ချယ်ဆီးနဲ့ ယူနိုက်တက်တို့ အားတက်အောင် အချက်ပြလိုက်တဲ့ ဒေါ့မွန် အကြီးအကဲ

ဒေါ့မွန်မှာ ခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်သမား ဆန်ချိုကို ပရီးမီးယားလိဂ်မှာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က အလေးအနက် ချိတ်ဆက်နေပါတယ်။ အစောပိုင်းမှာတော့ ဒေါ့မွန်က ဆန်ချို အတွက် ပေါင် သန်း ၁၂၀ တန်ကြေး ဈေးဆိုထားပြီး မလျှော့ဘူး အသိပေးထားပေမယ့် လေသံ ပြောင်းလဲ လာခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂလန်သား တိုက်စစ်သမား ဆန်ချိုဟာ အသက်အရွယ် အရလည်း ၂၀ သာ ရှိသေးပေမယ့် နှစ်ရာသီအတွင်း ဒေါ့မွန် အတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းကာ ဂိုးထောက်ပံ့မှု ၃၈ ကြိမ်ထိ ပြုလုပ်ထားတာကြောင့် ဥရောပ ထိပ်သီး အသင်းတွေ မျက်စိကျခြင်း ခံနေရပါတယ်။

ဆန်ချို အတွက် ပေါင် သန်း ၁၀၀ ကျော်တဲ့ ကမ်းလှမ်းမှုများသာ လက်ခံ စဉ်းစားမယ်လို့ ဒေါ့မွန်က မာခဲ့ပေမယ့် ကိုရိုနာ ရိုက်ခတ်မှုကြောင့် ဘဏ္ဍာရေး အကြပ်အတည်း ရှိလာတဲ့ ဒေါ့မွန်က ဆိုဈေးထက် နည်းပါးတဲ့ ပြောင်းရွှေ့ကြေး ဖြစ်ရင်တောင် သင့်တင့်ရင် လက်ခံဖို့ ရှိလာပြီ ဖြစ်ပါတယ်။

ဒေါ့မွန် အသင်းရဲ့ စီးပွားရေးပိုင်းဆိုင်ရာ အကြီးအကဲ တစ်ဦး ဖြစ်တဲ့ ကာစတန် ခရာမာက – ” ခါတိုင်း ဒီအချိန်ဆို နောက်ရာသီ ပြိုင်ပွဲဝင်မယ့် လူစာရင်း အတွက် တိကျသေချာမှု ရှိနေပြီ။ ဝယ်စရာ ရှိတာ အတွက် ဝယ်၊ ရောင်းစရာ ရှိတာရောင်း လုပ်ပြီးရမယ့် အချိန်နား ရောက်ပြီ။ ဒါပေမယ့် အခု အားလုံးကြုံနေရတဲ့ စီးပွားရေး အရွေ့ တစ်ခုက ရှိနေပြီ။ ဒီတော့ မြင့်မြင့် မျှော်လင့်ထားတာတွေကလည်း ထင်ထားထက် နည်းပါးသွားမှာတွေ ရှိမှာပါ။ ” လို့ ဝန်ခံ စကား ဆိုခဲ့ပါတယ်။

ခရာမာရဲ့ ပြောစကား အရ ဒေါ့မွန်ဟာ ဆန်ချို အတွက်လည်း ပြောင်းရွှေ့ကြေးမြင့်မြင့် မျှော်လင့်ထားသည့်တိုင် လျှော့ပြီး လက်ခံကောင်း လက်ခံရတော့မယ် လေသံ ပစ်လာတာ ယူဆရပါတယ်။

ကစားသမား ကိုယ်တိုင်ကတော့ အင်္ဂလန်သို့ ပြန်ဖို့ လိုလားနေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က ဆန်ချိုကို ရဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပါတယ်။ ချယ်ဆီးအသင်းမှာ ဆိုရင် ပက်ဒရို၊ ဝီလီယံတို့နေရာ ဆက်ခံဖို့ အတွက် ဆန်ချိုက အကောင်းဆုံး သူ ဖြစ်ပြီး အေဗရာနဲ့ ဝန်မျှထမ်းနိုင်မယ့် အင်္ဂလန်သားလည်း ဖြစ်ပါတယ်။

