ဘရူနိုဖာနန်ဒက်စ်ဟာ အိုးလ်ထရက်ဖို့ဒ်ကို ရောက်ရှိကတည်းက ခြေစွမ်းပြနိုင်ခဲ့ပြီး ကလပ်နဲ့ ၂၀၂၅အထိ စာချုပ်ချုပ်ထားပေမယ့် ယူနိုက်တက်က တိုးတက်မှုမရှိရင် ထွက်ခွာဖို့စဉ်းစားမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ခေါ်ယူချင်နေပါတယ်။
ယူနိုက်တက် နောက်ခံလူ ဗစ်တာ လင်ဒီအော့ဖ်ဟာ မနေ့က ပြင်သစ်နဲ့ပွဲမှာ ဆက်မကစားနိုင်တာကြောင့် ဒုတိယပိုင်းကို လူစားလဲပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး နောက်ကျော ဒဏ်ရာနဲ့ ရုန်းကန်နေရတာ ဖြစ်တယ် လို့ ဆွီဒင်နည်းပြက ပြောဆိုခဲ့ပါတယ်။
ဖင်လင်ကို ၃-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ ဝေးလ်အတွက် ဒန်နီရယ်ဂျိမ်းစ်၊ ဟယ်ရီဝီလ်ဆန်နဲ့ ကီဖာမိုးတို့က ဂိုးတွေသွင်းယူခဲ့သလို ပြိုင်ပွဲမှာ ၁၀ ပွဲဆက် မရှုံးခဲ့တဲ့ ဝေးလ်အသင်းဟာ နေးရှင်းလိဂ်ရဲ့ လိဂ်A ကို တန်းတက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာ ဝက်ဖို့ဒ်နဲ့အတူ ချန်ပီယံရှစ်မှာ ကစားနေတဲ့ ယူနိုက်တက် အငှားကစားသမား ဂျိမ်းစ်ဂါနာဟာ ပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ ကလပ်မှာ ဆက်နေဖို့ ငြင်းပယ်ခဲ့ပေမယ့် ယူနိုက်တက်ကို ဘယ်အချိန် ပြန်ရမလဲ ဆိုတာ မသိဘူးလို့ ဝန်ခံခဲ့ပါတယ်။
ဆွီဒင်ကို ၄-၂ နဲ့ အနိုင် ရခဲ့ပြီးနောက် ပြင်သစ်နည်းပြ ဒက်ချမ့်က ပေါ့ဘာဟာ ထိပ်တန်းအဆင့် ကစားသမားဖြစ်တယ်လို့ ညွှန်းဆိုခဲ့ပြီး ကလပ်မှာ သူ့ကို နေရာပြန်ပေးရင် သူ ဘာလုပ်နိုင်တယ်ဆိုတာ သက်သေပြလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။
ယူနိုက်တက်မှ လင်ဒီလော့ဖ်နဲ့ မာရှယ်တို့ဟာ ၎င်းတို့ရဲ့ နိုင်ငံအသင်းတွေနဲ့ ရှိနေစဉ်မှာ နောက်ကျောဒဏ်ရာ အသီးသီး ရခဲ့ပြီး ပြင်းထန်မှု မရှိပေမယ့်လည်း ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းပွဲကို လွဲချော်နိုင်ခြေ ရှိနေပါတယ်။
Zawgyi – ဘ႐ူႏိုဖာနန္ဒက္စ္ဟာ အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္ရွိကတည္းက ေျခစြမ္းျပႏိုင္ခဲ့ၿပီး ကလပ္နဲ႔ ၂၀၂၅အထိ စာခ်ဳပ္ခ်ဳပ္ထားေပမယ့္ ယူႏိုက္တက္က တိုးတက္မႈမရွိရင္ ထြက္ခြာဖို႔စဥ္းစားမွာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္နဲ႔ ဘာစီလိုနာတို႔က ေခၚယူခ်င္ေနပါတယ္။
ယူႏိုက္တက္ ေနာက္ခံလူ ဗစ္တာ လင္ဒီေအာ့ဖ္ဟာ မေန႔က ျပင္သစ္နဲ႔ပြဲမွာ ဆက္မကစားႏိုင္တာေၾကာင့္ ဒုတိယပိုင္းကို လူစားလဲေပးဖို႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ေနာက္ေက်ာ ဒဏ္ရာနဲ႔ ႐ုန္းကန္ေနရတာ ျဖစ္တယ္ လို႔ ဆြီဒင္နည္းျပက ေျပာဆိုခဲ့ပါတယ္။
ဖင္လင္ကို ၃-၁ နဲ႔ ႏိုင္ခဲ့တဲ့ပြဲမွာ ေဝးလ္အတြက္ ဒန္နီရယ္ဂ်ိမ္းစ္၊ ဟယ္ရီဝီလ္ဆန္နဲ႔ ကီဖာမိုးတို႔က ဂိုးေတြသြင္းယူခဲ့သလို ၿပိဳင္ပြဲမွာ ၁၀ ပြဲဆက္ မရႈံးခဲ့တဲ့ ေဝးလ္အသင္းဟာ ေနးရွင္းလိဂ္ရဲ႕ လိဂ္A ကို တန္းတက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
လက္ရွိမွာ ဝက္ဖို႔ဒ္နဲ႔အတူ ခ်န္ပီယံရွစ္မွာ ကစားေနတဲ့ ယူႏိုက္တက္ အငွားကစားသမား ဂ်ိမ္းစ္ဂါနာဟာ ပုံမွန္ပြဲထြက္ခြင့္ရေနတဲ့ ကလပ္မွာ ဆက္ေနဖို႔ ျငင္းပယ္ခဲ့ေပမယ့္ ယူႏိုက္တက္ကို ဘယ္အခ်ိန္ ျပန္ရမလဲ ဆိုတာ မသိဘူးလို႔ ဝန္ခံခဲ့ပါတယ္။
ဆြီဒင္ကို ၄-၂ နဲ႔ အႏိုင္ ရခဲ့ၿပီးေနာက္ ျပင္သစ္နည္းျပ ဒက္ခ်မ့္က ေပါ့ဘာဟာ ထိပ္တန္းအဆင့္ ကစားသမားျဖစ္တယ္လို႔ ၫႊန္းဆိုခဲ့ၿပီး ကလပ္မွာ သူ႔ကို ေနရာျပန္ေပးရင္ သူ ဘာလုပ္ႏိုင္တယ္ဆိုတာ သက္ေသျပလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။
ယူနိုက္တက္မွ လင္ဒီေလာ့ဖ္နဲ႔ မာရွယ္တို႔ဟာ ၎တို႔ရဲ႕ ႏိုင္ငံအသင္းေတြနဲ႔ ရွိေနစဥ္မွာ ေနာက္ေက်ာဒဏ္ရာ အသီးသီး ရခဲ့ၿပီး ျပင္းထန္မႈ မရွိေပမယ့္လည္း ယူႏိုက္တက္နဲ႔ ဝက္စ္ဘ႐ြန္းပြဲကို လြဲေခ်ာ္ႏိုင္ေျခ ရွိေနပါတယ္။