အာဆင်နယ်ဟာ ရက်ဘူး ဆဲလ်ဘက် ကြယ်ပွင့် ဆိုဘော့စလေး ကို ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အခု ရီးရဲလ်မက်ဒရစ်ကလဲ ဒီပြိုင်ပွဲမှာ ပါဝင် လာခဲ့ပြီး နောက်နွေရာသီမှာ သူ့ကိုခေါ်ယူဖို့ကြိုးစားတော့မှာဖြစ်ပါတယ်။
အာဆင်နယ်အနေနဲ့ နွေရာသီအတွင်း ဂျက်ဂရီးလစ်ရှ်ကို ခေါ်ယူခဲ့သင့်တယ်လို့ ကွင်းလယ်လူဟောင်း ဂီဘတ်တို ဆေးဗားက ထင်မြင်နေပြီး ၎င်းဟာ ဒန်းနစ် ဘားကမ့်နဲ့ အနည်းငယ် ကွာခြားပေမယ့် အာဆင်နယ်အတွက် အဓိက ကစားသမား ဖြစ်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဂေဘရီရယ် မက်ဂါးလက်စ်က နွေရာသီအတွင်း သူ့ကို ခေါ်ဖို့ စိတ်ဝင်စားခဲ့တဲ့ ကလပ်များစွာ ရှိခဲ့တာတောင် အာဆင်နယ်ကိုပဲ သဘောကျ ခဲ့တာ ဖြစ်ပြီး ဂန်းနားတွေ ကမ်းလှမ်းလာရင် လက်ခံဖို့ အေးဂျင့်ဖြစ်သူကို ပြောခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။
အက်သလက်တီကို မက်ဒရစ်ဟာ အာဆင်နယ်တိုက်စစ်မှူးအတွက် နောက်ထပ် အပြောင်းအရွှေ့လုပ်ဖို့ စဉ်းစားနေသလို ဆီမြွန်နီ စိတ်ကြိုက် ကစားသမားဖြစ်တဲ့ လာကာဇက်ဟာ စပိန်ကလပ်ထံက စိတ်ဝင်စားတွေကို ပြန်လည်ရရှိနိုင်ပါတယ်။
အာတီတာဟာ ကလပ်အသင်းမှာ သူ့ရဲ့ အညှာအတာကင်းမဲ့တဲ့ပုံစံကို ပြသဖို့ အဆင်သင့်ဖြစ်နေပြီး ဂွမ်ဒူဇီအတွက် အာဆင်နယ်မှာ အနာဂတ် မရှိတော့ဘူး လို့ သတိပေးခံခဲ့ရကာ အိုဇေးနဲ့ ၎င်းဟာလဲ အသင်းကနေ ထွက်ခွာရနိုင်တယ်လို့ ကမ့်ဘဲက သုံးသပ် ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ စပို့တင်း လစ္စဘွန်း ကြယ်ပွင့် နူနိုမန်ဒက်စ်ကို ကာလရှည်ကြာ ပစ်မှတ်ထားနေခဲ့တာဖြစ်ပြီး ယခင် စာချုပ် ဖျက်သိမ်းကြေးက ယူရို သန်း ၄၀ ရှိခဲ့ပေမယ့် အခု စာချုပ်သစ်မှာ ယူရို ၆၂သန်းအထိ မြင့်တက်သွားခဲ့ပြီဖြစ်ပါတယ်။
အာဆင်နယ်ဟာ ကိုဗစ်ကာလမှာ ကုန်ကျစရိတ်လျှော့ချဖို့ ဝန်ထမ်း ၅၅ယောက်ကို အလုပ်ဖြုတ်ဖို့ စီစဉ်ခဲ့သလို အသင်းရဲ့လာဘ်ကောင်ဖြစ်တဲ့ ဂန်းနားဆောရပ်စ်ကိုလဲ အလုပ်နားခိုင်းဖို့ စဉ်းစားခဲ့တာက အဆင့်အတန်းမရှိဘူးလို့ ဝေဖန်ခံခဲ့ရပါတယ်။
အာတီတာရဲ့အသင်းဟာ ဒီရာသီမှာ ခြေစွမ်းတည်ငြိမ်မှုရဖို့ရုန်းကန်နေရတာဖြစ်သလို အူဘာမီးယန်း၊ လာကာဇက်၊ ဝီလီယံတို့ရဲ့ တိုက်စစ်က ဂိုးရဖို့ ခက်ခဲနေခဲ့တဲ့နောက် သူတို့ဟာ မေဆန်မောင့်လို ကွင်းလယ် လူမျိုး လိုအပ်နေတာပါလို့ လီးဒစ်ဇန်က ဆိုပါတယ်။
