အာတီတာဟာ အာဆင်နယ်အတွက် သင့်တော်တဲ့နည်းပြ ဖြစ်တယ်လို့ ဖာဘရီဂက်စ် ယုံကြည်နေသလို စပိန်သားအနေနဲ့ အမ်းမရိတ်စ်မှာသူ့ရဲ့ စိတ်ကူးတွေကို အကောင်အထည် ဖော်နိုင်ဖို့ အချိန် ယူရလိမ့်မယ် လို့ ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်က စားသမားသစ် သောမတ်စ်ပါတေးဟာ ဗီလာနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့နောက် နိုင်ငံပွဲတွေကို လွဲချော်ခဲ့ပေမယ့် အဓိက ကစားသမားရဲ့ ဒဏ်ရာပြဿနာက အာဆင်နယ် စိုးရိမ်ရမှာဖြစ်ပြီး ဒါကို အဖြေရှာဖို့ လိုတယ်လို့ ကမ့်ဘဲကပြောဆိုခဲ့ပါတယ်၊
တော်ရဲရားကို အငှားခေါ်ခဲ့ပေမယ့် အက်သလက်တီကိုဟာ ပါတေးရဲ့အစားထိုးမယ့်သူကို ခေါ်ယူပြီးဖြစ်သလို အာဆင်နယ်မှာလဲ အပယ်ခံဖြစ်နေတဲ့ ကွင်းလယ်လူကို ဇန်နဝါရီမှာ တိုရီနိုက အပြီးသတ်ခေါ်ယူဖို့ အလိုရှိနေပါတယ်။
အန်ကီတီရာ ဟာ အင်္ဂလန် ယူ၂၁အတွက် ထာဝရ ဂိုးသွင်းအများဆုံး စံချိန် ချိုးခဲ့တဲ့နောက် မနေ့က အန်ဒိုရာနဲ့ပွဲမှာ ၁၇မိနစ်ကြာ လူစားဝင်ကစားခဲ့ပြီး အခွင့်အရေး၂ကြိမ် ဖန်တီးခဲ့က ဂိုးပေါက် ခြိမ်းခြောက်မှု ၂ကြိမ် လုပ်နိုင်ခဲ့ပြီး ပေးပို့မှု ၈၈% အောင်မြင်ခဲ့ပါတယ်။
အာဆင်နယ်ဟာ နောက် လာမယ့် အပြောင်းအရွှေ့၂ရာသီအတွင်း လာကာဇက်၊ ကိုလာဆီနက်၊ ဆိုကရေးတစ်၊ အိုဇေးနဲ့ ဂွမ်ဒူဇီတို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားပြီး အဲ့ဒီ့ကနေ စုစုပေါင်း ပေါင် သန်း၉၀ ဝန်းကျင် ရရှိဖို့ မျှော်လင့်နေပါတယ်။
အာဆင်နယ်၊ဂျူဗင်တပ်၊ အေစီမီလန်၊ အေဂျက်တို့က စိတ်ဝင်စားနေတဲ့ ဘရာဇီးသား ဘရန်နာရဲ့ အနာဂတ်အပေါ် ဆော်ပိုလိုကတော့ စိုးရိမ်မနေပဲ လူငယ်ကစားသမားအနေနဲ့ သူတို့ အသင်းမှာ ဆက်နေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ဒီရာသီမှာ ဒဏ်ရာကြောင့် မကစားရသေးပေမယ့် မနှစ်က ဖလားပြိုင်ပွဲတွေမှာ ၁၂ပွဲကစား ၇ဂိုးသွင်းခဲ့တဲ့ ဂေဘရီရယ် မာတင်နယ်လီကို ရီယိုဖာဒီနန်က ချီးကျူးခဲ့ပြီး သူနဲ့ ဘူကာယိုဆာကာ တွဲကစားရင် ပြိုင်ဘက်တွေကို ခြိမ်းခြောက်နိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
လာကာဇက်ဟာ အမ်းမရိတ်စ်မှာ စာချုပ်သက်တမ်းက ၁၈လ လောက်သာ ကျန်တော့ပြီး အာတီတာရဲ့ ရေရှည်အစီအစဉ်တွေမှာ ပါဝင်ရဖို့ မသေချာသလို အာဆင်နယ်က သူ့ကို နောက်နွေရာသီမှာ ပေါင်သန်း၄၀နဲ့ ရောင်းချဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
