ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး အသင်း သတင်းတိုများ (19/11/20)

မေဆန်မောင့်နဲ့ ဒီကလန်ရိုက်စ်တို့ဟာ အိုက်စလန်ကို ၄-ဝနဲ့နိုင်ခဲ့တဲ့ပွဲမှာ အင်္ဂလန်အတွက် ကွင်းလယ်မှာအတူပွဲထွက်ခဲ့ပြီး ဂိုးတွေသွင်းယူနိုင်ခဲ့ကြသလို ၎င်းတို့ရဲ့ တွဲဖက်မှု အလုပ်ဖြစ်ခဲ့တာက ထူးခြားတဲ့ အခိုက်အတန့် ဖြစ်ကြောင်း ရိုက်စ်က ဝန်ခံခဲ့ပါတယ်။

ချယ်ဆီး တိုက်စစ်သမား အိုဒွိုင်းက ဘိုင်ယန်မြူးနစ်ရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး ပေါင်သန်း၇၀နဲ့ ကမ်းလှမ်းမှုခံခဲ့ရပေမယ့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့သလို သူ့အနေနဲ့ ချယ်ဆီးကို အလျင်စလို စွန့်ခွာဖို့ မရှိပဲ ပုံမှန် ကစားခွင့်ရဖို့ စိတ်ရှည်ရှည်နဲ့ စောင့်မှာပါလို့ ဝန်ခံခဲ့ပါတယ်။

အင်္ဂလန်ယူ၂၁ အသင်းနဲ့ အယ်ဘေးနီးယား ပွဲမှာ ပွဲဦးထွက် ကစားသမား မူဆီယာလာရဲ့ ခြေစွမ်းကို အိုဒွိုင်းက အထင်ကြီးခဲ့ရသလို ဂျာမနီက ခေါ်မှာစိုးတာကြောင့် အင်္ဂလန် စီနီယာအသင်းကို မြန်မြန် ရောက်စေချင်တယ် လို့ ဖွင့်ဟခဲ့ပါတယ်။

ချယ်ဆီးဟာ ဒီကလန်ရိုက်စ်အတွက် ဝက်စ်ဟမ်းရဲ့ မြင့်မားတဲ့ ခေါ်ဈေးကြောင့် မခေါ်ယူနိုင်ခဲ့ပေမယ့် အင်္ဂလန်အသင်းမှာ မေဆန်မောင့်နဲ့ ရိုက်စ်ရဲ့ တွဲဖက်မှုကို ပရိသတ်တွေက မျက်စိကျနေပြီး ရိုက်စ်ကို ရအောင်ခေါ်ဖို့ တိုက်တွန်းမှုလုပ်ခဲ့ပါတယ်။

ကလပ်ရော နိုင်ငံမှာပါ နေရာပျောက်ခဲ့တဲ့ ကီပါအနေနဲ့ သူ့ကစားသမား ဘဝကို ပြန်အဖက်ဆယ်ဖို့ အသင်းပြောင်းရမှာဖြစ်ပေမယ့် ၎င်းရဲ့ ပေါင်၇၁သန်း တန်ကြေးကြောင့် အခက်အခဲဖြစ်နေသလို လစာ လျှော့ယူပြီး အငှားထွက် ကစားရနိုင်ပါတယ်။

နွေရာသီမှာ လူသစ်တွေအများကြီး ခေါ်ခဲ့တဲ့ ချယ်ဆီးဟာ အသင်းမှာ အပိုဖြစ်နေတဲ့ ကစားသမားများစွာကို ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ကီပါ၊ အီမာဆန်၊ ရူဒီဂါ၊ ဂျီရူး၊ ဂျော်ဂျင်ဟိုတို့က ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာရနိုင်ခြေ ရှိပါတယ်။

ဘင်ချီဝဲဟာ နောက်ကျော ဒဏ်ရာကြောင့် ဘယ်လ်ဂျီယမ်နဲ့ပွဲမှာ လူစားလဲခဲ့ရပြီး အိုက်စလန်နဲ့ပွဲမှာလဲ မကစားနိုင်ခဲ့ပေမယ့် အရန်ခုံ ထိုင်ခဲ့ရတာဖြစ်သလို ချယ်ဆီးထံ ပြန်ရောက်ရင်တော့ ပြန်ကစားနိုင်ဖို့ မျှော်လင့်နိုင်စရာရှိပါတယ်။

ကိုင်ဟားဗတ်က ကိုဗစ် ကူးစက်ခံထားရပြီး ပူလီဆစ်က တံကောက်ကြော ဒဏ်ရာရထားကာ သီယာဂိုဆေးဗားက ဘရာဇီးအသင်းကနေ ပြန်မလာနိုင်သေးတာကြောင့် ချယ်ဆီးနဲ့ နယူးကာဆယ်ပွဲကို ၃ယောက်လုံး လွဲချော်ရမှာ ဖြစ်ပါတယ်။

