ကီပါဟာ ချယ်ဆီးမှာ သူ့အပေါ် သံသယရှိနေသူတွေ မှားယွင်းကြောင်း သက်သေပြနိုင်စွမ်းရှိတယ်လို့ ဘုန်းမောက် ဂိုးသမား ဘီဂိုဗစ်က ယုံကြည်နေပြီး သူက ဘယ်နေရာမှာမဆို အောင်မြင်မှုရလိမ့်မယ်လို့ပြောဆိုခဲ့ပါတယ်။
ဘင်ချီဝဲဟာ အင်္ဂလန်အတွက် ကစားပေးရင်း နောက်ကျော ဒဏ်ရာရခဲ့တဲ့နောက် ချယ်ဆီးအနေနဲ့ နယူးကာဆယ်နဲ့ပွဲမှာ သူ မပါဘဲ ကစားရဖို့ ရှိနေသလို ပရိသတ်တွေကတော့ သူ့နေရာမှာ အက်ဇ်ပီလီကွီတာကို အစားထိုးစေချင်နေပါတယ်။
ဂျီရူးအနေနဲ့ နောက်နှစ် ယူရိုပြိုင်ပွဲမှာပါဝင်ချင်ရင် ပုံမှန်ကစားချိန်ပိုရအောင်လုပ်ဖို့ ပြင်သစ်နည်းပြ ဒက်ချမ့်က တိုက်တွန်းခဲ့ပြီး လုံလောက်တဲ့ ခြေစွမ်းပြသနိုင်မှုမရှိရင် မာရှယ်ကိုပဲ ဆက်ရွေးချယ်ရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
သီယာဂိုဆေးဗား အပါအဝင် ခံစစ်ပုံစံအသစ်ကြောင့် ချယ်ဆီးမှာ ကစားခွင့်မရတော့တဲ့ ရူဒီဂါဟာ ပြီးခဲ့တဲ့နွေရာသီမှာ အသင်းကနေ မထွက်ခွာနိုင်ခဲ့ပေမယ့် ဇန်နဝါရီမှာ ထပ်မံကြိုးစားဖို့ အသင့်ဖြစ်နေပြီး ဘာကာထံပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။
ကော်နာဂယ်လာဂါဟာ အခု ဝက်စ်ဘရွန်းမှာ အငှားကစားနေပြီး သူ့ရဲ့ ခြေစွမ်းပြသမှုတွေကြောင့် လိဒ်၊ နယူးကာဆယ်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ကို သူ့ကို မျက်စိကျနေပြီး ခေါ်ယူနိုင်ဖို့အတွက် ချယ်ဆီးထံစုံစမ်းမှုတွေ လုပ်လာနေပါတယ်။
ဆွမ်ဆီးမှာအငှားကစားနေတဲ့ ချယ်ဆီးလူငယ်ကစားသမား ဂူဟီဟာ ဒီနေ့ အယ်ဘေးနီးယားနဲ့ပွဲမှာ အင်္ဂလန် ယူ၂၁ အတွက် ပါဝင်ရဖို့ ရှိခဲ့ပေမယ့် အသေးစား ဒဏ်ရာပြဿနာကို မကြီးမားစေဖို့အတွက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။
နာပိုလီဟာ ချယ်ဆီး နောက်ခံလူ အီမာဆန်ကို ခေါ်ယူဖို့ အလိုရှိနေပြီး ကစားသမားကလဲ စီးရီးအေထံ ပြန်ချင်နေသလို ချယ်ဆီးဟာ သူ့ကို ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေပြီး အငှားပြောင်းရွှေ့ကြေး မပါပဲ ဇန်နဝါရီမှာ အသင်းပြောင်းစေမှာ ဖြစ်ပါတယ်။
နွေရာသီ လူသစ်တွေ ဝယ်ယူပြီးနောက် ပရီးမီးယားလိဂ်မှာ ပုံစံကောင်းရရှိနေပြီဖြစ်တဲ့ ချယ်ဆီးဟာ ဖလားစိန်ခေါ်နိုင်ဖို့ ပြင်ဆင်နေသလို ဒီရာသီမှာ ထိပ်ဆုံးနေရာကို ရောက်ဖို့ ရည်မှန်းထားကြောင်း ကွင်းလယ်လူ ကန်တေက ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