Zawgyi – အာဆင္နယ္ဟာ ရက္ဘူး ဆဲလ္ဘက္ ၾကယ္ပြင့္ ဆိုေဘာ့စေလး ကို ေခၚယူဖို႔ စိတ္ဝင္စားေနသလို အခု ရီးရဲလ္မက္ဒရစ္ကလဲ ဒီၿပိဳင္ပြဲမွာ ပါဝင္ လာခဲ့ၿပီး ေနာက္ေႏြရာသီမွာ သူ႔ကိုေခၚယူဖို႔ႀကိဳးစားေတာ့မွာျဖစ္ပါတယ္။
အာဆင္နယ္အေနနဲ႔ ေႏြရာသီအတြင္း ဂ်က္ဂရီးလစ္ရွ္ကို ေခၚယူခဲ့သင့္တယ္လို႔ ကြင္းလယ္လူေဟာင္း ဂီဘတ္တို ေဆးဗားက ထင္ျမင္ေနၿပီး ၎ဟာ ဒန္းနစ္ ဘားကမ့္နဲ႔ အနည္းငယ္ ကြာျခားေပမယ့္ အာဆင္နယ္အတြက္ အဓိက ကစားသမား ျဖစ္ႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ေဂဘရီရယ္ မက္ဂါးလက္စ္က ေႏြရာသီအတြင္း သူ႔ကို ေခၚဖို႔ စိတ္ဝင္စားခဲ့တဲ့ ကလပ္မ်ားစြာ ရွိခဲ့တာေတာင္ အာဆင္နယ္ကိုပဲ သေဘာက် ခဲ့တာ ျဖစ္ၿပီး ဂန္းနားေတြ ကမ္းလွမ္းလာရင္ လက္ခံဖို႔ ေအးဂ်င့္ျဖစ္သူကို ေျပာခဲ့တယ္လို႔ ဖြင့္ဟခဲ့ပါတယ္။
အက္သလက္တီကို မက္ဒရစ္ဟာ အာဆင္နယ္တိုက္စစ္မႉးအတြက္ ေနာက္ထပ္ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ စဥ္းစားေနသလို ဆီႁမြန္နီ စိတ္ႀကိဳက္ ကစားသမားျဖစ္တဲ့ လာကာဇက္ဟာ စပိန္ကလပ္ထံက စိတ္ဝင္စားေတြကို ျပန္လည္ရရွိႏိုင္ပါတယ္။
အာတီတာဟာ ကလပ္အသင္းမွာ သူ႔ရဲ႕ အညႇာအတာကင္းမဲ့တဲ့ပုံစံကို ျပသဖို႔ အဆင္သင့္ျဖစ္ေနျပီး ဂြမ္ဒူဇီအတြက္ အာဆင္နယ္မွာ အနာဂတ္ မရွိေတာ့ဘူး လို႔ သတိေပးခံခဲ့ရကာ အိုေဇးနဲ႔ ၎ဟာလဲ အသင္းကေန ထြက္ခြာရႏိုင္တယ္လို႔ ကမ့္ဘဲက သံုးသပ္ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ စပို႔တင္း လစၥဘြန္း ၾကယ္ပြင့္ ႏူႏိုမန္ဒက္စ္ကို ကာလရွည္ၾကာ ပစ္မွတ္ထားေနခဲ့တာျဖစ္ၿပီး ယခင္ စာခ်ဳပ္ ဖ်က္သိမ္းေၾကးက ယူ႐ို သန္း ၄၀ ရွိခဲ့ေပမယ့္ အခု စာခ်ဳပ္သစ္မွာ ယူ႐ို ၆၂သန္းအထိ ျမင့္တက္သြားခဲ့ၿပီျဖစ္ပါတယ္။
အာဆင္နယ္ဟာ ကိုဗစ္ကာလမွာ ကုန္က်စရိတ္ေလွ်ာ့ခ်ဖို႔ ဝန္ထမ္း ၅၅ေယာက္ကို အလုပ္ျဖဳတ္ဖို႔ စီစဥ္ခဲ့သလို အသင္းရဲ႕လာဘ္ေကာင္ျဖစ္တဲ့ ဂန္းနားေဆာရပ္စ္ကိုလဲ အလုပ္နားခိုင္းဖို႔ စဥ္းစားခဲ့တာက အဆင့္အတန္းမရွိဘူးလို႔ ေဝဖန္ခံခဲ့ရပါတယ္။
အာတီတာရဲ႕အသင္းဟာ ဒီရာသီမွာ ေျခစြမ္းတည္ၿငိမ္မႈရဖို႔႐ုန္းကန္ေနရတာျဖစ္သလို အူဘာမီးယန္း၊ လာကာဇက္၊ ဝီလီယံတို႔ရဲ႕ တိုက္စစ္က ဂိုးရဖို႔ ခက္ခဲေနခဲ့တဲ့ေနာက္ သူတို႔ဟာ ေမဆန္ေမာင့္လို ကြင္းလယ္ လူမ်ိဳး လိုအပ္ေနတာပါလို႔ လီးဒစ္ဇန္က ဆိုပါတယ္။