ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (20/05/20)

ယူနိုက်တက် အစွန်ခံစစ်မှူး လုခ်ရှောကတော့ အသင်းဖော်တွေနဲ့ အတူ လေ့ကျင့်ရမှာက ရှေ့ဆက်ဖို့ ခြေလှမ်းကြီး တစ်ရပ် စတင်လိုက်တာ ဖြစ်ပြီး သူကတော့ ဘောလုံး အရမ်း ပြန်ကစားချင်နေပြီလို့ ဖွင့်ဟခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့် ရာသီမှာ လူငယ်ကစားသမား အများအပြား အငှားစေလွှတ်ဖို့ ရှိနေပြီး ဂျိမ်းစ် ဂါနာ တစ်ယောက်လည်း အပါအဝင် ဖြစ်ပါတယ်။ အသက် ၁၉ နှစ် အရွယ် ကွင်းလယ်သမားကို ကာဒစ်၊ ဆွမ်ဆီးနဲ့ ရှက်ဖီး ဝမ်းနက်စ်ဒေး အသင်းတွေက ချိတ်ဆက်နေပါတယ်။

ပရီးမီးယားလိဂ် ထိပ်သီး အသင်းတွေဖြစ်ကြတဲ့ ယူနိုက်တက်၊ လီဗာပူးနဲ့ မန်စီးတီး အသင်းတို့ဟာ ဝုဗ် တိုက်စစ်မှူး ထရာအိုရေးကို ခေါ်ယူဖို့ အပြိုင် စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား တော်မီနေးကို ပုံမှန် ပွဲကစားချိန် မပေးနိုင်ရင် စကော့သားဟာ အသင်းက ထွက်ခွာသွားနိုင်တယ်လို့ ယူနိုက်တက် ကစားသမားဟောင်းကြီး ဘရိုင်ယန် မက် ကလဲယားက သတိပေးစကား ဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ အငှားလွှတ်ထားတဲ့ ကစားသမားတွေကို လက်ရှိ ဘောလုံးရာသီ ပွဲကျန်မှာ ကစားပြီးသည် ထိ လက်ရှိ ကလပ်များမှာပဲ ဆက် ကစားဖို့ ခွင့်ပြုလိုက်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ ဆန်းချက်၊ စမောလင်း၊ ဒင်းဟန်ဒါဆန် စတဲ့ ကစားသမားကောင်းများ အငှားလွှတ်ထားပါတယ်။

လက်ရှိ ဘဏ္ဍာရေးအကြပ်အတည်း ရှိနေတာကြောင့် မျှော်လင့်ထားတဲ့ ဝင်ငွေကြီးတွေကို လျှော့လက်ခံရဖွယ် ရှိကြောင်း ဒေါ့မွန် အကြီးအကဲ ကာစတန် ခရာမာက ဝန်ခံလိုက်ပြီး ဆန်ချို အတွက် ပြောင်းရွှေ့ကြေးကို လျှော့ချပေးမယ့် အရိပ်အမြွက် ဆိုလိုက်ပါတယ်။

မိုနာကို အသင်းမှာ ဒီရာသီ ၁၈ ဂိုး သွင်းထားတဲ့ တိုက်စစ်မှူး ဘန် ယက်ဒါကို ယူနိုက်တက်က မျက်စိ ကျနေကြောင်း အင်္ဂလန် သတင်းတွေမှာ ဖော်ပြလာပါတယ်။

Zawgyi – ယူနိုက္တက္ အစြန္ခံစစ္မွဴး လုခ္ေရွာကေတာ့ အသင္းေဖာ္ေတြနဲ႕ အတူ ေလ့က်င့္ရမွာက ေရွ႕ဆက္ဖို႔ ေျခလွမ္းၾကီး တစ္ရပ္ စတင္လိုက္တာ ျဖစ္ျပီး သူကေတာ့ ေဘာလံုး အရမ္း ျပန္ကစားခ်င္ေနျပီလို႔ ဖြင့္ဟခဲ့ပါတယ္။

ယူနိုက္တက္ဟာ လာမယ့္ ရာသီမွာ လူငယ္ကစားသမား အမ်ားအျပား အငွားေစလႊတ္ဖို႔ ရွိေနျပီး ဂ်ိမ္းစ္ ဂါနာ တစ္ေယာက္လည္း အပါအ၀င္ ျဖစ္ပါတယ္။ အသက္ ၁၉ နွစ္ အရြယ္ ကြင္းလယ္သမားကို ကာဒစ္၊ ဆြမ္ဆီးနဲ႕ ရွက္ဖီး ၀မ္းနက္စ္ေဒး အသင္းေတြက ခ်ိတ္ဆက္ေနပါတယ္။

ပရီးမီးယားလိဂ္ ထိပ္သီး အသင္းေတြျဖစ္ၾကတဲ႔ ယူနိုက္တက္၊ လီဗာပူးနဲ႕ မန္စီးတီး အသင္းတို႔ဟာ ၀ုဗ္ တိုက္စစ္မွဴး ထရာအိုေရးကို ေခၚယူဖို႔ အျပိဳင္ ေစာင့္ၾကည့္ေနပါတယ္။

ယူနိုက္တက္ဟာ ကြင္းလယ္ကစားသမား ေတာ္မီေနးကို ပံုမွန္ ပြဲကစားခ်ိန္ မေပးနုိင္ရင္ စေကာ့သားဟာ အသင္းက ထြက္ခြာသြားနုိင္တယ္လို႔ ယူနိုက္တက္ ကစားသမားေဟာင္းၾကီး ဘရိုင္ယန္ မက္ ကလဲယားက သတိေပးစကား ဆုိခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ အငွားလႊတ္ထားတဲ့ ကစားသမားေတြကို လက္ရွိ ေဘာလံုးရာသီ ပြဲက်န္မွာ ကစားျပီးသည္ ထိ လက္ရွိ ကလပ္မ်ားမွာပဲ ဆက္ ကစားဖို႔ ခြင့္ျပဳလိုက္ေၾကာင္း သိရပါတယ္။ ယူနိုက္တက္ဟာ ဆန္းခ်က္၊ စေမာလင္း၊ ဒင္းဟန္ဒါဆန္ စတဲ့ ကစားသမားေကာင္းမ်ား အငွားလႊတ္ထားပါတယ္။

လက္ရွိ ဘ႑ာေရးအၾကပ္အတည္း ရွိေနတာေၾကာင့္ ေမွ်ာ္လင့္ထားတဲ့ ၀င္ေငြၾကီးေတြကို ေလွ်ာ့လက္ခံရဖြယ္ ရွိေၾကာင္း ေဒါ့မြန္ အၾကီးအကဲ ကာစတန္ ခရာမာက ၀န္ခံလိုက္ျပီး ဆန္ခ်ိဳ အတြက္ ေျပာင္းေရႊ႕ေၾကးကို ေလွ်ာ့ခ်ေပးမယ့္ အရိပ္အျမြက္ ဆိုလိုက္ပါတယ္။

မုိနာကို အသင္းမွာ ဒီရာသီ ၁၈ ဂိုး သြင္းထားတဲ့ တိုက္စစ္မွဴး ဘန္ ယက္ဒါကို ယူနိုက္တက္က မ်က္စိ က်ေနေၾကာင္း အဂၤလန္ သတင္းေတြမွာ ေဖာ္ျပလာပါတယ္။