နိုင်ငံတကာ သီတင်းပတ် ပြီးဆုံးချိန်မှာတော့ ကလပ်အသင်းတွေရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တွေ ပြန်လည် စတင်တော့မှာ ဖြစ်ပါတယ်။ ချယ်ဆီးအသင်းကတော့ ဒီတစ်ပတ်မှာ နယူးကာဆယ်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမှာပါ။ ပွဲချိန်ကတော့ နိုဝင်ဘာ ၂၁ ရက် (စနေနေ့)၊ ည ၇ နာရီ မှာ ဖြစ်ပါတယ်။
နယူးကာဆယ်နဲ့ ချယ်ဆီးအသင်းတို့ ပွဲစဉ်နဲ့ ပတ်သတ်ပြီး နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ကတော့ အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
အိုဝင်က – ” နယူးကာဆယ်က လောလောဆယ်မှာ တော်တော်ကို ခြေစွမ်း မတည်ငြိမ် ဖြစ်နေပါတယ်။ သူတို့ ဆောက်သမ်တန်နဲ့ ပွဲ ကစားတုန်းက ကျနော် ကြည့်နေပြီး သုံးသပ်ခဲ့ရတယ်။ သူတို့က ဟန်ချက်ညီအောင် ကို မကစားနိုင်သေးတာ ရှင်းရှင်းလင်း မြင်နေရတယ်။ ကောလမ် ဝီလ်ဆန် တစ်ယောက် တံကောက်ကြော ဒဏ်ရာကနေ ပြန်ကောာင်း လာနိုင်မလား တချက် ကြည့်ရမှာပါ။ သူကတော့ အခုထိ နယူးကာဆယ်အတွက် သွင်းဂိုးတွေ ရအောင် အကောင်းဆုံး စွမ်းဆောင်ပြထားနိုင်ပါတယ်။
တစ်ရာသီလုံးစာနဲ့ ကြည့်မယ် ဆိုရင်တော့ နယူးကာဆယ် အဆင်ပြေနိုင်မှာပါ။ ဒါပေမယ့် ခြေစွမ်း ငြိမ်အောင် ထိန်းမထားနိုင်တာကြောင့် အမှတ်ပေးဇယား အလယ်နားလောက် မှာပဲ ရှိမယ် ထ်င်ပါတယ်။ ကျနော် အစောပိုင်းက ချယ်ဆီး အဆင့် ၃ နဲ့ ပြီးနိုငမယ် သုံးသပ်ထားဖူးပါတယ်။ ဒါပေမယ့် ဒီနှစ် အမှတ်ပေးဇယားက ရမှတ်တွေ က နည်းသွားနိုင်ခြေ ရှိတယ်လို့တော့ ထင်နေတယ်။ ဒါကြောင့် ချယ်ဆီးက အမှတ်ပေးဖလား အတွက် ကြိုးစားနိုင်တဲ့ အသင်းတွေထဲ ပါလာမယ် ထင်ပါတယ်။
ဒီလို ဖြစ်ဖို့ ဆိုလည်း ပွဲတွေကနေ ရနိုင်သမျှ ရမှတ် အကုန် ယူဖို့ လိုပါတယ်။ တီမိုဝါနာက ခြေစွမ်းကောင်းနေတာ ဖြစ်လို့ ဒီတစ်ပတ်ပွဲမှာ သွင်းဂိုးတွေရပြီး ချယ်ဆီး နိုင်ပွဲ ယူသွားဖို့ မြင်ပါတယ်။ ” လို့ သုံးသပ် ဖော်ပြထားပါတယ်။
မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ နယူးကာဆယ် 1-2 ချယ်ဆီး ဖြစ်ပါတယ်။
Zawgyi – နုိင္ငံတကာ သီတင္းပတ္ ျပီးဆံုးခ်ိန္မွာေတာ့ ကလပ္အသင္းေတြရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြ ျပန္လည္ စတင္ေတာ့မွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းကေတာ့ ဒီတစ္ပတ္မွာ နယူးကာဆယ္နဲ႕ ေတြ႔ဆံုေနျပီး အေ၀းကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ရမွာပါ။ ပြဲခ်ိန္ကေတာ့ နို၀င္ဘာ ၂၁ ရက္ (စေနေန႔)၊ ည ၇ နာရီ မွာ ျဖစ္ပါတယ္။
နယူးကာဆယ္နဲ႕ ခ်ယ္ဆီးအသင္းတို႔ ပြဲစဥ္နဲ႕ ပတ္သတ္ျပီး နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ကေတာ့ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။
အို၀င္က – ” နယူးကာဆယ္က ေလာေလာဆယ္မွာ ေတာ္ေတာ္ကို ေျခစြမ္း မတည္ျငိမ္ ျဖစ္ေနပါတယ္။ သူတို႔ ေဆာက္သမ္တန္နဲ႕ ပြဲ ကစားတုန္းက က်ေနာ္ ၾကည့္ေနျပီး သံုးသပ္ခဲ့ရတယ္။ သူတို႔က ဟန္ခ်က္ညီေအာင္ ကို မကစားနုိင္ေသးတာ ရွင္းရွင္းလင္း ျမင္ေနရတယ္။ ေကာလမ္ ၀ီလ္ဆန္ တစ္ေယာက္ တံေကာက္ေၾကာ ဒဏ္ရာကေန ျပန္ေကာာင္း လာနိုင္မလား တခ်က္ ၾကည့္ရမွာပါ။ သူကေတာ့ အခုထိ နယူးကာဆယ္အတြက္ သြင္းဂိုးေတြ ရေအာင္ အေကာင္းဆံုး စြမ္းေဆာင္ျပထားနိုင္ပါတယ္။
တစ္ရာသီလံုးစာနဲ႕ ၾကည့္မယ္ ဆိုရင္ေတာ့ နယူးကာဆယ္ အဆင္ေျပနုိင္မွာပါ။ ဒါေပမယ့္ ေျခစြမ္း ျငိမ္ေအာင္ ထိန္းမထားနုိင္တာေၾကာင့္ အမွတ္ေပးဇယား အလယ္နားေလာက္ မွာပဲ ရွိမယ္ ထ္င္ပါတယ္။ က်ေနာ္ အေစာပိုင္းက ခ်ယ္ဆီး အဆင့္ ၃ နဲ႕ ျပီးနို္ငမယ္ သံုးသပ္ထားဖူးပါတယ္။ ဒါေပမယ့္ ဒီနွစ္ အမွတ္ေပးဇယားက ရမွတ္ေတြ က နည္းသြားနုိင္ေျခ ရွိတယ္လို႔ေတာ့ ထင္ေနတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးက အမွတ္ေပးဖလား အတြက္ ၾကိဳးစားနိုင္တဲ့ အသင္းေတြထဲ ပါလာမယ္ ထင္ပါတယ္။
ဒီလို ျဖစ္ဖို႔ ဆိုလည္း ပြဲေတြကေန ရနုိင္သမွ် ရမွတ္ အကုန္ ယူဖို႔ လိုပါတယ္။ တီမို၀ါနာက ေျခစြမ္းေကာင္းေနတာ ျဖစ္လို႔ ဒီတစ္ပတ္ပြဲမွာ သြင္းဂိုးေတြရျပီး ခ်ယ္ဆီး နုိင္ပြဲ ယူသြားဖို႔ ျမင္ပါတယ္။ ” လို႔ သံုးသပ္ ေဖာ္ျပထားပါတယ္။
မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ နယူးကာဆယ္ 1-2 ခ်ယ္ဆီး ျဖစ္ပါတယ္။