Zawgyi – ေမဆန္ေမာင့္နဲ႔ ဒီကလန္႐ိုက္စ္တို႔ဟာ အိုက္စလန္ကို ၄-၀နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အဂၤလန္အတြက္ ကြင္းလယ္မွာအတူပြဲထြက္ခဲ့ၿပီး ဂိုးေတြသြင္းယူႏိုင္ခဲ့ၾကသလို ၎တို႔ရဲ႕ တြဲဖက္မႈ အလုပ္ျဖစ္ခဲ့တာက ထူးျခားတဲ့ အခိုက္အတန္႔ ျဖစ္ေၾကာင္း ႐ိုက္စ္က ဝန္ခံခဲ့ပါတယ္။

ခ်ယ္ဆီး တိုက္စစ္သမား အိုဒြိဳင္းက ဘိုင္ယန္ျမဴးနစ္ရဲ႕ပစ္မွတ္ျဖစ္ခဲ့ၿပီး ေပါင္သန္း၇၀နဲ႔ ကမ္းလွမ္းမႈခံခဲ့ရေပမယ့္ အေျပာင္းအေ႐ႊ႕မျဖစ္ေျမာက္ခဲ့သလို သူ႔အေနနဲ႔ ခ်ယ္ဆီးကို အလ်င္စလို စြန႔္ခြာဖို႔ မရွိပဲ ပုံမွန္ ကစားခြင့္ရဖို႔ စိတ္ရွည္ရွည္နဲ႔ ေစာင့္မွာပါလို႔ ဝန္ခံခဲ့ပါတယ္။

အဂၤလန္ယူ၂၁ အသင္းနဲ႔ အယ္ေဘးနီးယား ပြဲမွာ ပြဲဦးထြက္ ကစားသမား မူဆီယာလာရဲ႕ ေျခစြမ္းကို အိုဒြိဳင္းက အထင္ႀကီးခဲ့ရသလို ဂ်ာမနီက ေခၚမွာစိုးတာေၾကာင့္ အဂၤလန္ စီနီယာအသင္းကို ျမန္ျမန္ ေရာက္ေစခ်င္တယ္ လို႔ ဖြင့္ဟခဲ့ပါတယ္။

ခ်ယ္ဆီးဟာ ဒီကလန္႐ိုက္စ္အတြက္ ဝက္စ္ဟမ္းရဲ႕ ျမင့္မားတဲ့ ေခၚေဈးေၾကာင့္ မေခၚယူႏိုင္ခဲ့ေပမယ့္ အဂၤလန္အသင္းမွာ ေမဆန္ေမာင့္နဲ႔ ႐ိုက္စ္ရဲ႕ တြဲဖက္မႈကို ပရိသတ္ေတြက မ်က္စိက်ေနၿပီး ႐ိုက္စ္ကို ရေအာင္ေခၚဖို႔ တိုက္တြန္းမႈလုပ္ခဲ့ပါတယ္။

ကလပ္ေရာ ႏိုင္ငံမွာပါ ေနရာေပ်ာက္ခဲ့တဲ့ ကီပါအေနနဲ႔ သူ႔ကစားသမား ဘဝကို ျပန္အဖက္ဆယ္ဖို႔ အသင္းေျပာင္းရမွာျဖစ္ေပမယ့္ ၎ရဲ႕ ေပါင္၇၁သန္း တန္ေၾကးေၾကာင့္ အခက္အခဲျဖစ္ေနသလို လစာ ေလွ်ာ့ယူၿပီး အငွားထြက္ ကစားရႏိုင္ပါတယ္။

ေႏြရာသီမွာ လူသစ္ေတြအမ်ားႀကီး ေခၚခဲ့တဲ့ ခ်ယ္ဆီးဟာ အသင္းမွာ အပိုျဖစ္ေနတဲ့ ကစားသမားမ်ားစြာကို ေရာင္းခ်ဖို႔ ဆုံးျဖတ္ထားၿပီး ကီပါ၊ အီမာဆန္၊ ႐ူဒီဂါ၊ ဂ်ီ႐ူး၊ ေဂ်ာ္ဂ်င္ဟိုတို႔က ဇန္နဝါရီမွာ အသင္းကေန ထြက္ခြာရႏိုင္ေျခ ရွိပါတယ္။

ဘင္ခ်ီဝဲဟာ ေနာက္ေက်ာ ဒဏ္ရာေၾကာင့္ ဘယ္လ္ဂ်ီယမ္နဲ႔ပြဲမွာ လူစားလဲခဲ့ရၿပီး အိုက္စလန္နဲ႔ပြဲမွာလဲ မကစားႏိုင္ခဲ့ေပမယ့္ အရန္ခုံ ထိုင္ခဲ့ရတာျဖစ္သလို ခ်ယ္ဆီးထံ ျပန္ေရာက္ရင္ေတာ့ ျပန္ကစားႏိုင္ဖို႔ ေမွ်ာ္လင့္ႏိုင္စရာရွိပါတယ္။

ကိုင္ဟားဗတ္က ကိုဗစ္ ကူးစက္ခံထားရၿပီး ပူလီဆစ္က တံေကာက္ေၾကာ ဒဏ္ရာရထားကာ သီယာဂိုေဆးဗားက ဘရာဇီးအသင္းကေန ျပန္မလာႏိုင္ေသးတာေၾကာင့္ ခ်ယ္ဆီးနဲ႔ နယူးကာဆယ္ပြဲကို ၃ေယာက္လုံး လြဲေခ်ာ္ရမွာ ျဖစ္ပါတယ္။