Zawgyi – ကီပါဟာ ခ်ယ္ဆီးမွာ သူ႔အေပၚ သံသယရွိေနသူေတြ မွားယြင္းေၾကာင္း သက္ေသျပႏိုင္စြမ္းရွိတယ္လို႔ ဘုန္းေမာက္ ဂိုးသမား ဘီဂိုဗစ္က ယုံၾကည္ေနၿပီး သူက ဘယ္ေနရာမွာမဆို ေအာင္ျမင္မႈရလိမ့္မယ္လို႔ေျပာဆိုခဲ့ပါတယ္။
ဘင္ခ်ီဝဲဟာ အဂၤလန္အတြက္ ကစားေပးရင္း ေနာက္ေက်ာ ဒဏ္ရာရခဲ့တဲ့ေနာက္ ခ်ယ္ဆီးအေနနဲ႔ နယူးကာဆယ္နဲ႔ပြဲမွာ သူ မပါဘဲ ကစားရဖို႔ ရွိေနသလို ပရိသတ္ေတြကေတာ့ သူ႔ေနရာမွာ အက္ဇ္ပီလီကြီတာကို အစားထိုးေစခ်င္ေနပါတယ္။
ဂ်ီ႐ူးအေနနဲ႔ ေနာက္ႏွစ္ ယူ႐ိုၿပိဳင္ပြဲမွာပါဝင္ခ်င္ရင္ ပုံမွန္ကစားခ်ိန္ပိုရေအာင္လုပ္ဖို႔ ျပင္သစ္နည္းျပ ဒက္ခ်မ့္က တိုက္တြန္းခဲ့ၿပီး လုံေလာက္တဲ့ ေျခစြမ္းျပသႏိုင္မႈမရွိရင္ မာရွယ္ကိုပဲ ဆက္ေ႐ြးခ်ယ္ရလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
သီယာဂိုေဆးဗား အပါအဝင္ ခံစစ္ပုံစံအသစ္ေၾကာင့္ ခ်ယ္ဆီးမွာ ကစားခြင့္မရေတာ့တဲ့ ႐ူဒီဂါဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ အသင္းကေန မထြက္ခြာႏိုင္ခဲ့ေပမယ့္ ဇန္နဝါရီမွာ ထပ္မံႀကိဳးစားဖို႔ အသင့္ျဖစ္ေနၿပီး ဘာကာထံေျပာင္းေ႐ႊ႕ဖို႔ စိတ္အားထက္သန္ေနပါတယ္။
ေကာ္နာဂယ္လာဂါဟာ အခု ဝက္စ္ဘ႐ြန္းမွာ အငွားကစားေနၿပီး သူ႔ရဲ႕ ေျခစြမ္းျပသမႈေတြေၾကာင့္ လိဒ္၊ နယူးကာဆယ္နဲ႔ ခရစၥတယ္ပဲေလ့စ္တို႔ကို သူ႔ကို မ်က္စိက်ေနၿပီး ေခၚယူႏိုင္ဖို႔အတြက္ ခ်ယ္ဆီးထံစုံစမ္းမႈေတြ လုပ္လာေနပါတယ္။
ဆြမ္ဆီးမွာအငွားကစားေနတဲ့ ခ်ယ္ဆီးလူငယ္ကစားသမား ဂူဟီဟာ ဒီေန႔ အယ္ေဘးနီးယားနဲ႔ပြဲမွာ အဂၤလန္ ယူ၂၁ အတြက္ ပါဝင္ရဖို႔ ရွိခဲ့ေပမယ့္ အေသးစား ဒဏ္ရာျပႆနာကို မႀကီးမားေစဖို႔အတြက္ အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရပါတယ္။
နာပိုလီဟာ ခ်ယ္ဆီး ေနာက္ခံလူ အီမာဆန္ကို ေခၚယူဖို႔ အလိုရွိေနၿပီး ကစားသမားကလဲ စီးရီးေအထံ ျပန္ခ်င္ေနသလို ခ်ယ္ဆီးဟာ သူ႔ကို ထြက္ခြာခြင့္ေပးဖို႔ ဆႏၵရွိေနၿပီး အငွားေျပာင္းေ႐ႊ႕ေၾကး မပါပဲ ဇန္နဝါရီမွာ အသင္းေျပာင္းေစမွာ ျဖစ္ပါတယ္။
ေႏြရာသီ လူသစ္ေတြ ဝယ္ယူၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ပုံစံေကာင္းရရွိေနၿပီျဖစ္တဲ့ ခ်ယ္ဆီးဟာ ဖလားစိန္ေခၚႏိုင္ဖို႔ ျပင္ဆင္ေနသလို ဒီရာသီမွာ ထိပ္ဆုံးေနရာကို ေရာက္ဖို႔ ရည္မွန္းထားေၾကာင္း ကြင္းလယ္လူ ကန္ေတက ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။