Zawgyi – ေဒါ့မြန္မွာ ေျခစြမ္းျပေနတဲ့ ေတာင္ပံတိုက္စစ္သမား ဆန္ခ်ိဳကို ပရီးမီးယားလိဂ္မွာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔က အေလးအနက္ ခိ်တ္ဆက္ေနပါတယ္။ အေစာပိုင္းမွာေတာ့ ေဒါ့မြန္က ဆန္ခ်ိဳ အတြက္ ေပါင္ သန္း ၁၂၀ တန္ေၾကး ေစ်းဆုိထားျပီး မေလွ်ာ့ဘူး အသိေပးထားေပမယ့္ ေလသံ ေျပာင္းလဲ လာခဲ့ျပီ ျဖစ္ပါတယ္။

အဂၤလန္သား တိုက္စစ္သမား ဆန္ခ်ိဳဟာ အသက္အရြယ္ အရလည္း ၂၀ သာ ရွိေသးေပမယ့္ နွစ္ရာသီအတြင္း ေဒါ့မြန္ အတြက္ ျပိဳင္ပြဲစံု ဂိုး ၃၀ သြင္းကာ ဂိုးေထာက္ပံ့မႈ ၃၈ ၾကိမ္ထိ ျပဳလုပ္ထားတာေၾကာင့္ ဥေရာပ ထိပ္သီး အသင္းေတြ မ်က္စိက်ျခင္း ခံေနရပါတယ္။

ဆန္ခ်ိဳ အတြက္ ေပါင္ သန္း ၁၀၀ ေက်ာ္တဲ့ ကမ္းလွမ္းမႈမ်ားသာ လက္ခံ စဥ္းစားမယ္လို႔ ေဒါ့မြန္က မာခဲ့ေပမယ့္ ကိုရိုနာ ရိုက္ခတ္မႈေၾကာင့္ ဘ႑ာေရး အၾကပ္အတည္း ရွိလာတဲ့ ေဒါ့မြန္က ဆိုေစ်းထက္ နည္းပါးတဲ့ ေျပာင္းေရႊ႕ေၾကး ျဖစ္ရင္ေတာင္ သင့္တင့္ရင္ လက္ခံဖို႔ ရွိလာျပီ ျဖစ္ပါတယ္။

ေဒါ့မြန္ အသင္းရဲ႕ စီးပြားေရးပိုင္းဆိုင္ရာ အၾကီးအကဲ တစ္ဦး ျဖစ္တဲ့ ကာစတန္ ခရာမာက – ” ခါတိုင္း ဒီအခ်ိန္ဆို ေနာက္ရာသီ ျပိဳင္ပြဲ၀င္မယ့္ လူစာရင္း အတြက္ တိက်ေသခ်ာမႈ ရွိေနျပီ။ ၀ယ္စရာ ရွိတာ အတြက္ ၀ယ္၊ ေရာင္းစရာ ရွိတာေရာင္း လုပ္ျပီးရမယ့္ အခ်ိန္နား ေရာက္ျပီ။ ဒါေပမယ့္ အခု အားလံုးၾကံဳေနရတဲ့ စီးပြားေရး အေရြ႕ တစ္ခုက ရွိေနျပီ။ ဒီေတာ့ ျမင့္ျမင့္ ေမွ်ာ္လင့္ထားတာေတြကလည္း ထင္ထားထက္ နည္းပါးသြားမွာေတြ ရွိမွာပါ။ ” လို႔ ၀န္ခံ စကား ဆိုခဲ့ပါတယ္။

ခရာမာရဲ႕ ေျပာစကား အရ ေဒါ့မြန္ဟာ ဆန္ခ်ိဳ အတြက္လည္း ေျပာင္းေရႊ႕ေၾကးျမင့္ျမင့္ ေမွ်ာ္လင့္ထားသည့္တိုင္ ေလွ်ာ့ျပီး လက္ခံေကာငး္ လက္ခံရေတာ့မယ္ ေလသံ ပစ္လာတာ ယူဆရပါတယ္။

ကစားသမား ကိုယ္တိုင္ကေတာ့ အဂၤလန္သို႔ ျပန္ဖို႔ လိုလားေနျပီး မန္ခ်က္စတာ ယူနိုက္တက္နဲ႕ ခ်ယ္ဆီးတို႔က ဆန္ခ်ိဳကို ရဖို႔ အလားအလာ အေကာင္းဆံုး ျဖစ္ေနပါတယ္။ ခ်ယ္ဆီးအသင္းမွာ ဆိုရင္ ပက္ဒရို၊ ၀ီလီယံတို႔ေနရာ ဆက္ခံဖို႔ အတြက္ ဆန္ခ်ိဳက အေကာင္းဆံုး သူ ျဖစ္ျပီး ေအဗရာနဲ႕ ၀န္မွ်ထမ္းနုိင္မယ့္ အဂၤလန္သားလည္း ျဖစ္ပါတယ္။