ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (14/11/20)

ဝုလ်ဗ် တိုက်စစ်မှူး ရာအူးဂျီမီနက်ဇ်က ပြီးခဲ့တဲ့နွေအပြောင်းအရွှေ့အတွင်း ယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့ဟာ သူ့ကိုခေါ်ယူဖို့ စိတ်အား ထက်သန် ခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် အခု ကလပ်မှာပဲ ပျော်နေကြောင်း အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

စပိန်ဘက်က သတင်းတွေမှာတော့ ဘာစီလိုနာ အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အကယ်ဒမီမှ ဆယ်ကျော်သက် လူငယ် ကွင်းလယ်သမားလေး Arnau Puigmal ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြောင်း ဖော်ပြနေပါတယ်။

ရီးရဲလ် ဆိုဒီဒက်မှာ ကစားနေပြီ ဖြစ်တဲ့ ယူနိုက်တက် ကစားသမားဟောင်း ယာနုဇက်ကို ပရီးမီးယားလိဂ်မှ ဆောက်သမ်တန်နဲ့ ဘရိုက်တန် အသင်းတို့က ခေါ်ယူဖို့ အကြိတ်အနယ် ရှိနေကြပြီး ပြောင်းရွှေ့ကြေး ယူရို ၂၅ သန်းနဲ့ ဆိုဆီဒက်က နောက်နှစ်မှာ ရောင်းချလိုနေပါတယ်။

အဲရစ်ဘိုင်လီရဲ့ ယူနိုက်တက် မှာ တိုးတက်မှု အခြေအနေကို စောင့်ကြည့် သုံးသပ်ကာ ကစားသမား အနာဂတ် အတွက် ဆုံးဖြတ်သွားဖို့ ရှိကြောင်း ဘိုင်လီရဲ့ အေးဂျင့် ဖြစ်သူက ထုတ်ဖော် ပြောဆိုလာပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို ကို ယူနိုက်တက် က ပြန်လည် ခေါ်ယူဖြစ်ဖွယ် ရှိတယ် ဆိုတဲ့ သတင်းတွေ ရေပန်းစားလာပေမယ့် အသက် ၃၅ နှစ် အရွယ် ပေါ်တူဂီသားကို ယူနိုက်တက် က ပြန်ခေါ်ဖို့ အစီအစဉ် မရှိကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ထုတ်သွားပါတယ်။

ပြင်းထန်ခိုင်မာတဲ့ စိတ်ဓာတ်ကြောင့် ယူနိုက်တက်မှာ တစ်နေရာ ရလာပြီ ဖြစ်တဲ့ ကွင်းလယ် ကစားသမား ဘရူနို ဖာနန်ဒက်စ်က ၎င်းဟာ နိုင်လိုစိတ် ပြင်းထန်သူ ဖြစ်ပြီး အရှုံးကို အမုန်းကြီး မုန်းသူ ဖြစ်ကြောင်း အားလပ်ရက်မှာ သမီးဖြစ်သူနဲ့ အပျော် UNO ဆော့တာတောင်မှ အနိုင် လိုချင်သူ ဖြစ်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Zawgyi – ဝုလ္ဗ္ တိုက္စစ္မႉး ရာအူးဂ်ီမီနက္ဇ္က ၿပီးခဲ့တဲ့ေႏြအေျပာင္းအေ႐ႊ႕အတြင္း ယူႏိုက္တက္နဲ႔ ဂ်ဴဗင္တပ္တို႔ဟာ သူ႔ကိုေခၚယူဖို႔ စိတ္အား ထက္သန္ ခဲ့ေၾကာင္း အတည္ျပဳခဲ့ေပမယ့္ အခု ကလပ္မွာပဲ ေပ်ာ္ေနေၾကာင္း အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။

စပိန္ဘက္က သတင္းေတြမွာေတာ့ ဘာစီလိုနာ အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ အကယ္ဒမီမွ ဆယ္ေက်ာ္သက္ လူငယ္ ကြင္းလယ္သမားေလး Arnau Puigmal ကို ဇန္န၀ါရီမွာ ေခၚယူဖို႔ လႈပ္ရွားမႈေတြ ျပဳလုပ္ေနေၾကာင္း ေဖာ္ျပေနပါတယ္။

ရီးရဲလ္ ဆိုဒီဒက္မွာ ကစားေနျပီ ျဖစ္တဲ့ ယူနိုက္တက္ ကစားသမားေဟာင္း ယာနုဇက္ကို ပရီးမီးယားလိဂ္မွ ေဆာက္သမ္တန္နဲ႕ ဘရိုက္တန္ အသင္းတို႔က ေခၚယူဖို႔ အၾကိတ္အနယ္ ရွိေနၾကျပီး ေျပာင္းေရႊ႕ေၾကး ယူရို ၂၅ သန္းနဲ႕ ဆိုဆီဒက္က ေနာက္နွစ္မွာ ေရာင္းခ်လိုေနပါတယ္။

အဲရစ္ဘိုင္လီရဲ႕ ယူနိုက္တက္ မွာ တိုးတက္မႈ အေျခအေနကို ေစာင့္ၾကည့္ သံုးသပ္ကာ ကစားသမား အနာဂတ္ အတြက္ ဆံုးျဖတ္သြားဖို႔ ရွိေၾကာင္း ဘိုင္လီရဲ႕ ေအးဂ်င့္ ျဖစ္သူက ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

ခရစၥတီယာနို ေရာ္နယ္ဒို ကို ယူနိုက္တက္ က ျပန္လည္ ေခၚယူျဖစ္ဖြယ္ ရွိတယ္ ဆိုတဲ့ သတင္းေတြ ေရပန္းစားလာေပမယ့္ အသက္ ၃၅ နွစ္ အရြယ္ ေပၚတူဂီသားကို ယူနိုက္တက္ က ျပန္ေခၚဖို႔ အစီအစဥ္ မရွိေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္သြားပါတယ္။

ျပင္းထန္ခိုင္မာတဲ့ စိတ္ဓာတ္ေၾကာင့္ ယူနိုက္တက္မွာ တစ္ေနရာ ရလာျပီ ျဖစ္တဲ့ ကြင္းလယ္ ကစားသမား ဘရူနို ဖာနန္ဒက္စ္က ၄င္းဟာ နုိင္လိုစိတ္ ျပင္းထန္သူ ျဖစ္ျပီး အရွံဳးကို အမုန္းၾကီး မုန္းသူ ျဖစ္ေၾကာင္း အားလပ္ရက္မွာ သမီးျဖစ္သူနဲ႕ အေပ်ာ္ UNO ေဆာ့တာေတာင္မွ အနိုင္ လိုခ်င္သူ ျဖစ္တယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။