ပြင်သစ် အသင်းနဲ့ အတူ ရှိစဉ် မိသားစုလို ခံစားရပြီး အသက်ရှုချောင်ခဲ့တယ် ဆိုတဲ့ အပြောတွေက ကလပ်အသင်း ယူနိုက်တက် အတွက်တော့ အဆင်ပြေစေမှာ မဟုတ်ဘဲ ကစားသမား တစ်ယောက်ဟာ ဘာပြောဆိုရမလဲ ဆိုတာ သေချာ စဉ်းစားသင့်ကြောင်း ဒီဘိုးက ဝေဖန်လိုက်ပါတယ်။
ပေါ်တူဂီနဲ့ ပွဲမှာ ပြင်သစ် တိုက်စစ်မှူး မာရှယ်ရဲ့ အဆုံးသတ်ပြီး လိုအပ်ချက်တွေ များခဲ့ပြီး ယူနိုက်တက် တိုက်စစ်သမားဟာ ကစားတာလည်း အနည်းငယ် ဖရိုဖရဲ နိုင်ခဲ့တယ်လို့ ပြင်သစ်အသင်း နည်းပြ ဒက်ချမ့်က ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်ဟာ အဲလက်စ် တဲလက်စ်ရဲ့ ကိုဗစ် စစ်ဆေးမှု အခြေအနေကို စောင့်ဆိုင်းဆဲ ဖြစ်ပြီး နောက်ဆုံးရလဒ်မှာ နက်ဂေးတစ်ဗ် ထွက်မှသာ လာမယ့် ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ဘရာဇီးသားကို ထည့် ကစားနိုင်မှာ ဖြစ်ပါတယ်။
အက်သလက်တီကို မက်ဒရစ်ကနေ သောမတ်စ် ပါတေး တစ်ယောက် ပြောင်းရွှေ့ဖို့ စဉ်းစားနေချိန်မှာ အကြံတောင်းခံခဲ့တာကြောင့် ယူနိုက်တက်၊ ချယ်ဆီးတို့ကို ငြင်းပြီး အာဆင်နယ်ကို သွားဖို့ တိုက်တွန်းခဲ့တယ်လို့ အဒီဘာယောက ဖွင့်ဟခဲ့ပါတယ်။
ယူနိုက်တက် ကွင်းလယ် ကစးာသမား ဘရူနိုဖာနန်ဒက်စ်က သူ့ရဲ့ကစားပုံဟာ ဂန္တဝင် ကွင်းလယ်လူ ပေါလ်စခိုးနဲ့ ဆင်တူတယ်လို့ ဝန်ခံခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒိုကလဲ သူ့ရဲ့ အကြိုက်ဆုံး ကစားသမားဖြစ်တယ်လို့ ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။
စိတ်ဓာတ် ပြင်းထန်တဲ့ ဥရုဂွေးသား တိုက်စစ်မှူး ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်မှာ လူတွေ ထင်တာထက် ပိုပြီး တောက်ပလာဦးမှာ ဖြစ်ကြောင်း ၎င်းရဲ့ နိုင်ငံအသင်းဖော်လည်း ဖြစ် စပါးနဲ့ ချယ်ဆီး ကစားသမားဟောင်းလည်း ဖြစ်တဲ့ ပိုယက်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။
Zawgyi – ပြင်သစ် အသင်းနဲ့ အတူ ရှိစဉ် မိသားစုလို ခံစားရပြီး အသက်ရှုချောင်ခဲ့တယ် ဆိုတဲ့ အပြောတွေက ကလပ်အသင်း ယူနိုက်တက် အတွက်တော့ အဆင်ပြေစေမှာ မဟုတ်ဘဲ ကစားသမား တစ်ယောက်ဟာ ဘာပြောဆိုရမလဲ ဆိုတာ သေချာ စဉ်းစားသင့်ကြောင်း ဒီဘိုးက ဝေဖန်လိုက်ပါတယ်။
ယူနိုက်တက် ကွင်းလယ် ကစားသမား ဘရူနိုဖာနန်ဒက်စ်က သူ့ရဲ့ကစားပုံဟာ ဂန္တဝင် ကွင်းလယ်လူ ပေါလ်စခိုးနဲ့ ဆင်တူတယ်လို့ ဝန်ခံခဲ့ပြီး ခရစ္စတီယာနို ရော်နယ်ဒိုကလဲ သူ့ရဲ့ အကြိုက်ဆုံး ကစားသမားဖြစ်တယ်လို့ ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။
စိတ်ဓာတ် ပြင်းထန်တဲ့ ဥရုဂွေးသား တိုက်စစ်မှူး ကာဗာနီဟာ မန်ချက်စတာ ယူနိုက်တက်မှာ လူတွေ ထင်တာထက် ပိုပြီး တောက်ပလာဦးမှာ ဖြစ်ကြောင်း ၄င်းရဲ့ နိုင်ငံအသင်းဖော်လည်း ဖြစ် စပါးနဲ့ ချယ်ဆီး ကစားသမားဟောင်းလည်း ဖြစ်တဲ့ ပိုယက်က ထောက်ခံ ပြောဆိုလိုက်ပါတယ်။