လူးကပ်တော်ရဲရားဟာ အာဆင်နယ်ကို ၂၀၁၈ မှာ အာဆင်နယ် အသင်းထံ ရောက်ရှိလာပြီးနောက်ပိုင်း နေရာရဖို့ ရုန်းကန်ခဲ့ရချိန်မှာ ဘာသာစကား အခက်အခဲကြောင့် လန်ဒန်မှာ အထိုင်ကျအောင် မလုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ရဲ့ အသင်းလိုက် ကျရှုံးမှုတွေဟာ ဝီလီယံရဲ့ နှေးကွေးတဲ့ ရာသီအစကြောင့် ဖြစ်တယ်လို့ ဂျွန်ဘန်းစ်က ယုံကြည်နေပေမယ့် သူဟာ နဂိုတည်းက တည်ငြိမ်မှုမရှိတဲ့ အသင်းကို ရောက်လာခဲ့တာကြောင့် အာဆင်နယ်မှာသာ အပြစ်ရှိတာပါလို့ ဆိုပါတယ်။
အာဆင်နယ်မှာ လုံလောက်တဲ့ခြေစွမ်းမပြနိုင်တော့တဲ့နောက် အသင်းလူစာရင်းကနေ ချန်လှပ်ခံထားရတဲ့ အိုဇေးနေရာကို အစားထိုးဖို့အတွက် လိုင်လီ ကွင်းလယ်လူ ယူဆက်ဖ် ယာဇီစီကို ခေါ်ယူနိုင်ရေး ကမ်းလှမ်းမှုလုပ်ဖို့ အာဆင်နယ်က ပြင်ဆင်နေပါတယ်။
အူဘာမီးယန်းဟာ သူ့ရဲ့ စူပါဟီးရိုး မျက်နှာဖုံးတွေစွပ်ပြီး အောင်ပွဲခံမှုကို တိုနီကရူးစ်က ဝေဖန်ခဲ့တဲ့အပေါ် ပြန်လည်တုံ့ပြန်ခဲ့ပြီး ဒါဟာ သူ့သား အတွက် လုပ်တာဖြစ်ကြောင်း၊ နောက်လဲ ဒီလိုပုံနဲ့ ဆက်လက်အောင်ပွဲခံနေဦးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
အူဘာမီးယန်းရဲ့ အောင်ပွဲခံမှုအပေါ် တိုနီခရူးစ်ရဲ့ ပြစ်တင်ပြောဆိုမှုနဲ့ပတ်သက်လို့ အိုဇေးဟာ ၎င်းရဲ့ အာဆင်နယ် အသင်းဖော်ဘက်က ထောက်ခံ ပေးခဲ့ပြီး တွစ်တာမှာ အူဘာမီးယန်းရဲ့ပုံကိုတင်ကာ အကောင်းဆုံး အောင်ပွဲခံပုံပဲလို့ ချီးကျူးခဲ့ပါတယ်။
ယူနိုက်တက်နဲ့ ပွဲမတိုင်ခင် ကွင်းထောင့်နားက ကန်ချက်လေ့ကျင်မှုမှာ အူဘာမီးယန်း၊ လာကာဇက်တို့ အဓိက ကစားသမားအားလုံး ၉ကြိမ် ကန်ရာမှာ လူတိုင်းလွဲခဲ့ကြတာက အာဆင်နယ်ရဲ့ အဓိကပြဿနာဖြစ်ကြောင်း အီယန်ရိုက်က ထောက်ပြပြောဆိုခဲ့ပါတယ်။
အာဖရိကနေးရှင်းဖလား ခြေစစ်ပွဲမှာ ဂမ်ဘီယာကို ၂-၁ နဲ့နိုင်ခဲ့တဲ့ပွဲအတွင်း အူဘာမီးယန်းက ဂါဘွန်လက်ရွေးစင်အသင်းအတွက် ဂိုး သွင်းယူ ခဲ့တဲ့ နောက် နိုင်ငံ့ထာဝရထိပ်တန်းဂိုးသွင်းရှင်အဖြစ် ၂၆ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ အဓိကတိုက်စစ်မှူးဖြစ်တဲ့ အူဘာမီးယန်းရဲ့ ပရီးမီးယားလိဂ် ဂိုးမိုးခေါင်မှုရဲ့ အကြောင်းပြချက်ဟာ အသင်းသားတွေက အူဘာမီးယန်း အတွက် လုံလောက်တဲ့ ဖန်တီးမှုမလုပ်ပေးနိုင်တာကြောင့် ဖြစ်တယ်လို့ အီယန်ရိုက်က ပြောဆိုခဲ့ပါတယ်။
Zawgyi – လူးကပ်တော်ရဲရားဟာ အာဆင်နယ်ကို ၂၀၁၈ မှာ အာဆင်နယ် အသင်းထံ ရောက်ရှိလာပြီးနောက်ပိုင်း နေရာရဖို့ ရုန်းကန်ခဲ့ရချိန်မှာ ဘာသာစကား အခက်အခဲကြောင့် လန်ဒန်မှာ အထိုင်ကျအောင် မလုပ်နိုင်ခဲ့တာဖြစ်တယ်လို့ ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။