ချယ်ဆီးနည်းပြဟောင်း ဖြစ်တဲ့ ဆာရီဟာ ဂျူဗင်တပ်ကနေ ထွက်ခွာခဲ့ရပြီးနောက် အသင်းလက်မဲ့ ဖြစ်နေပေမယ့် သူ့အနေနဲ့ ကလပ်တစ်ခုခုမှာ အလုပ်ပြန်ရရင် တပည့်ရင်း ချယ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာလဲ လန်ဒန်ကနေ ထွက်ခွာရနိုင်တယ်လို့ အေးဂျင့်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။
ဂျီရူးဟာ ဆွီဒင်ကို ၄-၂နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပြင်သစ်အသင်းအတွက် ၂ဂိုး သွင်းယူပေးခဲ့ပေမယ့် ဒါဟာ ဖင်လင်ကိုရှုံးခဲ့တဲ့ပွဲမှာ ဆိုးရွားတဲ့ခြေစွမ်းကြောင့် ဝေဖန်ခံရမှုတွေ အပေါ် လက်စားချေပြတာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
အယ်ဘေးနီးယားကို ၅ဂိုးပြတ် နိုင်ခဲ့တဲ့ပွဲမှာ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ အိုဒွိုင်းက ၁၀ပွဲကစား၊ ၉ပွဲနိုင်၊ ၁ပွဲသရေကျခဲ့တဲ့ အင်္ဂလန် ယူ၂၁အသင်းဟာ နောက်နှစ် ဥရောပ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တယ်လို့ ယုံကြည်ကြောင်း ဆိုပါတယ်။
ဆွီဒင်နဲ့ပွဲမှာ ၂ ဂိုးသွင်းနိုင်ခဲ့တဲ့ ဂျီရူးဟာ နိုင်ငံအသင်းအတွက် စုစုပေါင်း သွင်းဂိုး ၄၄ဂိုး ရှိလာခဲ့ပြီဖြစ်ပြီး ပြင်သစ်ရဲ့ ထာဝရထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ အဆင့်၁နေရာက အွန်နရီကို လိုက်မီဖို့ ၇ဂိုးသာ လိုတော့တာဖြစ်ပါတယ်။
အင်္ဂလန်ကိုရောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မနှစ်က ဖလားလက်မဲ့နဲ့ အဆုံးသတ်ခဲ့ရတဲ့ကွင်းလယ်လူကန်တေဟာ ဒီနှစ်မှာတော့ လမ်းပတ်ရဲ့ အင်အား အသစ်တွေနဲ့အတူ ဆုဖလားအောင်မြင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ချယ်ဆီးနည်းပြဟောင်း ကွန်တီက သူဟာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့တဲ့နောက် အသင်းကိုပိုတိုးတက်စေနိုင်မယ်လို့ သူယုံကြည်တဲ့ လူကာကူနဲ့ ဗန်ဒိုက်တို့ကို ခေါ်ယူနိုင်ဖို့ အတော်လေး နီးစပ်ခဲ့ပြီး နေ့တိုင်း ဆက်သွယ်မှုရှိခဲ့ကြောင်း ပြန်ပြောင်းပြောဆိုခဲ့ပါတယ်။
ချယ်ဆီးဟာ နိုင်ငံတကာသီတင်းပတ်အတွင်း အင်္ဂလန်အတွက် ပွဲဦးထွက်ခဲ့တဲ့ ဂျုဒ် ဘယ်လင်ဂမ်ကို စောင့်ကြည့်နေပြီး ပေါင်၂၅သန်းနဲ့ ဒေါ့မွန်ထံ ရောက်လာခဲ့တဲ့ ဆယ်ကျော်သက် ကစားသမားကို ပေါင် သန်း၇၀ တန် ဒီကလန်ရိုက်စ်အစား ခေါ်ယူဖို့ အလိုရှိနေတာပါ။
ကိုဗာဆစ်ရဲ့ ခရိုအေးရှားအသင်းဟာ ပေါ်တူဂီကို ၂-၃ နဲ့ရှုံးနိမ့်ခဲ့ပြီး တီမိုဗာနာ ပါဝင်ခဲ့တဲ့ ဂျာမနီက စပိန်ကို ၆ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ ဇီယက်ခ်ျကတော့ မော်ရိုကိုအတွက် နိုင်ပွဲနဲ့ အတူ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဘာဘာရာမန်ရဲ့ ဂါနာအသင်းက ဆူဒန်ကို ၁-ဝနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
