ယူနိုက်တက် နည်းပြ ဆိုးရှားဟာ အသင်းမှာ မသုံးဖြစ်တော့တဲ့ ကစားသမားတွေ ဖြစ်တဲ့ ရိုမဲရိုး၊ ရိုဂျိုနဲ့ ဖီးလ်ဂျုံးစ် တို့ကို လာမယ့် ဇန်နဝါရီမှာ ရောင်းချဖို့ စီစဉ်နေပြီး ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားတော့မှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှ ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ဟာ ဘာစီလိုနာ တိုက်စစ်သမား ဒမ်ဘီလီကို ခေါ်ဖို့ အပြိုင် ရှိနေကြကြောင်း စပိန် သတင်းတွေက ဖော်ပြထားပါတယ်။ ဒမ်ဘီလီရဲ့ လက်ရှိ တန်ကြေးက ၂၀၁၇ ဘာစီလိုနာ သုံးခဲ့တဲ့ ယူရို ၁၀၅ သန်းထက်တော့ လျော့နည်းနေပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး နှစ်ဦး ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်နဲ့ မာရှယ်တို့ဟာ ဒဏ်ရာ ကိုယ်စီ ရှိနေတာကြောင့် နိုင်ငံတကာ သီတင်းပတ် အပြီး ဝက်စ်ဘရွန်းနဲ့ ကန်ရမယ့် ပွဲမှာ ကာဗာနီကို ပွဲထုတ်လာဖွယ် ရှိနေပါတယ်။
ပေါ့ဘာဟာ ကလပ်မှာ သူ့ရဲ့ စွမ်းဆောင်ရည်တွေအတွက် ဝေဖန်မှုတွေ ခံခဲ့ရပေမယ့် ပြင်သစ်အသင်းဖော် ကန်တေက သူ့ကို ထောက်ခံအားပေးခဲ့ပြီး နိုင်ငံအသင်းမှာ ပေါ့ဘာနဲ့ တွဲကစားရတာက ပျော်စရာကောင်းတယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဘရာဂါမှာ အသက် ၂၁ နှစ် အရွယ် လူငယ် ကစားသမား ဒေးဗစ် ကာမို အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်း ထိ သုံးရဖွယ် ရှိတယ်လို့ The Athletic လို့ သတင်းဌာနက ဖော်ပြထားပါတယ်။
ကွင်းလယ် ကစားသမားဟောင်း ပေါစခိုးလ်က ချယ်ဆီးနဲ့ ထိပ်တိုက်တွေ့ခဲ့တဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဆာအဲလက်စ် ဖာဂူဆန် ကိုင်တွယ်နေတဲ့ ကလပ်အသင်းကို ဂရန့်ရဲ့ ချယ်ဆီးက ဘယ်လို မှ ကျော်နိုင်မှာ မဟုတ်ဘူးလို့ ကြိုတွေးမိကြောင်း ဆိုခဲ့ပါတယ်။
Zawgyi – ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ အသင္းမွာ မသံုးျဖစ္ေတာ့တဲ့ ကစားသမားေတြ ျဖစ္တဲ့ ရိုမဲရိုး၊ ရိုဂ်ိဳနဲ႕ ဖီးလ္ဂ်ံဳးစ္ တို႔ကို လာမယ့္ ဇန္န၀ါရီမွာ ေရာင္းခ်ဖို႔ စီစဥ္ေနျပီး ကမ္းလွမ္းမႈေတြကို လက္ခံ စဥ္းစားေတာ့မွာ ျဖစ္ပါတယ္။
ပရီးမီးယားလိဂ္မွ ယူနိုက္တက္နဲ႕ အာဆင္နယ္ အသင္းတို႔ဟာ ဘာစီလိုနာ တိုက္စစ္သမား ဒမ္ဘီလီကို ေခၚဖို႔ အျပိဳင္ ရိွေနၾကေၾကာင္း စပိန္ သတင္းေတြက ေဖာ္ျပထားပါတယ္။ ဒမ္ဘီလီရဲ႕ လက္ရွိ တန္ေၾကးက ၂၀၁၇ ဘာစီလိုနာ သံုးခဲ့တဲ့ ယူရို ၁၀၅ သန္းထက္ေတာ့ ေလ်ာ့နည္းေနျပီ ျဖစ္ပါတယ္။
ယူနိုက္တက္ရဲ႕ အဓိက တိုက္စစ္မွဴး နွစ္ဦး ျဖစ္တဲ့ မားကပ္ ရက္ဖို႔ဒ္နဲ႕ မာရွယ္တို႔ဟာ ဒဏ္ရာ ကိုယ္စီ ရွိေနတာေၾကာင့္ နုိင္ငံတကာ သီတင္းပတ္ အျပီး ၀က္စ္ဘရြန္းနဲ႕ ကန္ရမယ့္ ပြဲမွာ ကာဗာနီကို ပြဲထုတ္လာဖြယ္ ရွိေနပါတယ္။
ေပါ့ဘာဟာ ကလပ္မွာ သူ႔ရဲ႕ စြမ္းေဆာင္ရည္ေတြအတြက္ ေဝဖန္မႈေတြ ခံခဲ့ရေပမယ့္ ျပင္သစ္အသင္းေဖာ္ ကန္ေတက သူ႔ကို ေထာက္ခံအားေပးခဲ့ၿပီး ႏိုင္ငံအသင္းမွာ ေပါ့ဘာနဲ႔ တြဲကစားရတာက ေပ်ာ္စရာေကာင္းတယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္ဟာ ဘရာဂါမွာ အသက္ ၂၁ နွစ္ အရြယ္ လူငယ္ ကစားသမား ေဒးဗစ္ ကာမို အတြက္ ေျပာင္းေရႊ႕ေၾကး ေပါင္ ၃၆ သန္း ထိ သံုးရဖြယ္ ရွိတယ္လို႔ The Athletic လို႔ သတင္းဌာနက ေဖာ္ျပထားပါတယ္။
ကြင္းလယ္ ကစားသမားေဟာင္း ေပါစခိုးလ္က ခ်ယ္ဆီးနဲ႕ ထိပ္တိုက္ေတြ႔ခဲ့တဲ့ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ဆာအဲလက္စ္ ဖာဂူဆန္ ကိုင္တြယ္ေနတဲ့ ကလပ္အသင္းကို ဂရန္႔ရဲ႕ ခ်ယ္ဆီးက ဘယ္လို မွ ေက်ာ္နိုင္မွာ မဟုတ္ဘူးလို႔ ၾကိဳေတြးမိေၾကာင္း ဆိုခဲ့ပါတယ္။