ဒီနေ့ည အင်္ဂလန်နဲ့ တွေ့ဆုံရမယ့်ပွဲမှာ တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ် ပါဝင်လာမှာ မဟုတ်တဲ့အတွက် ဘယ်လ်ဂျီယမ် တိုက်စစ်မှူး လူကာကူက စိတ်သက်သာရာ ရနေပြီး ရက်ရှ်ဖို့ဒ်က ဘယ်အသင်းကို မဆို ဒုက္ခပေးနိုင်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။
ဘရူနိုဖာနန်ဒက်စ်ဟာ ဆိုးလ်ရှားရဲ့နည်းပြအဖွဲ့ဝင်ဖြစ်နေတဲ့ ကွင်းလယ်လူဟောင်း မိုက်ကယ်ကာရစ်ကို လေ့ကျင့်ရေးမှာ အထင်ကြီးစရာ မြင်တွေ့ခဲ့ရတဲ့နောက် ဖရက်ကိုလဲ သူ့လို ကစားစေဖို့ ပြောချင်ခဲ့တယ်လို့ ဖွင့်ဟပြောပြခဲ့ပါတယ်။
စပါးကိုရှုံးပြီးနောက်ပိုင်း ယူနိုက်တက် နောက်ခံလူ အဲရစ်ဘိုင်လေဟာ ဆိုးလ်ရှားရဲ့အသင်းမှာ ပါဝင်ခွင့်မရခဲ့သလို အခြေအနေ မပြောင်းလဲလာရင် သူက အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်လို့ အေးဂျင့် ဖြစ်သူက သတိပေးခဲ့ပါတယ်။
မေဆန်ဂရင်းဝုဒ်ဟာ ပြိုင်ပွဲစုံ ၁၉ ဂိုးနဲ့ ယူနိုက်တက်မှာ အလားအလာကောင်းများစွာကို ပြသခဲ့ပြီးဖြစ်ပေမယ့် ဒီရာသီမှာတော့ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို အိုးလ်ထရက်ဖို့ဒ်မှာ သူ့စွမ်းရည်တွေကို အပြည့်အဝ မပြသနိုင်မှာကို ယူနိုက်တက်က စိုးရိမ်နေပါတယ်။
Four Four Two က ထုတ်ပြန်တဲ့ ကမ္ဘာ့အကောင်းဆုံး playmaker ၁၀ ယောက်ထဲမှာ ဘိုင်ယန်ရဲ့ သောမတ်စ်မူလာ၊ မန်စီးတီးရဲ့ဒီဘရိုင်း၊ အဲဗာတန်ရဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ် တို့ရဲ့နောက် အဆင့်၄ နေရာမှာ ယူနိုက်တက်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်က ရပ်တည်နိုင်ခဲ့ပါတယ်။
နွေရာသီအတွင်း ယူနိုက်တက်နဲ့ ဂျူဗင်တပ်တို့က သူ့ကိုခေါ်ယူဖို့ချဉ်းကပ်ခဲ့ကြောင်း ဝုလ်ဗ်တိုက်စစ်မှူး ရာအူးလ်ဂျီမီနက်ဇ်က ဖွင့်ဟခဲ့ပေမယ့် သူ့အနေနဲ့ အနာဂတ်မှာ အိုးလ်ထရက်ဖို့ဒ်ထံ ပြောင်းရွှေ့နိုင်ခြေကို ငြင်းပယ်ခဲ့ခြင်းမရှိပါဘူး။
ယူနိုက်တက် ကွင်းလယ်လူ ပေါ့ဘာအနေနဲ့ ဆိုးလ်ရှားရဲ့ နည်းဗျူဟာတွေကြောင့် သူ့ရဲ့ ဆိုးရွားတဲ့ခြေစွမ်းအပေါ် ကိုယ့်ကိုယ်ကို အပြစ်တင်ဖို့မလိုပဲ အကောင်းဆုံးပုံစံတွေ ပြန်လည်ရရှိဖို့ ကလပ်ကို စွန့်ခွာသင့်တယ် လို့ ကာလ်တန်ပမ်းမားက ပြောဆိုခဲ့ပါတယ်။
