ဗုဒ္ဓဟူးနေ့ နောက်ဆုံးရ လီဗာပူးအသင်း ထူးခြားသတင်းတိုများ

UNICODE – လေ့ကျင့်ရေးတွေ မစတင်ခင် ကိုရိုနာဗိုင်းရပ် စစ်ဆေးမှုမှာ ပရီးမီးယားလိဂ်အတွင်း ဗိုင်းရပ် ကူးစက်ခံရသူသစ် ၆ ဦး ပေါ်ထွက်လာပါတယ်။ သူတို့အားလုံးကို self-isolate ၇ ရက် လုပ်ထားမှာ ဖြစ်ပါတယ်။

လီဗာပူးက ဗုဒ္ဓဟူးနေ့မှ လေ့ကျင့်ရေး စဝင်တဲ့ ပရီးမီးယားလိဂ် ၇ သင်းစာရင်းမှာ ပါဝင်ခဲ့ပြီး မဲဝုဒ်က လေ့ကျင့်ရေးကွင်းမှာ သီခြားအစီအစဉ်တွေဖြင့်လည်ကောင်း၊ ၅ ဦးတစ်ဖွဲ့ လေ့ကျင့်ရေးတွေဖြင့်လည်ကောင်း လေ့ကျင့်မှုတွေကို စတင်ခဲ့ကြပါတယ်။

မဲဝုဒ်ကို ပြန်ရောက်လာကြတဲ့ အသင်းသားတွေက မဲဝုဒ် အဆောက်အဦးထဲ ဝင်ခွင့်ရမှာ မဟုတ်ဘဲ လေ့ကျင့်ရေးကွင်းထဲက သက်မှတ်နေရာတွေအပြင် ကွင်းထဲမှာ လေ့ကျင့်ရေး ဆင်းကြပါလိမ့်မယ်။

မန်နေဂျာ ယာဂင်ကလော့ပ်က လေ့ကျင့်ရေး ပြန်ဝင်ပြီး အသင်းသားတွေနဲ့ ထိတွေ့မှုရှိခွင့် ပြန်ရခြင်းအတွက် အရမ်းကို ပျော်ရွှင်နေပါတယ်လို့ ဝန်ခံပြောဆိုလိုက်ပါတယ်။

ရိန်းဂျားအသင်းဟာ ဒီရာသီ သူတို့အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာမယ့် ကစားသမားများ စာရင်းမှာ လီဗာပူးကြယ်ပွင့်ဟောင်းတွေဖြစ်တဲ့ ဂျွန်ဖလာနာဂန်နဲ့ ဂျော်ဒန် ရိုစစ်စတာတို့ကိုပါ ထည့်သွင်းသွားခဲ့ပါတယ်။

လီဗာပူး ကစားသမားဟောင်းကြီး ဂျန်မိုဘိုင်းက အသင်းဟောင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူတဲ့အခါ လေဗာကူဆင်မှ ကိုင်းဟာဗက်အား ခေါ်ယူမှုလုပ်ဖို့ တောင်းဆိုသွားပါတယ်။

ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းမှ တိုက်စစ်သမား Gustavo Maia ရဲ့ အေးဂျင့်ဖြစ်သူ Nilson Moura က လီဗာပူးဟာ သူ့ကစားသမားကို စိတ်ဝင်စားနေတယ်လို့ ထုတ်ပြောလိုက်ပါတယ်။

မဲဝုဒ်ကို ရောက်လာတဲ့ ဝိုက်နယ်ဒမ်ကတော့ “ ရှေ့ဆက်ဖို့ တကယ်ကို စိတ်လှုပ်ရှားနေတယ်ဗျာ။ ခင်ဗျားတို့လည်း သိပါတယ်။ ကျနေ်ာတို့အားလုံး ဘောလုံးကို ချစ်ကြပါတယ်။ အားလုံး ဘောလုံး ကစားလိုကြတယ်။ ကျနေ်ာတို့ တတ်နိုင်သလောက် ဘောလုံး ကစားလိုတယ်ဗျာ။ ” လို့ ဝန်ခံသွားပါတယ်။

UEFA ဥက္ကဌ ဆီဖာရင်က ဘောလုံးပွဲတွေကို ပရိသတ်တွေနဲ့အတူ ပြန်ကစားရမယ့် အချိန်ကာလဟာ မကြာခင်မှာပဲ ရောက်လာပါလိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ချန်ပီယံလိဂ်က ၁၆ သင်းအဆင့် လက်ကျန် ရံှူးထွက်ပွဲတွေကို သြဂုတ်လရဲ့ ဒုတိအပတ် အစမှာ ပြန်စတင်ပြီး ကစားဖို့ ယာယီ သက်မှတ်ထားပါတယ်။ အတည်ပြု ရက်စွဲကတော့ နောက်အပတ်ထဲမှာ သေချာ ဆုံးဖြတ်မှာပါ။

