ညကပွဲမှာ အင်္ဂလန်အသင်းဟာ ဘယ်လ်ဂျီယမ် ကို ၂-ဝနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နေးရှင်းလိဂ် ဆီမီးဖိုင်နယ်နဲ့ လွဲချော်ခဲ့ပြီ ဖြစ်ပါတယ်။ ချယ်ဆီးပရိသတ်တွေကတော့ အင်္ဂလန် အတွက် ကစားရင်း ပထမပိုင်းမှာ ဒဏ်ရာကြောင့် ကွင်းထဲကနေ ထွက်ခဲ့ရတဲ့ ဘင်ချီဝဲအတွက်ပဲ စိတ်ပူနေကြပါတယ်။
ဂျော်ဂျင်ဟိုနဲ့ အီမာဆန်တို့ရဲ့ အီတလီအသင်းနဲ့ မန်ဒီရဲ့ ဆီနီဂေါအသင်းတို့ဟာ နေးရှင်းလိဂ်နဲ့ အာဖရိက နေးရှင်းဖလားကို ဝင်ခွင့်ရခဲ့ပြီး ခရစ္စတန်ဆန်ရဲ့ ဒိန်းမတ်ကလဲ မျှော်လင့်ချက် ရှိသေးပေမယ့် အင်္ဂလန်အသင်းက အဆုံးသတ်သွားပြီ ဖြစ်ပါတယ်။
ဒီရာသီ ချယ်ဆီးအတွက် ၁၀ပွဲကစားရာမှာ ၆ပွဲနိုင်၊ ၃ပွဲသရေကျခဲ့တဲ့ ခံစစ်မှူးသစ် ဘင်ချီဝဲဟာ သူ့ကို မျှော်လင့်ထားသမျှ အရာအားလုံးကို ယူဆောင်လာခဲ့သူဖြစ်ပြီး ၎င်းရဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း၅၀နဲ့ ထိုက်တန်ကြောင်း သက်သေပြခဲ့တယ်လို့ အက်ရှ်လေကိုးက ဆိုပါတယ်။
ပီအက်စ်ဂျီဟာ ချန်ပီယံဖလား အောင်မြင်နိုင်ဖို့အတွက် မက်ဆီကို ခေါ်ဖို့လိုနေတာ မဟုတ်ပဲ ချယ်ဆီးကွင်းလယ်လူ ကန်တေကိုသာ ခေါ်ယူရမှာဖြစ်ကြောင်း ကွင်းလယ်လူဟောင်း အဲရစ် ရာဘီဆန် ဒရာတာနာ က တိုက်တွန်းပြောဆိုခဲ့ပါတယ်။
ဘာကာယိုကိုဟာ နွေရာသီမှာ နာပိုလီထံ အငှားပြောင်းရွှေ့ခဲ့တာဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကို စီးရီးအေကလပ်က သဘောကျနေသလို ချယ်ဆီးက သူ့ကို အပြီးသတ်ရောင်းချဖို့ နာပိုလီနဲ့ ဆွေးနွေးမှု လုပ်နေပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်မှာတစ်မိနစ်မှ မကစားရသေးတဲ့ အန်တိုနီယို ရူဒီဂါကို ခေါ်ယူဖို့ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်က စိတ်ဝင်စားနေပြီး ဂျိုဝယ်မာတစ်၊ မူစတာဖီ တို့နဲ့အတူ ချယ်ဆီး နောက်ခံလူကိုလဲ ၎င်းရဲ့ အလိုရှိစာရင်းထဲမှာ ထည့်ထားပါတယ်။
ခရစ္စတယ်ပဲလေ့စ်ဟာ ချယ်ဆီးရဲ့ အပယ်ခံ နောက်ခံလူ မားကို့စ် အလွန်ဆိုအတွက် ကမ်းလှမ်းမှုလုပ်ဖို့ စဉ်းစားနေပြီး လက်ရှိ နောက်ခံလူ ဗန်အန်းဟော့နဲ့ စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုမရမှသာ သူ့ကို ခေါ်ယူမှာဖြစ်ပါတယ်။
ဇီယက်ခ်ျနဲ့ တီမိုဗာနာတို့ဟာ ပရီးမီးယားလိဂ် ကစားသမားဘဝ အစမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ပုံစံကောင်းတွေ ရရှိလာတာနဲ့အတူ သူတို့ကချယ်ဆီးရဲ့ အင်အားကိုမြှင့်တင်ပေးနိုင်တယ်လို့ ဖာဘရီဂက်စ် က ထောက်ခံပြောဆိုခဲ့ပါတယ်။
