ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (16/11/20)

ဘာစီလိုနာမှာ ခံစစ်အတွက် ပီကေး၊ လန်းဂလက်နဲ့ အာရာဂျိုတို့သာ ရွေးချယ်စရာ ရှိနေတာနဲ့အတူ ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက ခံစစ်ပိုင်း အင်အားဖြည့်ဖို့ ဒီနွေမှာ အာဆင်နယ်နဲ့ စာချုပ်သက်တမ်း ကုန်တော့မယ့် ခံစစ်သမား မူစတာဖီကို ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ်ဟာ ဘိုင်ယန်မြူးနစ် ဗဟိုနောက်ခံလူ ဘိုတန်ကို စောင့်ကြည့်နေပေမယ့် ချယ်ဆီး၊ စပါးတို့နဲ့အတူ အေစီမီလန်ကလဲ စိတ်ဝင်စားလာတာကြောင့် သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ပြိုင်ဆိုင်မှုများစွာနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ရက်ဘူးဆဲလ်ဘက် ကွင်းလယ်လူ ဆိုဘော့စလေးကို အာဆင်နယ်နဲ့အတူ လိုက်ပ်ဇစ်နဲ့ ရီးရဲလ်မက်ဒရစ်တို့က စိတ်ဝင်စားနေပေမယ့် သူ့အတွက် ဂျာမနီကို ပြောင်းရွှေ့ဖို့က ပိုဖြစ်နိုင်ခြေရှိတယ်လို့ ဟန်ဂေရီနည်းပြ ရော့စီက ပြောဆိုခဲ့ပါတယ်။

တိုနီကရူးစ်ဟာ စူပါဟီးရိုး မျက်နှာဖုံးတွေစွပ်ပြီး အောင်ပွဲခံတာက အဓိပ္ပါယ် မရှိဘူးဆိုတဲ့ သူ့ရဲ့မှတ်ချက်စကားအပေါ် အူဘာမီးယန်းရဲ့တုံ့ပြန်ပုံနဲ့ အိုဇေးရဲ့ ထောက်ခံအားပေးမှုကို ကြည့်ပြီး ရီရတယ်လို့ ဖွင့်ဟခဲ့ပြီး သူ့အနေနဲ့ ဒီကိစ္စကို အငြင်းမပွားချင်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်တို့ ကာလရှည်ကြာ ပစ်မှတ်ထားခဲ့တဲ့ ကစားသမားက အူပါမီကာနို ဖြစ်ပြီး ဥရောပ ထိပ်တန်းဗဟိုနောက်ခံလူ ဖြစ်လာခဲ့တဲ့ လူငယ်ပြင်သစ်သားကို အမ်းမရိတစ်မှာ မက်ဂါးလက်စ်နဲ့ တွဲကစားရအောင် ခေါ်ယူဖို့ ဂန်းနားတွေက အလိုရှိနေပါတယ်။

အာဆင်နယ် အကယ်ဒမီ ဂိုးသမား ကားလ်ဟိန်းဟာ ဒီတစ်ပတ် အက်စ်တိုးနီးယားနဲ့ နေးရှင်းလိဂ်ပွဲမှာ သူ့နိုင်ငံအတွက် ၃ လအတွင်း ၅ ကြိမ်မြောက်အဖြစ် ပွဲထွက်ကစားခဲ့ပေမယ့် သူ့ရဲ့ မြောက်မက်ဆီဒိုးနီးယားက ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဝီလီယံ ဆလီဘာဟာ ဇန်နဝါရီမှာ အေစီမီလန်ကို ပြောင်းရွှေ့ဖို့ ဖြစ်နိုင်ခြေရှိနေပေမယ့် ဂန်းနားတွေကတော့ အပြီးသတ်ဝယ်ယူချင်တဲ့ မီလန်ရဲ့တောင်းဆိုမှုကို ပယ်ချခဲ့ပြီး လီဂူးဝမ်းကလပ် စိန့်အက်တီယန်ထံ အငှားချထားဖို့ စဉ်းစားနေပါတယ်။

ဒဏ်ရာပြဿနာကြောင့် ခံစစ်ကစားသမားတွေ ဆုံးရှုံးနေရတဲ့ လီဗာပူးဟာ ဇန်နဝါရီမှာ နောက်ခံလူအသစ်တစ်ယောက် ခေါ်ယူမှာဖြစ်ပြီး အာဆင်နယ်ရဲ့ ဆိုကရေးတစ်နဲ့ သတင်းတွေထွက်နေပေမယ့် အန်ဖီးကလပ်က သူ့ကို စိတ်မဝင်စားဘူးလို့ သိရပါတယ်။

