ကာဗာနီဟာ ကိုလမ်ဘီယာကို ၃-၀ နဲ့နိုင်ခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစစ်ပွဲမှာ ဥရုဂွေး နိုင်ငံအသင်းအတွက် ဂိုးသွင်းယူပေးခဲ့ပြီး ဒါဟာ သူ့နိုင်ငံ အတွက် ၃ပွဲကစား၊ ၄ဂိုးမြောက် သွင်းယူနိုင်ခဲ့တာလဲ ဖြစ်ပါတယ်။
အိုင်ယာလန်နဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဟယ်ရီမက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့လကတော့ ဒိန်းမတ်နဲ့ပွဲမှာ အနီကတ် ပြသခံခဲ့ပြီး ပြဿနာတွေနဲ့ ရုန်းကန်နေရတာကြောင့် သူ့ကစားသမား ဘဝကို ထိခိုက်စေမှာ စိုးရိမ်ခဲ့ကြောင်း ဆောက်ဂိတ်က ဝန်ခံခဲ့ပါတယ်။
ဆိုးလ်ရှားဟာ နောက်တန်းမှာ မက်ဂွိုင်းယားအတွက် ဘယ်ခြမ်း ဗဟိုခံစစ်တွဲဖက် တစ်ယောက် ခေါ်ယူဖို့ အလိုရှိနေသလို ဒီရာသီ ပရီမီယားလိဂ် မှာ ခြေစွမ်းပြနေတဲ့ ဘရာဂါ ကြယ်ပွင့် ဒေးဗစ်ကာမိုကို ကမ်းလှမ်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။
ကစားချိန်ပိုရဖို့အတွက် နွေရာသီမှာ ယူနိုက်တက်ကနေ လိုင်လီကို ပြောင်းရွှေ့ခဲ့တဲ့ အိန်ဂျယ်ဂိုမက်စ်နဲ့ ပုံမှန် ဆက်သွယ်မှု ရှိသေးကြောင်း ရက်ရှ်ဖို့ဒ်က ဝန်ခံခဲ့ပြီး အနာဂတ်မှာ သူနဲ့အတူတွဲပြီး ပြန်ကစားခွင့်ရဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒီရာသီ ယူနိုက်တက်အတွက် ၁ဂိုးနဲ့ ဖန်တီးမှု၂ကြိမ်သာ လုပ်နိုင်ခဲ့တဲ့ ပေါ့ဘာရဲ့ စွမ်းဆောင်ရည်ကို ပရိသတ်တွေက စိတ်ပျက်နေကြသလို ပြင်သစ် နည်းပြ ဒက်ချမ့်ကလဲ ဖင်လန်ကို ရှုံးခဲ့တဲ့နောက် ယူနိုက်တက် ပရိသတ်တွေကို နားလည်သွားခဲ့ပါတယ်။
ရော်နယ်ဒိုဟာ သူ့အနာဂတ်အတွက် စဉ်းစားထားပြီးဖြစ်ပြီး အီတလီမှာ လက်ရှိ စာချုပ်ကုန်ရင် ဂျူဗင်တပ်အတွက် ဆက်ကစားမပေးတော့ပဲ အိုးလ်ထရက်ဖို့ဒ်ထံ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်သွားဖို့စီစဉ်ထားတယ်လို့ စပိန်သတင်းစာ AS က ဆိုပါတယ်။
Zawgyi – ကာဗာနီဟာ ကိုလမ္ဘီယာကို ၃-၀ နဲ႔ႏိုင္ခဲ့တဲ့ ကမာၻ႔ဖလား ေျခစစစ္ပြဲမွာ ဥ႐ုေဂြး ႏိုင္ငံအသင္းအတြက္ ဂိုးသြင္းယူေပးခဲ့ၿပီး ဒါဟာ သူ႔ႏိုင္ငံ အတြက္ ၃ပြဲကစား၊ ၄ဂိုးေျမာက္ သြင္းယူႏိုင္ခဲ့တာလဲ ျဖစ္ပါတယ္။
အိုင္ယာလန္နဲ႔ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဟယ္ရီမက္ဂြိဳင္းယားဟာ ၿပီးခဲ့တဲ့လကတော့ ဒိန္းမတ္နဲ႔ပြဲမွာ အနီကတ္ ျပသခံခဲ့ျပီး ျပႆနာေတြနဲ႔ ႐ုန္းကန္ေန ရတာေၾကာင့္ သူ႔ကစားသမား ဘဝကို ထိခိုက္ေစမွာ စိုးရိမ္ခဲ့ေၾကာင္း ေဆာက္ဂိတ္က ဝန္ခံခဲ့ပါတယ္။
ဆိုးလ္ရွားဟာ ေနာက္တန္းမွာ မက္ဂြိဳင္းယားအတြက္ ဘယ္ျခမ္း ဗဟိုခံစစ္တြဲဖက္ တစ္ေယာက္ ေခၚယူဖို႔ အလိုရွိေနသလို ဒီရာသီ ပရီမီယားလိဂ္ မွာ ေျခစြမ္းျပေနတဲ့ ဘရာဂါ ၾကယ္ပြင့္ ေဒးဗစ္ကာမိုကို ကမ္းလွမ္းဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။
ကစားခ်ိန္ပိုရဖို႔အတြက္ ေႏြရာသီမွာ ယူႏိုက္တက္ကေန လိုင္လီကို ေျပာင္းေ႐ႊ႕ခဲ့တဲ့ အိန္ဂ်ယ္ဂိုမက္စ္နဲ႔ ပုံမွန္ ဆက္သြယ္မႈ ရွိေသးေၾကာင္း ရက္ရွ္ဖို႔ဒ္က ဝန္ခံခဲ့ၿပီး အနာဂတ္မွာ သူနဲ႔အတူတြဲၿပီး ျပန္ကစားခြင့္ရဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
ဒီရာသီ ယူႏိုက္တက္အတြက္ ၁ဂိုးနဲ႔ ဖန္တီးမႈ၂ႀကိမ္သာ လုပ္ႏိုင္ခဲ့တဲ့ ေပါ့ဘာရဲ႕ စြမ္းေဆာင္ရည္ကို ပရိသတ္ေတြက စိတ္ပ်က္ေနၾကသလို ျပင္သစ္ နည္းျပ ဒက္ခ်မ့္ကလဲ ဖင္လန္ကို ရႈံးခဲ့တဲ့ေနာက္ ယူႏိုက္တက္ ပရိသတ္ေတြကို နားလည္သြားခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ သူ႔အနာဂတ္အတြက္ စဥ္းစားထားၿပီးျဖစ္ၿပီး အီတလီမွာ လက္ရွိ စာခ်ဳပ္ကုန္ရင္ ဂ်ဴဗင္တပ္အတြက္ ဆက္ကစားမေပးေတာ့ပဲ အိုးလ္ထရက္ဖို႔ဒ္ထံ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ျပန္သြားဖို႔စီစဥ္ထားတယ္လို႔ စပိန္သတင္းစာ AS က ဆိုပါတယ္။