Zawgyi – ညကပြဲမွာ အဂၤလန္အသင္းဟာ ဘယ္လ္ဂ်ီယမ္ ကို ၂-၀နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ ေနးရွင္းလိဂ္ ဆီမီးဖိုင္နယ္နဲ႔ လြဲေခ်ာ္ခဲ့ျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးပရိသတ္ေတြကေတာ့ အဂၤလန္ အတြက္ ကစားရင္း ပထမပိုင္းမွာ ဒဏ္ရာေၾကာင့္ ကြင္းထဲကေန ထြက္ခဲ့ရတဲ့ ဘင္ခ်ီဝဲအတြက္ပဲ စိတ္ပူေနၾကပါတယ္။
ေဂ်ာ္ဂ်င္ဟိုနဲ႔ အီမာဆန္တို႔ရဲ႕ အီတလီအသင္းနဲ႔ မန္ဒီရဲ႕ ဆီနီေဂါအသင္းတို႔ဟာ ေနးရွင္းလိဂ္နဲ႔ အာဖရိက ေနးရွင္းဖလားကို ဝင္ခြင့္ရခဲ့ၿပီး ခရစၥတန္ဆန္ရဲ႕ ဒိန္းမတ္ကလဲ ေမွ်ာ္လင့္ခ်က္ ရွိေသးေပမယ့္ အဂၤလန္အသင္းက အဆုံးသတ္သြားၿပီ ျဖစ္ပါတယ္။
ဒီရာသီ ခ်ယ္ဆီးအတြက္ ၁၀ပြဲကစားရာမွာ ၆ပြဲႏိုင္၊ ၃ပြဲသေရက်ခဲ့တဲ့ ခံစစ္မွဴးသစ္ ဘင္ခ်ီဝဲဟာ သူ႔ကို ေမွ်ာ္လင့္ထားသမွ် အရာအားလုံးကို ယူေဆာင္လာခဲ့သူျဖစ္ၿပီး ၎ရဲ႕ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ သန္း၅၀နဲ႔ ထိုက္တန္ေၾကာင္း သက္ေသျပခဲ့တယ္လို႔ အက္ရွ္ေလကိုးက ဆိုပါတယ္။
ပီအက္စ္ဂ်ီဟာ ခ်န္ပီယံဖလား ေအာင္ျမင္ႏိုင္ဖို႔အတြက္ မက္ဆီကို ေခၚဖို႔လိုေနတာ မဟုတ္ပဲ ခ်ယ္ဆီးကြင္းလယ္လူ ကန္ေတကိုသာ ေခၚယူရမွာျဖစ္ေၾကာင္း ကြင္းလယ္လူေဟာင္း အဲရစ္ ရာဘီဆန္ ဒရာတာနာ က တိုက္တြန္းေျပာဆိုခဲ့ပါတယ္။
ဘာကာယိုကိုဟာ ေႏြရာသီမွာ နာပိုလီထံ အငွားေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို စီးရီးေအကလပ္က သေဘာက်ေနသလို ခ်ယ္ဆီးက သူ႔ကို အၿပီးသတ္ေရာင္းခ်ဖို႔ နာပိုလီနဲ႔ ေဆြးေႏြးမႈ လုပ္ေနပါတယ္။
ဒီရာသီ ပရီးမီးယားလိဂ္မွာတစ္မိနစ္မွ မကစားရေသးတဲ့ အန္တိုနီယို ႐ူဒီဂါကို ေခၚယူဖို႔ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္က စိတ္ဝင္စားေနၿပီး ဂ်ိဳဝယ္မာတစ္၊ မူစတာဖီ တို႔နဲ႔အတူ ခ်ယ္ဆီး ေနာက္ခံလူကိုလဲ ၎ရဲ႕ အလိုရွိစာရင္းထဲမွာ ထည့္ထားပါတယ္။
ခရစၥတယ္ပဲေလ့စ္ဟာ ခ်ယ္ဆီးရဲ႕ အပယ္ခံ ေနာက္ခံလူ မားကို႔စ္ အလြန္ဆိုအတြက္ ကမ္းလွမ္းမႈလုပ္ဖို႔ စဥ္းစားေနၿပီး လက္ရွိ ေနာက္ခံလူ ဗန္အန္းေဟာ့နဲ႔ စာခ်ဳပ္သက္တမ္းတိုးဖို႔ သေဘာတူညီမႈမရမွသာ သူ႔ကို ေခၚယူမွာျဖစ္ပါတယ္။
ဇီယက္ခ္်နဲ႔ တီမိုဗာနာတို႔ဟာ ပရီးမီးယားလိဂ္ ကစားသမားဘဝ အစမွာ ႐ုန္းကန္ခဲ့ရေပမယ့္ ေနာက္ပိုင္းမွာ ပုံစံေကာင္းေတြ ရရွိလာတာနဲ႔အတူ သူတို႔ကခ်ယ္ဆီးရဲ႕ အင္အားကိုျမႇင့္တင္ေပးႏိုင္တယ္လို႔ ဖာဘရီဂက္စ္ က ေထာက္ခံေျပာဆိုခဲ့ပါတယ္။