ယူရို ၂၀၂၁ ခြေစစ်ပွဲအဆင့်မှာ ၉ပွဲဆက် မရှုံးသေးတဲ့ အင်္ဂလန် ယူ၂၁ အသင်းဟာ မနေ့ကလဲ အန်ဒိုရာကို ၃-၁ နဲ့ အနိုင်ရခဲ့ပြီး ချယ်ဆီး တိုက်စစ်ကစားသမား အိုဒွိုင်းက ပင်နယ်တီကို ဂိုးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
ဗဟိုတိုက်စစ်မှူး ဟာကင်ဇီယက်ခ်ျဟာ အာဖရိက နေးရှင်းဖလား ခြေစစ်ပွဲအဆင့်မှာ ဗဟိုအာဖရိက ရီပက်ဘလစ်နဲ့ တွေ့ဆုံခဲ့တဲ့ပွဲအတွင်း မိုရိုကိုအတွက် ၂ဂိုးသွင်း၊ ၁ဂိုးဖန်တီးပေးခဲ့ကာ ခြေစွမ်းကောင်းတွေ ဆက်လက်ပြသခဲ့ပါတယ်။
ချယ်ဆီးတောင်ပံကစားသမား အိုဒွိုင်းဟာ ၂၀၁၉ ဧပြီမှာ ဖနောင့်ကြောဒဏ်ရာ ရခဲ့တဲ့နောက် ၅လလောက် နားခဲ့ရပြီး အဲ့ဒီ့နှစ် စက်တင်ဘာမှာ ပြန်လာခဲ့ပေမယ့် ၁၈လ အကြာ ယခုအထိ အပြည့်အဝကြံ့ခိုင်မှုမရှိသေးဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
မေဆန်မောင့်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ ဝေဖန်မှုတွေခံနေရဆဲဖြစ်ပေမယ့် အိုင်ယာလန်နဲ့ပွဲမှာ သံသယရှိသူတွေကို အသံတိတ်စေခဲ့သလို သူဟာ ချီးကျူးမှုနဲ့ ထိုက်တန်တဲ့သူဖြစ်ကြောင်း ဂျက်ဂရီးလစ်ရှ်က ထောက်ခံပြောဆိုခဲ့ပါတယ်။
ချယ်ဆီးနောက်ခံလူ အီမာဆန်ဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ ချိတ်ဆက်မှုတွေ ရှိနေတဲ့ကြားက ကလပ်မှာ သူ့အနာဂတ်နဲ့ ပတ်သက်လို့ မရေရာသေးတာဖြစ်ပြီး ဘယ်အချိန်မှာ အပြောင်းအရွှေ့ဖြစ်မလဲဆိုတာ မသိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။
အင်တာမီလန်ဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ၂ရာသီအတွင်း ဂျီရူးကို ခေါ်ယူဖို့ ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ပေမယ့် ချယ်ဆီးတိုက်စစ်မှူးကို ကုန်ကျမှု နည်းပါးတဲ့ခေါ်ယူမှုအဖြစ် မြင်နေတာဖြစ်သလို ဇန်နဝါရီမှာ သူ့ကို ရရှိဖို့ ထပ်မံကြိုးစားဦးမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဘရိုက်တန်ကို ပြောင်းရွှေ့ခဲ့ပြီး အခု ဂရေဟမ်ပေါ်တာရဲ့အသင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်နေတဲ့ လမ့်ပ်တေးဟာ ပုံမှန် ကစားချိန် ပိုရဖို့အတွက် လူငယ်များစွာနဲ့ လမ်းပတ်ရဲ့ ချယ်ဆီးကနေ ထွက်ခွာခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။
သီယာဂိုဆေးဗားဟာ ချယ်ဆီးကို ရောက်လာပြီးကတည်းက ခံစစ်မှာ ၎င်းရဲ့ အရည်အချင်း၊ ခေါင်းဆောင်နိုင်စွမ်းတွေနဲ့ အကျိုးပြုခဲ့သလို အသက် ၃၆နှစ် ရှိပြီဖြစ်ပေမယ့် နောက်နှစ်လဲ အသင်းမှာပဲဆက်နေဖို့ စိတ်အားထက်သန်နေပါတယ်။