Zawgyi – ခ်ယ္ဆီးနည္းျပေဟာင္း ျဖစ္တဲ့ ဆာရီဟာ ဂ်ဴဗင္တပ္ကေန ထြက္ခြာခဲ့ရၿပီးေနာက္ အသင္းလက္မဲ့ ျဖစ္ေနေပမယ့္ သူ႔အေနနဲ႔ ကလပ္တစ္ခုခုမွာ အလုပ္ျပန္ရရင္ တပည့္ရင္း ခ်ယ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာလဲ လန္ဒန္ကေန ထြက္ခြာရႏိုင္တယ္လို႔ ေအးဂ်င့္ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။
ဂ်ီ႐ူးဟာ ဆြီဒင္ကို ၄-၂နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ျပင္သစ္အသင္းအတြက္ ၂ဂိုး သြင္းယူေပးခဲ့ေပမယ့္ ဒါဟာ ဖင္လင္ကိုရႈံးခဲ့တဲ့ပြဲမွာ ဆိုး႐ြားတဲ့ေျခစြမ္းေၾကာင့္ ေဝဖန္ခံရမႈေတြ အေပၚ လက္စားေခ်ျပတာ မဟုတ္ဘူးလို႔ ေျပာဆိုခဲ့ပါတယ္။
အယ္ေဘးနီးယားကို ၅ဂိုးျပတ္ ႏိုင္ခဲ့တဲ့ပြဲမွာ အေကာင္းဆုံး ကစားသမားဆု ရခဲ့တဲ့ အိုဒြိဳင္းက ၁၀ပြဲကစား၊ ၉ပြဲႏိုင္၊ ၁ပြဲသေရက်ခဲ့တဲ့ အဂၤလန္ ယူ၂၁အသင္းဟာ ေနာက္ႏွစ္ ဥေရာပ ခ်န္ပီယံရွစ္ ၿပိဳင္ပြဲမွာ ဗိုလ္စြဲႏိုင္တယ္လို႔ ယုံၾကည္ေၾကာင္း ဆိုပါတယ္။
ဆြီဒင္နဲ႔ပြဲမွာ ၂ ဂိုးသြင္းႏိုင္ခဲ့တဲ့ ဂ်ီ႐ူးဟာ ႏိုင္ငံအသင္းအတြက္ စုစုေပါင္း သြင္းဂိုး ၄၄ဂိုး ရွိလာခဲ့ၿပီျဖစ္ၿပီး ျပင္သစ္ရဲ႕ ထာဝရထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ အဆင့္၁ေနရာက အြန္နရီကို လိုက္မီဖို႔ ၇ဂိုးသာ လိုေတာ့တာျဖစ္ပါတယ္။
အဂၤလန္ကိုေရာက္လာၿပီးေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ မႏွစ္က ဖလားလက္မဲ့နဲ႔ အဆုံးသတ္ခဲ့ရတဲ့ ကြင္းလယ္လူ ကန္ေတဟာ ဒီႏွစ္မွာေတာ့ လမ္းပတ္ရဲ႕ အင္အား အသစ္ေတြနဲ႔အတူ ဆုဖလားေအာင္ျမင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ခ်ယ္ဆီးနည္းျပေဟာင္း ကြန္တီက သူဟာ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့တဲ့ေနာက္ အသင္းကိုပိုတိုးတက္ေစႏိုင္မယ္လို႔ သူယုံၾကည္တဲ့ လူကာကူနဲ႔ ဗန္ဒိုက္တို႔ကို ေခၚယူႏိုင္ဖို႔ အေတာ္ေလး နီးစပ္ခဲ့ၿပီး ေန႔တိုင္း ဆက္သြယ္မႈရွိခဲ့ေၾကာင္း ျပန္ေျပာင္းေျပာဆိုခဲ့ပါတယ္။
ခ်ယ္ဆီးဟာ ႏိုင္ငံတကာ သီတင္းပတ္အတြင္း အဂၤလန္အတြက္ ပြဲဦးထြက္ခဲ့တဲ့ ဂ်ဳဒ္ ဘယ္လင္ဂမ္ကို ေစာင့္ၾကည့္ေနၿပီး ေပါင္၂၅သန္းနဲ႔ ေဒါ့မြန္ထံ ေရာက္လာခဲ့တဲ့ ဆယ္ေက်ာ္သက္ ကစားသမားကို ေပါင္ သန္း၇၀ တန္ ဒီကလန္႐ိုက္စ္အစား ေခၚယူဖို႔ အလိုရွိေနတာပါ။
ကိုဗာဆစ္ရဲ႕ ခ႐ိုေအးရွားအသင္းဟာ ေပၚတူဂီကို ၂-၃ နဲ႔ရႈံးနိမ့္ခဲ့ၿပီး တီမိုဗာနာ ပါဝင္ခဲ့တဲ့ ဂ်ာမနီက စပိန္ကို ၆ဂိုးျပတ္ရႈံးနိမ့္ခဲ့ကာ ဇီယက္ခ္်ကေတာ့ ေမာ္႐ိုကိုအတြက္ ႏိုင္ပြဲနဲ႔ အတူ ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဘာဘာရာမန္ရဲ႕ ဂါနာအသင္းက ဆူဒန္ကို ၁-၀နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။