ဘရာဇီးဟာ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဥရုဂွေးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် ကာဗာနီဟာ ရစ်ချာလီဆန်ရဲ့ ခြေကျင်းဝတ်ကို ထိခိုက် စေခဲ့တဲ့နောက် ကနဦး အဝါကတ် ထိထားရာကနေ VAR ပြန်ကြည့်ပြီးနောက် အနီကတ်နဲ့ ထွက်ခွာခဲ့ရပါတယ်။
ပြင်သစ်နည်းပြ ဒက်ချမ့်က ပေါ့ဘာရဲ့ အရည်အသွေးကို ချီးကျူးပြောဆိုခဲ့ပြီး နိုင်ငံတကာ သီတင်းပတ်မှာ သူ့ရဲ့ ခြေစွမ်းပြသမှုတွေကြောင့် ယူနိုက်တက်မှာ သူ့ရဲ့ ပွဲထွက်နေရာကို ပြန်လည် ရရှိနိုင်အောင် ကူညီပေးလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
ပေါလ်စခိုးနဲ့ နစ်ကီဘတ်တို့ဟာ Class of 92 မျိုးဆက်ရဲ့ အဓိက အစိတ်အပိုင်း ဖြစ်ခဲ့သလို ၂၀၀၄ မှာ ယူနိုက်တက်ကနေ အကောင်းဆုံး အသင်းဖော် ထွက်ခွာသွားတဲ့အချိန်မှာ ဝမ်းနည်းစိတ်ပျက်ခဲ့ရတယ်လို့ ပေါလ်စခိုးက ဝန်ခံခဲ့ပါတယ်။
ဖီးဂျုံးစ်၊ ရိုမဲရိုးနဲ့ မားကို့စ် ရိုဂျိုတို့ဟာ ဒီရာသီ ယူနိုက်တက်မှာ လုံးဝမကစားခဲ့ရပဲ ကလပ်အတွက် အပိုဖြစ်နေခဲ့သလို လစာကုန်ကျမှု သက်သာအောင် လာမယ့် ဇန်နဝါရီမှာ သူတို့ကို ရောင်းထုတ်ဖို့ နည်းပြ ဆိုးလ်ရှားက ခွင့်ပြုတော့မှာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်အနေနဲ့ ကွင်းပြင်ပမှာ ပရဟိတ လုပ်တာတွေထက် ကွင်းတွင်းမှာ ခြေစွမ်းပြနိုင်ဖို့ ကြိုးစားသင့်တယ်ဆိုတဲ့ ဝေဖန်မှုတွေကို အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ရှုံ့ချခဲ့ပြီး အလုပ်တစ်ခုထဲလုပ်ရမယ်လို့ ကန့်သတ်လို့ မရကြောင်း ထောက်ခံပြောဆိုခဲ့ပါတယ်။
ဘီဘာအိုဂိုးသမား အူနိုင်းဆိုင်မွန်ဟာ စပိန်အသင်းအတွက် ၃ပွဲဆက်အဖြစ် ဂျာမနီနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့သလို နံပါတ်တစ် ဂိုးသမားဟောင်း ဒီဂီယာက အရန်ခုံမှာ ထပ်မံထိုင်ခဲ့ရပြီး ကီပါကတော့ ကလပ်ရော နိုင်ငံအသင်းမှာပါ လမ်းပျောက်နေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဒမ်ဘီလီကို ပစ်မှတ်ထားနေခဲ့ပေမယ့် ဘာစီလိုနာက ၂၀၂၂ မှာ သက်တမ်းကုန်တော့မယ့် သူ့စာချုပ်ကို ကာလရှည် သက်တမ်း တိုးလိုနေပြီး ဒဏ်ရာပြဿနာရှိခဲ့တဲ့ ဖာတီရဲ့နေရာမှာ ကစားခွင့်ပေးဖို့ စီစဉ်ထားပါတယ်။
