ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (13/11/20)

ယူနိုက်တက်ဟာ ဂျုဒ်ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ချိတ်ဆက်မှုရှိခဲ့ပေမယ့်လဲ အပြောင်းအရွှေ့ ဆွေးနွေးရာမှာ အက်ဝုဒ်ဝဒ်ရဲ့ ခေါင်းမာမှုကြောင့် အပြောင်းအရွှေ့ ပြီးမြောက်ဖို့အကြောင်းကို မေ့ထားသင့်တယ်လို့ စတိဗ်နီကိုးလ်က ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အကြီးအကဲ အက်ဝုဒ်ဝဒ်ကတော့ အသင်းဟာ တိုးတက်မှု ရှိနေတဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပြီး နည်းပြ ဆိုးရှားရဲ့ အားထုတ်မှုကို အသိအမှတ်ပြုကာ နော်ဝေသားကြီးဘက်ကနေ အသင်း တာဝန်ရှိသူတွေက ရပ်တည်နေကြောင်း အသိပေးခဲ့ပါတယ်။

နည်းပြ ဆိုးရှားဟာ ဘယ်ခြမ်း ဗဟိုခံစစ်သမား တစ်ဦး ခေါ်ယူလိုနေပြီး ပေါ်တူဂီကလပ် ဘရာဂါမှ အသက် ၂၁ နှစ် အရွယ် ခံစစ်မှူး ဒေးဗစ် ကာမို ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ပြီးခဲ့တဲ့နွေမှာ ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ဖြစ်ဖို့ ရေပန်းစားခဲ့ပေမယ့် ဖြစ်မလာခဲ့တဲ့ ဒေါ့မွန် တိုက်စစ်သမား ဆန်ချို က သူ့ ခြေစွမ်းတွေ ယိမ်းယိုင်ခဲ့ရကြောင်း ဖွင့်ဟပြီး ကောလဟာလတွေကို မေ့ပစ်ကာ ပြန်တုန့်ပြန် ကြိုးစားပြနေောကာင်း ပြောဆိုခဲ့ပါတယ်။

ဂျက်ဂရီးလစ်ရှ် အနေနဲ့ နိုင်ငံအသင်းနဲ့ ခြေစွမ်းကောင်းတွေကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ရွိုင်ကိန်းက ထောက်ခံခဲ့သလို သူဟာ ဆောက်ဂိတ်ရဲ့ လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရသူ ဖြစ်လာဖို့ ရက်ရှ်ဖို့ဒ်၊ကိန်းနဲ့ စတာလင်တို့ကို ခြိမ်းခြောက်နိုင်တယ်လို့ အက်ရှ်လေကိုးလ်က ဆိုပါတယ်။

ခံစစ်မှူး လင်ဒီလော့ဖ်က ဒီရာသီ ကလပ်အသင်း အတွက် ကစားတဲ့ ပွဲတွေမှာ ရုန်းကန်ခဲ့ရကြောင်း ဝန်ခံခဲ့ပြီး နောက်ကျော ဒဏ်ရာကလည်း ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ဂ်ဳဒ္ဘယ္လင္ဂမ္ကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈရွိခဲ့ေပမယ့္လဲ အေျပာင္းအေ႐ႊ႕ ေဆြးေႏြးရာမွာ အက္ဝုဒ္ဝဒ္ရဲ႕ ေခါင္းမာမႈေၾကာင့္ အေျပာင္းအေ႐ႊ႕ ၿပီးေျမာက္ဖို႔အေၾကာင္းကို ေမ့ထားသင့္တယ္လို႔ စတိဗ္နီကိုးလ္က ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ အၾကီးအကဲ အက္၀ုဒ္၀ဒ္ကေတာ့ အသင္းဟာ တုိးတက္မႈ ရွိေနတဲ့ လမ္းေၾကာင္းေပၚမွာ ရွိေနျပီး နည္းျပ ဆိုးရွားရဲ႕ အားထုတ္မႈကို အသိအမွတ္ျပဳကာ ေနာ္ေ၀သားၾကီးဘက္ကေန အသင္း တာ၀န္ရွိသူေတြက ရပ္တည္ေနေၾကာင္း အသိေပးခဲ့ပါတယ္။

နည္းျပ ဆိုးရွားဟာ ဘယ္ျခမ္း ဗဟိုခံစစ္သမား တစ္ဦး ေခၚယူလိုေနျပီး ေပၚတူဂီကလပ္ ဘရာဂါမွ အသက္ ၂၁ နွစ္ အရြယ္ ခံစစ္မွဴး ေဒးဗစ္ ကာမို ကို ေခၚယူဖို႔ စိတ္၀င္စားေနပါတယ္။

ျပီးခဲ့တဲ့ေႏြမွာ ယူနိုက္တက္နဲ႕ အေျပာင္းအေရႊ႕ ျဖစ္ဖို႔ ေရပန္းစားခဲ့ေပမယ့္ ျဖစ္မလာခဲ့တဲ့ ေဒါ့မြန္ တိုက္စစ္သမား ဆန္ခ်ိဳ က သူ႔ ေျခစြမ္းေတြ ယိမ္းယိုင္ခဲ့ရေၾကာင္း ဖြင့္ဟျပီး ေကာလဟာလေတြကို ေမ့ပစ္ကာ ျပန္တုန္႔ျပန္ ၾကိဳးစားျပေနောကာင္း ေျပာဆိုခဲ့ပါတယ္။

ဂ်က္ဂရီးလစ္ရွ္ အေနနဲ႔ ႏိုင္ငံအသင္းနဲ႔ ေျခစြမ္းေကာင္းေတြကို ဆက္လက္ ထိန္းသိမ္းႏိုင္ဖို႔ ႐ြိဳင္ကိန္းက ေထာက္ခံခဲ့သလို သူဟာ ေဆာက္ဂိတ္ရဲ႕ လူစာရင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရသူ ျဖစ္လာဖို႔ ရက္ရွ္ဖို႔ဒ္၊ ကိန္းနဲ႔ စတာလင္တို႔ကို ၿခိမ္းေျခာက္ႏိုင္တယ္လို႔ အက္ရွ္ေလကိုးလ္က ဆိုပါတယ္။

ခံစစ္မွဴး လင္ဒီေလာ့ဖ္က ဒီရာသီ ကလပ္အသင္း အတြက္ ကစားတဲ့ ပြဲေတြမွာ ရုန္းကန္ခဲ့ရေၾကာင္း ၀န္ခံခဲ့ျပီး ေနာက္ေက်ာ ဒဏ္ရာကလည္း ရွိေနခဲ့တယ္လို႔ ဆိုပါတယ္။