ခွင့်တိုင်ပြီး ထရိန်နင်ပျက်ခဲ့ကြတဲ့ ချယ်ဆီး စီနီယာအသင်းသားများ

ချယ်ဆီး ကွင်းလယ် ကစားသမား ကန်တေဟာ အင်္ဂါနေ့က စစ်ဆေးမှုမှာ ရောဂါမရှိကြောင်း ရလဒ် ထွက်ခဲ့ပေမယ့် ပရီးမီးယားလိဂ် ပြန် စမယ့် အစီအစဉ်တွေကို စိတ်ချမှု မရှိတာကြောင့် ဗုဒ္ဓဟူးနေ့က အသင်း ထရိန်နင်ကိုတော့ မလာဖြစ်ဘဲ ပျက်ကွက်ခဲ့ပါတယ်။

ကန်တေရဲ့ ပျက်ကွက်မှုက နည်းပြ လမ်းပတ်ရဲ့ ခွင့်ပြုချက်နဲ့ ဖြစ်ပြီး အင်္ဂါနေ့မှာတော့ အသင်းနဲ့ အတူ ခပ်ဝေးဝေးနေတဲ့ လေ့ကျင့်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ ဒါပေမယ့် ထိုသို့ လေ့ကျင့်မှုတွေ အတွက် စိတ်မချဖြစ်နေတာကြောင့် ခွင့်တိုင်ကာ ပျက်ကွက်ခဲ့တာလို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ ပြင်သစ်သားကို အိမ်ကနေပဲ လေ့ကျင့်နေဖို့ ခွင့်ပြုထားပြီး လာရောက် လေ့ကျင့်လိုတဲ့ အသင်းသားတွေနဲ့ အတူ ပုံမှန် လေ့ကျင့်မှုများကိုတော့ အသင်း ထရိန်နင်မှာ ဆက်လက် လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ကန်တေဟာ ဒီရာသီ ဒဏ်ရာတွေနဲ့ ရုန်းကန်နေရခဲ့ရသူပါ။

ကန်တေဟာ ၂၀၁၈ မတ်လတုန်းက ကော့ဘ်ဟမ်း ထရိန်နင်မှာ အသင်းဖော်တွေ ရှေ့ လဲကျဖူးပြီး အသေးစိတ် စစ်ဆေးမှုတွေ ခံယူခဲ့ရဖူးပါတယ်။ နှလုံး အားနည်းတယ် ယူဆခဲ့ပေမယ့် ထိုစဉ်ကတော့ ကင်းရှင်းကြောင်း အဖြေ ထွက်ခဲ့ရပါတယ်။ ကန်တေရဲ့ အစ်ကို ဖြစ်သူကတော့ ကမ္ဘာ့ဖလား ၂၀၁၈ ပြိုင်ပွဲ မတိုင်ခင်လောက်မှာ နှလုံးရောဂါနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဒါကြောင့် ပြင်သစ်သားဟာ ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အစိုးရိမ်ကြီးတဲ့သူ ဖြစ်ပါတယ်။

ကန်တေ အပြင် တိုက်စစ်မှူး အေဗရာဟမ်လည်း မနေ့က ထရိန်နင်မှာ ပျက်ကွက်ခဲ့ပါတယ်။ သူကတော့ ဖခင်ဖြစ်သူ အက်စ်မာ ရောဂါကြောင့် နေမကောင်း ဖြစ်နေလို့ ပျက်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ကစားသမား ကိုယ်တိုင်ကတော့ ဘောလုံးရာသီ ပြီးဆုံးအောင် ကစားဖို့ စိတ်အား ထက်သန်မှု ရှိဆဲ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ အသင်းနဲ့ အတူ ထရိန်နင် ပြန်မလာချင်တဲ့ ကန်တေကို ခွင့်ပြုခဲ့ရသည့် နည်းတူ ပရီးမီးယားလိဂ် ကလပ်အချို့လည်း အလားတူ အခြေအနေမျိုး ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဝက်ဖို့ဒ် အသင်းခေါင်းဆောင် ထရွိုင်ဒီနေးက ထရိန်နင် ပြန်မလာချင်သေးကြောင်း ထုတ်ဖော် ပြောဆိုထားသလို ဒန်နီ ရို့စ်ကလည်း ဘောလုံးသမားတွေက အစမ်းသပ်ခံ ဖြစ်နေရတယ်လို့ပ ဝေဖန်ထားပါတယ်။

