ရှိနေပါတယ်။
လီဗာပူးအသင်း တောင်ပံသမားဟောင်း ရီအဲရာက ပထမအကျော့မှာ တီကိုက လီဗာပူးကို ဂိုးသွင်းနိုင်ခဲ့ပေမယ့် အန်ဖီးကွင်းမှာတော့ အဲ့လို လုပ်ဖို့ မလွယ်ကူကြောင်းနဲ့ အန်ဖီးကွင်းမှာဆိုရင် ခြေစွမ်း မကောင်းရင်တောင် လီဗာပူးက အနိုင်ယူဖို့ ခက်တယ်လို့ ဆိုလိုက်ပါတယ်။
ယူနိုက်တက် တောင်ပံတိုက်စစ်သမား တာဟစ်ချောင်ဟာ အသင်းက ထွက်ခွာမယ် သတင်းကြီးခဲ့ပေမယ့် ယူနိုက်တက်နဲ့ ပဲ သက်တမ်းတိုး စာချုပ်သစ် ချုပ်ဆိုလိုက်ပါတယ်။ ၎င်းစာချုပ်သစ် အရ ၂၀၂၂ ဇွန်လထိ အသင်းမှာ ဆက်ရှိမှာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အက်စတွန်ဗီလာ ကွင်းလယ်ကစားသမား ဂရေးလစ်ချ်ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေပြီး သတင်း ထွက်ပေါ်နေ ပါတယ်။ ဂရေးလစ်ချ် စာချုပ်က ၂၀၂၃ မှ ကုန်ဆုံးမှာ ဖြစ်လို့ ၎င်းအတွက် ယူနိုက်တက်က ပေါင် သန်း ၇၀ လောက် သုံးရဖွယ် ရှိနေပါတယ်။
ရှက်ဖီးယူနိုက်တက်မှာ အငှား ကစားနေတဲ့ ဒင်း ဟန်ဒါဆန်ဟာ နောက်ရာသီမှာ ယူနိုက်တက် ဒါမှမဟုတ် ရှက်ဖီးကိုသာ ရွေးချယ်မှာ ဖြစ်ပြီး ၎င်းကို စိတ်ဝင်စားနေတဲ့ ရီးရဲလ်မက်ဒရစ် အပါအဝင် အခြားအသင်းကြီးများကို စဉ်းစားဖို့ မရှိကြောင်း ဒင်းရဲ့ ရှက်ဖီးအသင်းဖော် ဘီလီရှပ်က ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
လင်ဂတ်ဟာ နွေမှာ သေချာပေါက် ရောင်းထုတ်ခံရမှာဖြစ်ပြီး သူ့ရဲ့ တိုးတက်မှုကို ဆိုးရှား စိတ်ကုန်ခဲ့ပြီလို့ သိရတယ်။ ရာသီကုန်ထိလည်း ပွဲကစားခွင့်တွေ ပိုနည်းသွားဖို့ ရှိနေပါတယ်။