ZAWGYI

ဘာစီလိုနာမွာ ခံစစ္အတြက္ ပီေကး၊ လန္းဂလက္နဲ႔ အာရာဂ်ိဳတို႔သာ ေ႐ြးခ်ယ္စရာ ရွိေနတာနဲ႔အတူ ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက ခံစစ္ပိုင္း အင္အားျဖည့္ဖို႔ ဒီေႏြမွာ အာဆင္နယ္နဲ႔ စာခ်ဳပ္သက္တမ္း ကုန္ေတာ့မယ့္ ခံစစ္သမား မူစတာဖီကို ပစ္မွတ္ထားေနပါတယ္။

အာဆင္နယ္ဟာ ဘိုင္ယန္ျမဴးနစ္ ဗဟိုေနာက္ခံလူ ဘိုတန္ကို ေစာင့္ၾကည့္ေနေပမယ့္ ခ်ယ္ဆီး၊ စပါးတို႔နဲ႔အတူ ေအစီမီလန္ကလဲ စိတ္ဝင္စားလာတာေၾကာင့္ သူ႔ကိုေခၚယူႏိုင္ဖို႔အတြက္ ၿပိဳင္ဆိုင္မႈမ်ားစြာနဲ႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ရက္ဘူးဆဲလ္ဘက္ ကြင္းလယ္လူ ဆိုေဘာ့စေလးကို အာဆင္နယ္နဲ႔အတူ လိုက္ပ္ဇစ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔က စိတ္ဝင္စားေနေပမယ့္ သူ႔အတြက္ ဂ်ာမနီကို ေျပာင္းေ႐ႊ႕ဖို႔က ပိုျဖစ္ႏိုင္ေျခရွိတယ္လို႔ ဟန္ေဂရီနည္းျပ ေရာ့စီက ေျပာဆိုခဲ့ပါတယ္။

တိုနီက႐ူးစ္ဟာ စူပါဟီး႐ိုး မ်က္ႏွာဖုံးေတြစြပ္ၿပီး ေအာင္ပြဲခံတာက အဓိပၸါယ္ မရွိဘူးဆိုတဲ့ သူ႔ရဲ႕မွတ္ခ်က္စကားအေပၚ အူဘာမီးယန္းရဲ႕တုံ႔ျပန္ပုံနဲ႔ အိုေဇးရဲ႕ ေထာက္ခံအားေပးမႈကို ၾကည့္ၿပီး ရီရတယ္လို႔ ဖြင့္ဟခဲ့ၿပီး သူ႔အေနနဲ႔ ဒီကိစၥကို အျငင္းမပြားခ်င္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္တို႔ ကာလရွည္ၾကာ ပစ္မွတ္ထားခဲ့တဲ့ ကစားသမားက အူပါမီကာႏို ျဖစ္ၿပီး ဥေရာပ ထိပ္တန္းဗဟိုေနာက္ခံလူ ျဖစ္လာခဲ့တဲ့ လူငယ္ျပင္သစ္သားကို အမ္းမရိတစ္မွာ မက္ဂါးလက္စ္နဲ႔ တြဲကစားရေအာင္ ေခၚယူဖို႔ ဂန္းနားေတြက အလိုရွိေနပါတယ္။

အာဆင္နယ္ အကယ္ဒမီ ဂိုးသမား ကားလ္ဟိန္းဟာ ဒီတစ္ပတ္ အက္စ္တိုးနီးယားနဲ႔ ေနးရွင္းလိဂ္ပြဲမွာ သူ႔ႏိုင္ငံအတြက္ ၃ လအတြင္း ၅ ႀကိမ္ေျမာက္အျဖစ္ ပြဲထြက္ကစားခဲ့ေပမယ့္ သူ႔ရဲ႕ ေျမာက္မက္ဆီဒိုးနီးယားက ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဝီလီယံ ဆလီဘာဟာ ဇန္နဝါရီမွာ ေအစီမီလန္ကို ေျပာင္းေ႐ႊ႕ဖို႔ ျဖစ္ႏိုင္ေျခရွိေနေပမယ့္ ဂန္းနားေတြကေတာ့ အၿပီးသတ္ဝယ္ယူခ်င္တဲ့ မီလန္ရဲ႕ေတာင္းဆိုမႈကို ပယ္ခ်ခဲ့ၿပီး လီဂူးဝမ္းကလပ္ စိန႔္အက္တီယန္ထံ အငွားခ်ထားဖို႔ စဥ္းစားေနပါတယ္။

ဒဏ္ရာျပႆနာေၾကာင့္ ခံစစ္ကစားသမားေတြ ဆုံးရႈံးေနရတဲ့ လီဗာပူးဟာ ဇန္နဝါရီမွာ ေနာက္ခံလူအသစ္တစ္ေယာက္ ေခၚယူမွာျဖစ္ၿပီး အာဆင္နယ္ရဲ႕ ဆိုကေရးတစ္နဲ႔ သတင္းေတြထြက္ေနေပမယ့္ အန္ဖီးကလပ္က သူ႔ကို စိတ္မဝင္စားဘူးလို႔ သိရပါတယ္။