ZAWGYI – ေလ့က်င့္ေရးေတြ မစတင္ခင္ ကို႐ိုနာဗိုင္းရပ္ စစ္ေဆးမႈမွာ ပရီးမီးယားလိဂ္အတြင္း ဗိုင္းရပ္ ကူးစက္ခံရသူသစ္ ၆ ဦး ေပၚထြက္လာပါတယ္။ သူတို႔အားလုံးကို self-isolate ၇ ရက္ လုပ္ထားမွာ ျဖစ္ပါတယ္။

လီဗာပူးက ဗုဒၶဟူးေန႔မွ ေလ့က်င့္ေရး စဝင္တဲ့ ပရီးမီးယားလိဂ္ ၇ သင္းစာရင္းမွာ ပါဝင္ခဲ့ျပီး မဲဝုဒ္က ေလ့က်င့္ေရးကြင္းမွာ သီျခားအစီအစဥ္ေတြျဖင့္လည္ေကာင္း၊ ၅ ဦးတစ္ဖြဲ႔ ေလ့က်င့္ေရးေတြျဖင့္လည္ေကာင္း ေလ့က်င့္မႈေတြကို စတင္ခဲ့ၾကပါတယ္။

မဲဝုဒ္ကို ျပန္ေရာက္လာၾကတဲ့ အသင္းသားေတြက မဲဝုဒ္ အေဆာက္အဦးထဲ ဝင္ခြင့္ရမွာ မဟုတ္ဘဲ ေလ့က်င့္ေရးကြင္းထဲက သက္မွတ္ေနရာေတြအျပင္ ကြင္းထဲမွာ ေလ့က်င့္ေရး ဆင္းၾကပါလိမ့္မယ္။

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ေလ့က်င့္ေရး ျပန္ဝင္ျပီး အသင္းသားေတြနဲ႔ ထိေတြ႔မႈရွိခြင့္ ျပန္ရျခင္းအတြက္ အရမ္းကို ေပ်ာ္ရႊင္ေနပါတယ္လုိ႔ ဝန္ခံေျပာဆိုလိုက္ပါတယ္။

ရိန္းဂ်ားအသင္းဟာ ဒီရာသီ သူတို႔အသင္းကေန အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာမယ့္ ကစားသမားမ်ား စာရင္းမွာ လီဗာပူးၾကယ္ပြင့္ေဟာင္းေတြျဖစ္တဲ့ ဂၽြန္ဖလာနာဂန္နဲ႔ ေဂ်ာ္ဒန္ ရိုစစ္စတာတို႔ကိုပါ ထည့္သြင္းသြားခဲ့ပါတယ္။

လီဗာပူး ကစားသမားေဟာင္းၾကီး ဂ်န္မိုဘိုင္းက အသင္းေဟာင္းအေနနဲ႔ ကစားသမားသစ္ေတြ ေခၚယူတဲ့အခါ ေလဗာကူဆင္မွ ကိုင္းဟာဗက္အား ေခၚယူမႈလုပ္ဖို႔ ေတာင္းဆိုသြားပါတယ္။

ဘရာဇီးကလပ္ ေဆာ္ေပၚလိုအသင္းမွ တုိက္စစ္သမား Gustavo Maia ရဲ႕ ေအးဂ်င့္ျဖစ္သူ Nilson Moura က လီဗာပူးဟာ သူ႔ကစားသမားကို စိတ္ဝင္စားေနတယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။

မဲဝုဒ္ကို ေရာက္လာတဲ့ ဝိုက္နယ္ဒမ္ကေတာ့ “ ေရွ႔ဆက္ဖို႔ တကယ္ကို စိတ္လႈပ္ရွားေနတယ္ဗ်ာ။ ခင္ဗ်ားတို႔လည္း သိပါတယ္။ က်ေန္ာတို႔အားလံုး ေဘာလံုးကို ခ်စ္ၾကပါတယ္။ အားလံုး ေဘာလံုး ကစားလိုၾကတယ္။ က်ေန္ာတို႔ တတ္ႏုိင္သေလာက္ ေဘာလံုး ကစားလိုတယ္ဗ်ာ။ ” လို႔ ဝန္ခံသြားပါတယ္။

UEFA ဥကၠဌ ဆီဖာရင္က ေဘာလံုးပြဲေတြကို ပရိသတ္ေတြနဲ႔႔အတူ ျပန္ကစားရမယ့္ အခ်ိန္ကာလဟာ မၾကာခင္မွာပဲ ေရာက္လာပါလိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ခ်န္ပီယံလိဂ္က ၁၆ သင္းအဆင့္ လက္က်န္ ရံွဴးထြက္ပြဲေတြကို ၾသဂုတ္လရဲ႕ ဒုတိအပတ္ အစမွာ ျပန္စတင္ျပီး ကစားဖို႔ ယာယီ သက္မွတ္ထားပါတယ္။ အတည္ျပဳ ရက္စြဲကေတာ့ ေနာက္အပတ္ထဲမွာ ေသခ်ာ ဆုံးျဖတ္မွာပါ။