Zawgyi – အာတီတာဟာ အာဆင္နယ္အတြက္ သင့္ေတာ္တဲ့နည္းျပ ျဖစ္တယ္လို႔ ဖာဘရီဂက္စ္ ယုံၾကည္ေနသလို စပိန္သားအေနနဲ႔ အမ္းမရိတ္စ္မွာသူ႔ရဲ႕ စိတ္ကူးေတြကို အေကာင္အထည္ ေဖာ္ႏိုင္ဖို႔ အခ်ိန္ ယူရလိမ့္မယ္ လို႔ ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္က စားသမားသစ္ ေသာမတ္စ္ပါေတးဟာ ဗီလာနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ေနာက္ ႏိုင္ငံပြဲေတြကို လြဲေခ်ာ္ခဲ့ေပမယ့္ အဓိက ကစားသမားရဲ႕ ဒဏ္ရာျပႆနာက အာဆင္နယ္ စိုးရိမ္ရမွာျဖစ္ၿပီး ဒါကို အေျဖရွာဖို႔ လိုတယ္လို႔ ကမ့္ဘဲကေျပာဆိုခဲ့ပါတယ္၊
ေတာ္ရဲရားကို အငွားေခၚခဲ့ေပမယ့္ အက္သလက္တီကိုဟာ ပါေတးရဲ႕အစားထိုးမယ့္သူကို ေခၚယူၿပီးျဖစ္သလို အာဆင္နယ္မွာလဲ အပယ္ခံျဖစ္ေနတဲ့ ကြင္းလယ္လူကို ဇန္နဝါရီမွာ တိုရီႏိုက အၿပီးသတ္ေခၚယူဖို႔ အလိုရွိေနပါတယ္။
အန္ကီတီရာ ဟာ အဂၤလန္ ယူ၂၁အတြက္ ထာဝရ ဂိုးသြင္းအမ်ားဆုံး စံခ်ိန္ ခ်ိဳးခဲ့တဲ့ေနာက္ မေန႔က အန္ဒိုရာနဲ႔ပြဲမွာ ၁၇မိနစ္ၾကာ လူစားဝင္ကစားခဲ့ၿပီး အခြင့္အေရး၂ႀကိမ္ ဖန္တီးခဲ့က ဂိုးေပါက္ ျခိမ္းေျခာက္မႈ ၂ႀကိမ္ လုပ္ႏိုင္ခဲ့ၿပီး ေပးပို႔မႈ ၈၈% ေအာင္ျမင္ခဲ့ပါတယ္။
အာဆင္နယ္ဟာ ေနာက္ လာမယ့္ အေျပာင္းအေ႐ႊ႕၂ရာသီအတြင္း လာကာဇက္၊ ကိုလာဆီနက္၊ ဆိုကေရးတစ္၊ အိုေဇးနဲ႔ ဂြမ္ဒူဇီတို႔ကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ထားၿပီး အဲ့ဒီ့ကေန စုစုေပါင္း ေပါင္ သန္း၉၀ ဝန္းက်င္ ရရွိဖို႔ ေမွ်ာ္လင့္ေနပါတယ္။
အာဆင္နယ္၊ဂ်ဴဗင္တပ္၊ ေအစီမီလန္၊ ေအဂ်က္တို႔က စိတ္ဝင္စားေနတဲ့ ဘရာဇီးသား ဘရန္နာရဲ႕ အနာဂတ္အေပၚ ေဆာ္ပိုလိုကေတာ့ စိုးရိမ္မေနပဲ လူငယ္ကစားသမားအေနနဲ႔ သူတို႔ အသင္းမွာ ဆက္ေနလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။
ဒီရာသီမွာ ဒဏ္ရာေၾကာင့္ မကစားရေသးေပမယ့္ မႏွစ္က ဖလားၿပိဳင္ပြဲေတြမွာ ၁၂ပြဲကစား ၇ဂိုးသြင္းခဲ့တဲ့ ေဂဘရီရယ္ မာတင္နယ္လီကို ရီယိုဖာဒီနန္က ခ်ီးက်ဴးခဲ့ၿပီး သူနဲ႔ ဘူကာယိုဆာကာ တြဲကစားရင္ ၿပိဳင္ဘက္ေတြကို ၿခိမ္းေျခာက္ႏိုင္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။
လာကာဇက္ဟာ အမ္းမရိတ္စ္မွာ စာခ်ဳပ္သက္တမ္းက ၁၈လ ေလာက္သာ က်န္ေတာ့ၿပီး အာတီတာရဲ႕ ေရရွည္အစီအစဥ္ေတြမွာ ပါဝင္ရဖို႔ မေသခ်ာသလို အာဆင္နယ္က သူ႔ကို ေနာက္ေႏြရာသီမွာ ေပါင္သန္း၄၀နဲ႔ ေရာင္းခ်ဖို႔ ႀကိဳးစားသြားမွာ ျဖစ္ပါတယ္။