Zawgyi – ယူ႐ို ၂၀၂၁ ေျခစစ္ပြဲအဆင့္မွာ ၉ပြဲဆက္ မရႈံးေသးတဲ့ အဂၤလန္ ယူ၂၁ အသင္းဟာ မေန႔ကလဲ အန္ဒိုရာကို ၃-၁ နဲ႔ အႏိုင္ရခဲ့ၿပီး ခ်ယ္ဆီး တိုက္စစ္ကစားသမား အိုဒြိဳင္းက ပင္နယ္တီကို ဂိုးအျဖစ္ ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။
ဗဟိုတိုက္စစ္မႉး ဟာကင္ဇီယက္ခ္်ဟာ အာဖရိက ေနးရွင္းဖလား ေျခစစ္ပြဲအဆင့္မွာ ဗဟိုအာဖရိက ရီပက္ဘလစ္နဲ႔ ေတြ႕ဆုံခဲ့တဲ့ပြဲအတြင္း မို႐ိုကိုအတြက္ ၂ဂိုးသြင္း၊ ၁ဂိုးဖန္တီးေပးခဲ့ကာ ေျခစြမ္းေကာင္းေတြ ဆက္လက္ျပသခဲ့ပါတယ္။
ခ်ယ္ဆီးေတာင္ပံကစားသမား အိုဒြိဳင္းဟာ ၂၀၁၉ ဧၿပီမွာ ဖေနာင့္ေၾကာဒဏ္ရာ ရခဲ့တဲ့ေနာက္ ၅လေလာက္ နားခဲ့ရၿပီး အဲ့ဒီ့ႏွစ္ စက္တင္ဘာမွာ ျပန္လာခဲ့ေပမယ့္ ၁၈လ အၾကာ ယခုအထိ အျပည့္အဝႀကံ့ခိုင္မႈမရွိေသးဘူးလို႔ ဖြင့္ဟခဲ့ပါတယ္။
ေမဆန္ေမာင့္ဟာ ဆိုရွယ္မီဒီယာေပၚမွာ ေဝဖန္မႈေတြခံေနရဆဲျဖစ္ေပမယ့္ အိုင္ယာလန္နဲ႔ပြဲမွာ သံသယရွိသူေတြကို အသံတိတ္ေစခဲ့သလို သူဟာ ခ်ီးက်ဴးမႈနဲ႔ ထိုက္တန္တဲ့သူျဖစ္ေၾကာင္း ဂ်က္ဂရီးလစ္ရွ္က ေထာက္ခံေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးေနာက္ခံလူ အီမာဆန္ဟာ စတန္းဖို႔ဒ္ဘရစ္ခ္်ကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္မႈေတြ ရွိေနတဲ့ၾကားက ကလပ္မွာ သူ႔အနာဂတ္နဲ႔ ပတ္သက္လို႔ မေရရာေသးတာျဖစ္ၿပီး ဘယ္အခ်ိန္မွာ အေျပာင္းအေ႐ႊ႕ျဖစ္မလဲဆိုတာ မသိေသးဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
အင္တာမီလန္ဟာ ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕ ၂ရာသီအတြင္း ဂ်ီ႐ူးကို ေခၚယူဖို႔ ႀကိဳးစားခဲ့ၿပီး မေအာင္ျမင္ခဲ့ေပမယ့္ ခ်ယ္ဆီးတိုက္စစ္မႉးကို ကုန္က်မႈ နည္းပါးတဲ့ေခၚယူမႈအျဖစ္ ျမင္ေနတာျဖစ္သလို ဇန္နဝါရီမွာ သူ႔ကို ရရွိဖို႔ ထပ္မံႀကိဳးစားဦးမွာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဇန္နဝါရီမွာ ဘ႐ိုက္တန္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီး အခု ဂေရဟမ္ေပၚတာရဲ႕အသင္းမွာ အေရးပါတဲ့ ကစားသမားျဖစ္ေနတဲ့ လမ့္ပ္ေတးဟာ ပုံမွန္ ကစားခ်ိန္ ပိုရဖို႔အတြက္ လူငယ္မ်ားစြာနဲ႔ လမ္းပတ္ရဲ႕ ခ်ယ္ဆီးကေန ထြက္ခြာခဲ့တာျဖစ္တယ္လို႔ ဝန္ခံခဲ့ပါတယ္။
သီယာဂိုေဆးဗားဟာ ခ်ယ္ဆီးကို ေရာက္လာၿပီးကတည္းက ခံစစ္မွာ ၎ရဲ႕ အရည္အခ်င္း၊ ေခါင္းေဆာင္ႏိုင္စြမ္းေတြနဲ႔ အက်ိဳးျပဳခဲ့သလို အသက္ ၃၆ႏွစ္ ရွိၿပီျဖစ္ေပမယ့္ ေနာက္ႏွစ္လဲ အသင္းမွာပဲဆက္ေနဖို႔ စိတ္အားထက္သန္ေနပါတယ္။