Zawgyi – ဘရာဇီးဟာ ၂၀၂၂ ကမာၻ႔ဖလား ေျခစစ္ပြဲမွာ ဥ႐ုေဂြးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့ေပမယ့္ ကာဗာနီဟာ ရစ္ခ်ာလီဆန္ရဲ႕ ေျခက်င္းဝတ္ကို ထိခိုက္ ေစခဲ့တဲ့ေနာက္ ကနဦး အဝါကတ္ ထိထားရာကေန VAR ျပန္ၾကည့္ၿပီးေနာက္ အနီကတ္နဲ႔ ထြက္ခြာခဲ့ရပါတယ္။
ျပင္သစ္နည္းျပ ဒက္ခ်မ့္က ေပါ့ဘာရဲ႕ အရည္အေသြးကို ခ်ီးက်ဴးေျပာဆိုခဲ့ၿပီး ႏိုင္ငံတကာ သီတင္းပတ္မွာ သူ႔ရဲ႕ ေျခစြမ္းျပသမႈေတြေၾကာင့္ ယူႏိုက္တက္မွာ သူ႔ရဲ႕ ပြဲထြက္ေနရာကို ျပန္လည္ ရရွိႏိုင္ေအာင္ ကူညီေပးလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။
ေပါလ္စခိုးနဲ႔ နစ္ကီဘတ္တို႔ဟာ Class of 92 မ်ိဳးဆက္ရဲ႕ အဓိက အစိတ္အပိုင္း ျဖစ္ခဲ့သလို ၂၀၀၄ မွာ ယူႏိုက္တက္ကေန အေကာင္းဆုံး အသင္းေဖာ္ ထြက္ခြာသြားတဲ့အခ်ိန္မွာ ဝမ္းနည္းစိတ္ပ်က္ခဲ့ရတယ္လို႔ ေပါလ္စခိုးက ဝန္ခံခဲ့ပါတယ္။
ဖီးဂ်ဳံးစ္၊ ႐ိုမဲ႐ိုးနဲ႔ မားကို႔စ္ ႐ိုဂ်ိဳတို႔ဟာ ဒီရာသီ ယူႏိုက္တက္မွာ လုံးဝမကစားခဲ့ရပဲ ကလပ္အတြက္ အပိုျဖစ္ေနခဲ့သလို လစာကုန္က်မႈ သက္သာေအာင္ လာမယ့္ ဇန္နဝါရီမွာ သူတို႔ကို ေရာင္းထုတ္ဖို႔ နည္းျပ ဆိုးလ္ရွားက ခြင့္ျပဳေတာ့မွာျဖစ္ပါတယ္။
ရက္ရွ္ဖို႔ဒ္အေနနဲ႔ ကြင္းျပင္ပမွာ ပရဟိတ လုပ္တာေတြထက္ ကြင္းတြင္းမွာ ေျခစြမ္းျပႏိုင္ဖို႔ ႀကိဳးစားသင့္တယ္ဆိုတဲ့ ေဝဖန္မႈေတြကို အဂၤလန္ နည္းျပ ေဆာက္ဂိတ္က ရႈံ႕ခ်ခဲ့ၿပီး အလုပ္တစ္ခုထဲလုပ္ရမယ္လို႔ ကန႔္သတ္လို႔ မရေၾကာင္း ေထာက္ခံေျပာဆိုခဲ့ပါတယ္။
ဘီဘာအိုဂိုးသမား အူႏိုင္းဆိုင္မြန္ဟာ စပိန္အသင္းအတြက္ ၃ပြဲဆက္အျဖစ္ ဂ်ာမနီနဲ႔ပြဲမွာ ပြဲထြက္ခြင့္ရခဲ့သလို နံပါတ္တစ္ ဂိုးသမားေဟာင္း ဒီဂီယာက အရန္ခုံမွာ ထပ္မံထိုင္ခဲ့ရၿပီး ကီပါကေတာ့ ကလပ္ေရာ ႏိုင္ငံအသင္းမွာပါ လမ္းေပ်ာက္ေနခဲ့တာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ဒမ္ဘီလီကို ပစ္မွတ္ထားေနခဲ့ေပမယ့္ ဘာစီလိုနာက ၂၀၂၂ မွာ သက္တမ္းကုန္ေတာ့မယ့္ သူ႔စာခ်ဳပ္ကို ကာလရွည္ သက္တမ္း တိုးလိုေနၿပီး ဒဏ္ရာျပႆနာရွိခဲ့တဲ့ ဖာတီရဲ႕ေနရာမွာ ကစားခြင့္ေပးဖို႔ စီစဥ္ထားပါတယ္။