Zawgyi – ဒီေန႔ည အဂၤလန္နဲ႔ ေတြ႕ဆုံရမယ့္ပြဲမွာ တိုက္စစ္မႉး မားကပ္ရက္ရွ္ဖို႔ဒ္ ပါဝင္လာမွာ မဟုတ္တဲ့အတြက္ ဘယ္လ္ဂ်ီယမ္ တိုက္စစ္မႉး လူကာကူက စိတ္သက္သာရာ ရေနၿပီး ရက္ရွ္ဖို႔ဒ္က ဘယ္အသင္းကို မဆို ဒုကၡေပးႏိုင္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။
ဘ႐ူႏိုဖာနန္ဒက္စ္ဟာ ဆိုးလ္ရွားရဲ႕နည္းျပအဖြဲ႕ဝင္ျဖစ္ေနတဲ့ ကြင္းလယ္လူေဟာင္း မိုက္ကယ္ကာရစ္ကို ေလ့က်င့္ေရးမွာ အထင္ႀကီးစရာ ျမင္ေတြ႕ခဲ့ရတဲ့ေနာက္ ဖရက္ကိုလဲ သူ႔လို ကစားေစဖို႔ ေျပာခ်င္ခဲ့တယ္လို႔ ဖြင့္ဟေျပာျပခဲ့ပါတယ္။
စပါးကိုရႈံးၿပီးေနာက္ပိုင္း ယူႏိုက္တက္ ေနာက္ခံလူ အဲရစ္ဘိုင္ေလဟာ ဆိုးလ္ရွားရဲ႕အသင္းမွာ ပါဝင္ခြင့္မရခဲ့သလို အေျခအေန မေျပာင္းလဲလာရင္ သူက အသင္းကေန ထြက္ခြာႏိုင္ေျခရွိတယ္လို႔ ေအးဂ်င့္ ျဖစ္သူက သတိေပးခဲ့ပါတယ္။
ေမဆန္ဂရင္းဝုဒ္ဟာ ၿပိဳင္ပြဲစုံ ၁၉ ဂိုးနဲ႔ ယူႏိုက္တက္မွာ အလားအလာေကာင္းမ်ားစြာကို ျပသခဲ့ၿပီးျဖစ္ေပမယ့္ ဒီရာသီမွာေတာ့ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရသလို အိုးလ္ထရက္ဖို႔ဒ္မွာ သူ႔စြမ္းရည္ေတြကို အျပည့္အဝ မျပသႏိုင္မွာကို ယူႏိုက္တက္က စိုးရိမ္ေနပါတယ္။
ယူႏိုက္တက္ ကြင္းလယ္လူ ေပါ့ဘာအေနနဲ႔ ဆိုးလ္ရွားရဲ႕ နည္းဗ်ဴဟာေတြေၾကာင့္ သူ႔ရဲ႕ ဆိုး႐ြားတဲ့ေျခစြမ္းအေပၚ ကိုယ့္ကိုယ္ကို အျပစ္တင္ဖို႔မလိုပဲ အေကာင္းဆုံးပုံစံေတြ ျပန္လည္ရရွိဖို႔ ကလပ္ကို စြန႔္ခြာသင့္တယ္ လို႔ ကာလ္တန္ပမ္းမားက ေျပာဆိုခဲ့ပါတယ္။
Four Four Two က ထုတ္ျပန္တဲ့ ကမာၻ႔အေကာင္းဆုံး playmaker ၁၀ ေယာက္ထဲမွာ ဘိုင္ယန္ရဲ႕ ေသာမတ္စ္မူလာ၊ မန္စီးတီးရဲ႕ဒီဘ႐ိုင္း၊ အဲဗာတန္ရဲ႕ ဂ်ိမ္းစ္႐ိုဒရီဂြက္ဇ္ တို႔ရဲ႕ေနာက္ အဆင့္၄ ေနရာမွာ ယူႏိုက္တက္ၾကယ္ပြင့္ ဘ႐ူႏိုဖာနန္ဒက္စ္က ရပ္တည္ႏိုင္ခဲ့ပါတယ္။
ေႏြရာသီအတြင္း ယူႏိုက္တက္နဲ႔ ဂ်ဴဗင္တပ္တို႔က သူ႔ကိုေခၚယူဖို႔ခ်ဥ္းကပ္ခဲ့ေၾကာင္း ဝုလ္ဗ္တိုက္စစ္မႉး ရာအူးလ္ဂ်ီမီနက္ဇ္က ဖြင့္ဟခဲ့ေပမယ့္ သူ႔အေနနဲ႔ အနာဂတ္မွာ အိုးလ္ထရက္ဖို႔ဒ္ထံ ေျပာင္းေ႐ႊ႕ႏိုင္ေျခကို ျငင္းပယ္ခဲ့ျခင္းမရွိပါဘူး။