ယနေ့ နံနက်ခင်း နောက်ဆုံးရ အာဆင်နယ် အသင်း သတင်းတိုများ (17/11/20)

အာဆင်နယ်ဟာ စိန်ခေါ်မှုတွေနဲ့ သုံးလေးလ ကာလကို ကျော်လွန်ပြီးနောက် အောင်မြင်မှုရဖို့ အဝေးကြီးလိုသေးတယ်လို့ အာတီတာက ဝန်ခံခဲ့ပြီး ဝေဖန်မှုတွေ ရှိနေပေမယ့် အချိန်ယူရမယ့် ဒီစီမံကိန်း အပေါ် ယုံကြည်မှုထားဖို့ တိုက်တွန်းခဲ့ပါတယ်။

အာဆင်နယ်နဲ့ အီဂျစ်ကွင်းလယ်လူ မိုဟာမက် အယ်နီနီဟာ ကိုဗစ်ရောဂါပိုး ပေါ့စတစ်ဖြစ်ခဲ့တဲ့နောက် ကိုင်ရိုကို ပြန်လာခဲ့ပြီး အဲ့ဒီ့မှာ ထပ်မံဆေးစစ်ရမှာ ဖြစ်ပေမယ့် လိဒ်၊ မိုလ်ဒီတို့နဲ့ တွေ့ရမယ့် အာဆင်နယ် ပွဲတွေကို လွဲချော်ရဖို့ ရှိနေပါတယ်။

တီရာနေးဟာ စကော့တလန် နိုင်ငံအသင်းအတွက် မိနစ် ၉၀အပြည့် ကစားပေးခဲ့ပြီး ဆလိုဗက်ကီးယားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် သူတို့ဟာ နေးရှင်းလိဂ် အုပ်စုထဲမှာ ချက်ဇ်ကို ၁ မှတ်အသာနဲ့ ဦးဆောင်ပြီးဇယားထိပ်မှာရှိနေဆဲပါ။

အူဘာမီးယန်းဟာ ဂမ်ဘီယာနဲ့ ခြေစစ်ပွဲကစားဖို့ ဂါဘွန်အသင်းနဲ့အတူ သွားရောက်ခဲ့ပေမယ့် မနေ့က လေယာဉ်ကွင်းထဲမှာပဲ အိပ်ခဲ့ရတဲ့အတွက် စိတ်ပျက်နေပြီး ဆာ့ဂ်ျအူရီယာရဲ့ ထောက်ခံ အားပေးမှုကြောင့် ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဟာသာဘာလင်ဟာ အာဆင်နယ် အငှားကစားသမား ဂွမ်ဒူဇီကို အပြီးသတ်ဝယ်ယူဖို့နဲ့ ပတ်သက်လို့ အခုထိ တိတိကျကျ မပြောနိုင်သေးတာဖြစ်ပြီး ကွင်းလယ်လူရဲ့ခြေစွမ်းကို သဘောကျနေပေမယ့် နောက်နွေရာသီမှ အဖြေသိရမှာပါလို့ ပြောဆိုခဲ့ပါတယ်။

အီမီလီယာနို မာတီနက်ဇ်ကို ထွက်ခွာခွင့်ပေးခဲ့တဲ့နောက် အာဆင်နယ်မှာ ဂိုးသမားနေရာအတွက် ရွေးချယ်စရာနည်းပါသွားခဲ့တာဖြစ်ပြီး ရူနာဆန်ကို မခေါ်ခင် သူ့ကို ဆက်သွယ်ခဲ့ကြောင်း လီဗန်တေးဂိုးသမား အီတာ ဖာနန်ဒက်စ်က ဆိုပါတယ်။

ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ ဘင်ချီဝဲနဲ့လူစားလဲခဲ့တဲ့ ဘူကာယိုဆာကာဟာ ဘောလုံးပေးပို့မှု ၉၄% အောင်မြင်ခဲ့ပြီး၊ ဘောလုံးယှဉ်လုတဲ့ ၄ ကြိမ်မှာ ၃ကြိမ်ရခဲ့ကာ ရှင်းထုတ်မှု ၁ကြိမ်၊ ကြားဖြတ်ယူမှု ၂ကြိမ်လုပ်ပြနိုင်ခဲ့ပြီး နည်းပြဆောက်ဂိတ်ရဲ့ ချီးကျူးမှုကို ရခဲ့ပါတယ်။

မူစတာဖီဟာ အာဆင်နယ်အသင်းမှာ နေရာပျောက်နေခဲ့ပြီး ဒီရာသီ လိဂ်၂ပွဲသာ ကစားခဲ့ရသေးတာဖြစ်သလို ဘာစီလိုနာက သူ့ကို ခေါ်ယူဖို့ စဉ်းစားနေတဲ့အပြင် ဗလင်စီယာကလဲ သူ့ကို ပြန်ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။