Zawgyi – ခ်ယ္ဆီး ကြင္းလယ္ ကစားသမား ကန္ေတဟာ အဂၤါေန႔က စစ္ေဆးမႈမွာ ေရာဂါမရွိေၾကာင္း ရလဒ္ ထြက္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ ျပန္ စမယ့္ အစီအစဥ္ေတြကို စိတ္ခ်မႈ မရွိတာေၾကာင့္ ဗုဒၶဟူးေန႔က အသင္း ထရိန္နင္ကိုေတာ့ မလာျဖစ္ဘဲ ပ်က္ကြက္ခဲ့ပါတယ္။

ကန္ေတရဲ႕ ပ်က္ကြက္မႈက နည္းျပ လမ္းပတ္ရဲ႕ ခြင့္ျပဳခ်က္နဲ႕ ျဖစ္ျပီး အဂၤါေန႔မွာေတာ့ အသင္းနဲ႕ အတူ ခပ္ေ၀းေ၀းေနတဲ့ ေလ့က်င့္မႈေတြ လုပ္ေဆာင္ခဲ့ပါေသးတယ္။ ဒါေပမယ့္ ထိုသို႔ ေလ့က်င့္မႈေတြ အတြက္ စိတ္မခ်ျဖစ္ေနတာေၾကာင့္ ခြင့္တိုင္ကာ ပ်က္ကြက္ခဲ့တာလို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ ျပင္သစ္သားကို အိမ္ကေနပဲ ေလ့က်င့္ေနဖို႔ ခြင့္ျပဳထားျပီး လာေရာက္ ေလ့က်င့္လိုတဲ့ အသင္းသားေတြနဲ႕ အတူ ပံုမွန္ ေလ့က်င့္မႈမ်ားကိုေတာ့ အသင္း ထရိန္နင္မွာ ဆက္လက္ လုပ္ေဆာင္မွာ ျဖစ္ပါတယ္။ ကန္ေတဟာ ဒီရာသီ ဒဏ္ရာေတြနဲ႕ ရုန္းကန္ေနရခဲ့ရသူပါ။

ကန္ေတဟာ ၂၀၁၈ မတ္လတုန္းက ေကာ့ဘ္ဟမ္း ထရိန္နင္မွာ အသင္းေဖာ္ေတြ ေရွ႕ လဲက်ဖူးျပီး အေသးစိတ္ စစ္ေဆးမႈေတြ ခံယူခဲ့ရဖူးပါတယ္။ နွလံုး အားနည္းတယ္ ယူဆခဲ့ေပမယ့္ ထိုစဥ္ကေတာ့ ကင္းရွင္းေၾကာင္း အေျဖ ထြက္ခဲ့ရပါတယ္။ ကန္ေတရဲ႕ အစ္ကို ျဖစ္သူကေတာ့ ကမၻာ့ဖလား ၂၀၁၈ ျပိဳင္ပြဲ မတိုင္ခင္ေလာက္မွာ နွလံုးေရာဂါနဲ႕ ဆံုးပါးသြားခဲ့ပါတယ္။ ဒါေၾကာင့္ ျပင္သစ္သားဟာ က်န္းမာေရးနဲ႕ ပတ္သတ္ျပီး အစိုးရိမ္ၾကီးတဲ့သူ ျဖစ္ပါတယ္။

ကန္ေတ အျပင္ တိုက္စစ္မွဴး ေအဗရာဟမ္လည္း မေန႔က ထရိန္နင္မွာ ပ်က္ကြက္ခဲ့ပါတယ္။ သူကေတာ့ ဖခင္ျဖစ္သူ အက္စ္မာ ေရာဂါေၾကာင့္ ေနမေကာင္း ျဖစ္ေနလို႔ ပ်က္ကြက္ခဲ့တာ ျဖစ္ပါတယ္။ ကစားသမား ကိုယ္တိုင္ကေတာ့ ေဘာလံုးရာသီ ျပီးဆံုးေအာင္ ကစားဖို႔ စိတ္အား ထက္သန္မႈ ရွိဆဲ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ အသင္းနဲ႕ အတူ ထရိန္နင္ ျပန္မလာခ်င္တဲ့ ကန္ေတကို ခြင့္ျပဳခဲ့ရသည့္ နည္းတူ ပရီးမီးယားလိဂ္ ကလပ္အခ်ိဳ႕လည္း အလားတူ အေျခအေနမ်ိဳး ရင္ဆိုင္ရဖို႔ ရွိေနပါတယ္။ ၀က္ဖို႔ဒ္ အသင္းေခါင္းေဆာင္ ထရြိဳင္ဒီေနးက ထရိန္နင္ ျပန္မလာခ်င္ေသးေၾကာင္း ထုတ္ေဖာ္ ေျပာဆိုထားသလို ဒန္နီ ရို႔စ္ကလည္း ေဘာလံုးသမားေတြက အစမ္းသပ္ခံ ျဖစ္ေနရတယ္လို႔ပ ေ၀ဖန္ထားပါတယ္။