Zawgyi – အာဆင္နယ္ဟာ စိန္ေခၚမႈေတြနဲ႔ သုံးေလးလ ကာလကို ေက်ာ္လြန္ၿပီးေနာက္ ေအာင္ျမင္မႈရဖို႔ အေဝးႀကီးလိုေသးတယ္လို႔ အာတီတာက ဝန္ခံခဲ့ၿပီး ေဝဖန္မႈေတြ ရွိေနေပမယ့္ အခ်ိန္ယူရမယ့္ ဒီစီမံကိန္း အေပၚ ယုံၾကည္မႈထားဖို႔ တိုက္တြန္းခဲ့ပါတယ္။

အာဆင္နယ္နဲ႔ အီဂ်စ္ကြင္းလယ္လူ မိုဟာမက္ အယ္နီနီဟာ ကိုဗစ္ေရာဂါပိုး ေပါ့စတစ္ျဖစ္ခဲ့တဲ့ေနာက္ ကိုင္႐ိုကို ျပန္လာခဲ့ၿပီး အဲ့ဒီ့မွာ ထပ္မံေဆးစစ္ရမွာ ျဖစ္ေပမယ့္ လိဒ္၊ မိုလ္ဒီတို႔နဲ႔ ေတြ႕ရမယ့္ အာဆင္နယ္ ပြဲေတြကို လြဲေခ်ာ္ရဖို႔ ရွိေနပါတယ္။

တီရာေနးဟာ စေကာ့တလန္ ႏိုင္ငံအသင္းအတြက္ မိနစ္ ၉၀အျပည့္ ကစားေပးခဲ့ၿပီး ဆလိုဗက္ကီးယားကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ သူတို႔ဟာ ေနးရွင္းလိဂ္ အုပ္စုထဲမွာ ခ်က္ဇ္ကို ၁ မွတ္အသာနဲ႔ ဦးေဆာင္ၿပီးဇယားထိပ္မွာရွိေနဆဲပါ။

အူဘာမီးယန္းဟာ ဂမ္ဘီယာနဲ႔ ေျခစစ္ပြဲကစားဖို႔ ဂါဘြန္အသင္းနဲ႔အတူ သြားေရာက္ခဲ့ေပမယ့္ မေန႔က ေလယာဥ္ကြင္းထဲမွာပဲ အိပ္ခဲ့ရတဲ့အတြက္ စိတ္ပ်က္ေနၿပီး ဆာ့ဂ္်အူရီယာရဲ႕ ေထာက္ခံ အားေပးမႈေၾကာင့္ ေက်းဇူးတင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ဟာသာဘာလင္ဟာ အာဆင္နယ္ အငွားကစားသမား ဂြမ္ဒူဇီကို အၿပီးသတ္ဝယ္ယူဖို႔နဲ႔ ပတ္သက္လို႔ အခုထိ တိတိက်က် မေျပာႏိုင္ေသးတာျဖစ္ၿပီး ကြင္းလယ္လူရဲ႕ေျခစြမ္းကို သေဘာက်ေနေပမယ့္ ေနာက္ေႏြရာသီမွ အေျဖသိရမွာပါလို႔ ေျပာဆိုခဲ့ပါတယ္။

အီမီလီယာႏို မာတီနက္ဇ္ကို ထြက္ခြာခြင့္ေပးခဲ့တဲ့ေနာက္ အာဆင္နယ္မွာ ဂိုးသမားေနရာအတြက္ ေ႐ြးခ်ယ္စရာနည္းပါသြားခဲ့တာျဖစ္ၿပီး ႐ူနာဆန္ကို မေခၚခင္ သူ႔ကို ဆက္သြယ္ခဲ့ေၾကာင္း လီဗန္ေတးဂိုးသမား အီတာ ဖာနန္ဒက္စ္က ဆိုပါတယ္။

ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ ဘင္ခ်ီဝဲနဲ႔လူစားလဲခဲ့တဲ့ ဘူကာယိုဆာကာဟာ ေဘာလုံးေပးပို႔မႈ ၉၄% ေအာင္ျမင္ခဲ့ၿပီး၊ ေဘာလုံးယွဥ္လုတဲ့ ၄ ႀကိမ္မွာ ၃ႀကိမ္ရခဲ့ကာ ရွင္းထုတ္မႈ ၁ႀကိမ္၊ ၾကားျဖတ္ယူမႈ ၂ႀကိမ္လုပ္ျပႏိုင္ခဲ့ၿပီး နည္းျပေဆာက္ဂိတ္ရဲ႕ ခ်ီးက်ဴးမႈကို ရခဲ့ပါတယ္။

မူစတာဖီဟာ အာဆင္နယ္အသင္းမွာ ေနရာေပ်ာက္ေနခဲ့ၿပီး ဒီရာသီ လိဂ္၂ပြဲသာ ကစားခဲ့ရေသးတာျဖစ္သလို ဘာစီလိုနာက သူ႔ကို ေခၚယူဖို႔ စဥ္းစားေနတဲ့အျပင္ ဗလင္စီယာကလဲ သူ႔ကို ျပန္ေခၚယူလိုေနတယ္လို႔ သိရပါတယ္။